PSG ပြဲမွာ ဆိုးရွားရဲ႕ သူရဲေကာင္းေတြက ဘယ္လိုေကာင္းေကာင္း ၾကိဳးစားခဲ့သလဲ

[Zawgyi] ယူႏိုက္တက္ နည္းျပဘဝနဲ႔ တစ္ပြဲတည္းေသာ ပထမအေက်ာ့ ရႈံးပြဲအၿပီး ၂၂ ရက္အၾကာမွာပဲ ယူႏိုက္တက္ဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ အိမ္ကြင္းမွာ ႏွစ္ဂိုးျပတ္ ရႈံးၿပီးေနာက္ ပထမဆုံး ျပန္လာႏိုင္တဲ့ အသင္းျဖစ္လာခဲ့တယ္။

အခက္အခဲေတြ ရွိခဲ့ေပမယ့္ ယူႏိုက္တက္ဟာ မျဖစ္ႏိုင္တာေတြကို တကယ္ျဖစ္ေအာင္ လုပ္ျပခဲ့တယ္။ ျပင္သစ္ေျမမွာ ပီအက္စ္ဂ်ီ ကို ၃-၁ နဲ႔ အႏိုင္ယူကာ ႏွစ္ေက်ာ့ေပါင္း ဂိုးကြာျခားခ်က္ တူေပမယ့္ အေဝးဂိုး စည္းမ်ဥ္းအရ ကြာတားတက္ႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္ဟာ အဓိကကစားသမား ၁၀ ေယာက္မပါဝင္ပဲ လီဂူးဝမ္းမွာ ေငြသုံးၾကမ္းတဲ့ အသင္းႀကီးကို ရင္ဆိုင္ခဲ့တာပါ။ ဒါေပမယ့္ ရွိတဲ့ ကစားသမားေတြဟာ သူတို႔နည္းျပနဲ႔ အတူ လြန္ခဲ့တဲ့ ႏွစ္မ်ားစြာက ယူႏိူက္တက္ရဲ႕ စိတ္ဓာတ္ကို ေဖာ္ေဆာင္ႏိုင္ခဲ့ပါတယ္။

အခု ေဖာ္ျပမွာကေတာ့ ပီအက္ဂ်ီနဲ႔ပြဲမွာ ဆိုးရွားရဲ႕ သူရဲေကာင္းေတြရဲ႕ ဘယ္ေလာက္ေကာင္းေကာင္း ၾကိဳးစားႏုိင္ခဲ့သလဲ ဆိုတာကို စကိုင္းက အမွတ္ေပးတဲ့ စြမ္းေဆာင္ရည္ အဆင့္သတ္မွတ္ခ်က္ေတြျဖစ္ပါတယ္။

ေဒးဗစ္ဒီဂီယာ (8)

ပထမပိုင္းက ေခ်ပဂိုးၿပီးတဲ့ေနာက္ အေတာ္ေလး ေသာင္းက်န္းလာတဲ့ ပီအက္စ္ဂ်ီ တိုက္စစ္ကို ထိန္းသိမ္းခဲ့ၿပီး ဂိုးသမားကို လွည့္ၿပီး ဂိုးသြင္းဖို႔ ၾကိဳးစားခဲ့တဲ့ အမ္ဘတ္ပီရဲ႕ ကန္ခ်က္ကို ကာကြယ္ခဲ့ပါတယ္။

အဲရစ္ဘိုင္လီ (5)

ဘိုင္လီဟာ သိပ္မရင္းႏွီးတဲ့ ညာေနာက္တန္းမွာ ကစားခဲ့ရတာေၾကာင့္ ေျခစြမ္းမျပႏိုင္ပဲ ