ႏွစ္ဦးေပါင္း ဒီရာသီ သြင္းဂိုး 50 ေက်ာ္သြားတဲ့ လီဗာပူး ဆယ္ေက်ာ္သက္ တုိက္စစ္မွဴး ႏွစ္ဦး

[Zawgyi] မနက္က ယွဥ္ျပိဳင္ကစားတဲ့ လီဗာပူးနဲ႔ ဘာရီတို႔ရဲ႕ ယူ-18 ကြာတားဖိုင္နယ္ပြဲမွာ လီဗာပူးလူငယ္အသင္းက 5-1 ရလဒ္နဲ႔ အႏုိင္ရျပီး ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္သြားခဲ့ျပီျဖစ္ပါတယ္။

လူငယ္စတား ေပါလ္ဂလတ္ဇယ္ အထူး ေျခစြမ္းျပခဲ့ျပီး သြင္းဂိုးႏွစ္ဂိုး သြင္းယူသလို တြဲဘက္ တိုက္စစ္မွဴး ဒြန္းကန္႔ကလည္း သြင္းဂိုးတစ္ဂိုး ရခဲ့ေသးတာပါ။ ဘလက္ဘန္းကို 7-2 နဲ႔ အႏုိုင္ရခဲ့တဲ့ လူစာရင္းကိုမွ 8 ေနရာထိ အေျပာင္းအလဲ ျပဳလုပ္ခဲ့ျပီး ေနာက္ထပ္ သြင္းဂိုးေတြကိုေတာ့ ကိန္းနဲ႔ ဝီလီယမ္တို႔က သြင္းယူပါတယ္။

လူငယ္အသင္းေခါင္းေဆာင္ျဖစ္သူ ဂလတ္ဇယ္က ဒီရာသီ ယူ-18 အသင္းအတြက္ 25 ဂိုးေျမာက္ သြင္းဂိုးကို ပြဲခ်ိန္ 15 မိနစ္မွာ ရခဲ့ျပီး ဒုတိယပိုင္းမွာ 26 ဂိုးေျမာက္ကို ရခဲ့တာပါ။ ဒြန္းကန္႔ကလည္း သူ႔ရဲ႕ ဒီရာသီ 25 ဂိုးေျမာက္ သြင္းဂိုးကို ဒုတိယပိုင္းမွာ သြင္းယူခဲ့ပါတယ္။ ဆီမီးဖိုင္နယ္မွာေတာ့ ဝုဗ္အသင္းနဲ႔ ေတြ႔ဆံုမွာျဖစ္တယ္။

Paul Glatzel

ဂလတ္ဇယ္က လူငယ္အသင္းမွာ ေတာက္ပလာေနသူပါ။ ေဖေဖာ္ဝါရီလမွာတုန္းက လီဗာပူးအသင္းဟာ အကယ္ဒမီအသင္းမွ လူငယ္တုိက္စစ္သမား ေပါလ္ ဂလတ္ဇယ္ကို ပထမဆံုး ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္ ခ်ဳပ္ဆိုႏုိင္ခဲ့ျပီ ျဖစ္ပါတယ္။ ဘာရီ လီြတက္စ္ရဲ႕ ယူ-18 အသင္းမွာ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူထားတဲ့ တိုက္စစ္သမားဟာ အသက္ 9 ႏွစ္ေအာက္ အရြယ္ကတည္းက လီဗာပူးအသင္းနဲ႔ ပူးေပါင္းခဲ့သူျဖစ္တယ္။

ဂလတ္ဇယ္ဟာ ဂ်ာမာန္သား မိဘေတြကေန လီဗာပူးမွာ ေမြးဖြားခဲ့တာပါ။ သူဟာ ဂ်ာမနီအသင္းအတြက္နဲ႔ အဂၤလန္အသင္းေတြအတြက္ လူငယ္အဆင့္ေတြမွာ ကိုယ္စားျပဳခြင့္ ရရွိထားျပီး လက္ေရြးစင္အသင္းေတာ့ မေရြးခ်ယ္ရေသးပါဘူး။

Bobby Duncan

ဒြန္ကန္႔ကေတာ့ ေႏြတုန္းကမွ ေျပာင္းလာခဲ့သူပါ။ သူဟာ စတီဗင္ဂ်ရတ္ရဲ႕ ဝမ္းကြဲညီျဖစ္ျပီး အဂၤလန္ရဲ႕ အနာဂတ္ တိုက္စစ္သမားတစ္ဦးအျဖစ္ ထင္ရွားသူျဖစ္ပါတယ္။ ဝစ္စတန္သားျဖစ္တဲ့ ဒြန္းကန္႔ဟာ စတီဗင္ဂ်ရတ္လို အမာခံ လီဗာပူးသားေတြရွိတဲ့ ဟူတန္အရပ္မွာ ၾကီးျပင္းလာသူျဖစ္တယ္။ သူ႔ကိုေတာ့ ပရီးမီးယားလိဂ္ ျပိဳင္ဘက္အသင္းျဖစ္တဲ့ မန္စီးတီးအသင္းကေန ဒီေႏြတုန္းကမွ ေပါင္ 200,000 နဲ႔ ေခၚယူခဲ့တာလည္းျဖစ္တယ္။

ဒြန္းခန္႔ဟာ သူဟာ ဂ်ရတ္လိုပဲ ဟူတြန္သားတစ္ဦး ျဖစ္ယံုမကပါဘူး ငယ္ဘဝကတည္းက လီဗာပူး အမာခံပရိသတ္တစ္ေယာက္လည္းျဖစ္တယ္။ လူငယ္တန္းေတြမွာ နာမည္ရွိတဲ့ ဒြန္းခန္႔ဟာ လက္ေရြးစင္အသင္းမွာလည္း မွတ္တမ္းေကာင္းရွိပါတယ္။

2016 ခုႏွစ္မွာ အဂၤလန္ ယူ-16 အသင္းနဲ႔ ဘရာဇီး ယူ-16 အသင္းတို႔ ထိပ္တိုက္ေတြ႔ျပီး အဂၤလန္က 4-3 နဲ႔ အႏိုင္ရခဲ့ပါတယ္။ အဲ့သည္ပြဲမွာ ဒြန္းခန္႔က ဘရာဇီးကို hat-trick သြင္းခဲ့တာပါ။ နာမည္ေက်ာ္ ေတာင္အေမရိကအသင္းကို hat-trick သြင္းႏိုင္တဲ့ ပထမဆံုးေသာ အဂၤလိပ္လူမ်ိဳးအျဖစ္လည္း မွတ္တမ္းဝင္ပါတယ္။

Sports Home Time

[Unicode] မနက်က ယှဉ်ပြိုင်ကစားတဲ့ လီဗာပူးနဲ့ ဘာရီတို့ရဲ့ ယူ-18 ကွာတားဖိုင်နယ်ပွဲမှာ လီဗာပူးလူငယ်အသင်းက 5-1 ရလဒ်နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

လူငယ်စတား ပေါလ်ဂလတ်ဇယ် အထူး ခြေစွမ်းပြခဲ့ပြီး သွင်းဂိုးနှစ်ဂိုး သွင်းယူသလို တွဲဘက် တိုက်စစ်မှူး ဒွန်းကန့်ကလည်း သွင်းဂိုးတစ်ဂိုး ရခဲ့သေးတာပါ။ ဘလက်ဘန်းကို 7-2 နဲ့ အနိုင်ရခဲ့တဲ့ လူစာရင်းကိုမှ 8 နေရာထိ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး နောက်ထပ် သွင်းဂိုးတွေကိုတော့ ကိန်းနဲ့ ဝီလီယမ်တို့က သွင်းယူပါတယ်။

လူငယ်အသင်းခေါင်းဆောင်ဖြစ်သူ ဂလတ်ဇယ်က ဒီရာသီ ယူ-18 အသင်းအတွက် 25 ဂိုးမြောက် သွင်းဂိုးကို ပွဲချိန် 15 မိနစ်မှာ ရခဲ့ပြီး ဒုတိယပိုင်းမှာ 26 ဂိုးမြောက်ကို ရခဲ့တာပါ။ ဒွန်းကန့်ကလည်း သူ့ရဲ့ ဒီရာသီ 25 ဂိုးမြောက် သွင်းဂိုးကို ဒုတိယပိုင်းမှာ သွင်းယူခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာတော့ ဝုဗ်အသင်းနဲ့ တွေ့ဆုံမှာဖြစ်တယ်။

Paul Glatzel

ဂလတ်ဇယ်က လူငယ်အသင်းမှာ တောက်ပလာနေသူပါ။ ဖေဖော်ဝါရီလမှာတုန်းက လီဗာပူးအသင်းဟာ အကယ်ဒမီအသင်းမှ လူငယ်တိုက်စစ်သမား ပေါလ် ဂလတ်ဇယ်ကို ပထမဆုံး ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဘာရီ လွီတက်စ်ရဲ့ ယူ-18 အသင်းမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့ တိုက်စစ်သမားဟာ အသက် 9 နှစ်အောက် အရွယ်ကတည်းက လီဗာပူးအသင်းနဲ့ ပူးပေါင်းခဲ့သူဖြစ်တယ်။

ဂလတ်ဇယ်ဟာ ဂျာမာန်သား မိဘတွေကနေ လီဗာပူးမှာ မွေးဖွားခဲ့တာပါ။ သူဟာ ဂျာမနီအသင်းအတွက်နဲ့ အင်္ဂလန်အသင်းတွေအတွက် လူငယ်အဆင့်တွေမှာ ကိုယ်စားပြုခွင့် ရရှိထားပြီး လက်ရွေးစင်အသင်းတော့ မရွေးချယ်ရသေးပါဘူး။

Bobby Duncan

ဒွန်ကန့်ကတော့ နွေတုန်းကမှ ပြောင်းလာခဲ့သူပါ။ သူဟာ စတီဗင်ဂျရတ်ရဲ့ ဝမ်းကွဲညီဖြစ်ပြီး အင်္ဂလန်ရဲ့ အနာဂတ် တိုက်စစ်သမားတစ်ဦးအဖြစ် ထင်ရှားသူဖြစ်ပါတယ်။ ဝစ်စတန်သားဖြစ်တဲ့ ဒွန်းကန့်ဟာ စတီဗင်ဂျရတ်လို အမာခံ လီဗာပူးသားတွေရှိတဲ့ ဟူတန်အရပ်မှာ ကြီးပြင်းလာသူဖြစ်တယ်။ သူ့ကိုတော့ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းဖြစ်တဲ့ မန်စီးတီးအသင်းကနေ ဒီနွေတုန်းကမှ ပေါင် 200,000 နဲ့ ခေါ်ယူခဲ့တာလည်းဖြစ်တယ်။

ဒွန်းခန့်ဟာ သူဟာ ဂျရတ်လိုပဲ ဟူတွန်သားတစ်ဦး ဖြစ်ယုံမကပါဘူး ငယ်ဘဝကတည်းက လီဗာပူး အမာခံပရိသတ်တစ်ယောက်လည်းဖြစ်တယ်။ လူငယ်တန်းတွေမှာ နာမည်ရှိတဲ့ ဒွန်းခန့်ဟာ လက်ရွေးစင်အသင်းမှာလည်း မှတ်တမ်းကောင်းရှိပါတယ်။

2016 ခုနှစ်မှာ အင်္ဂလန် ယူ-16 အသင်းနဲ့ ဘရာဇီး ယူ-16 အသင်းတို့ ထိပ်တိုက်တွေ့ပြီး အင်္ဂလန်က 4-3 နဲ့ အနိုင်ရခဲ့ပါတယ်။ အဲ့သည်ပွဲမှာ ဒွန်းခန့်က ဘရာဇီးကို hat-trick သွင်းခဲ့တာပါ။ နာမည်ကျော် တောင်အမေရိကအသင်းကို hat-trick သွင်းနိုင်တဲ့ ပထမဆုံးသော အင်္ဂလိပ်လူမျိုးအဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။

Sports Home Time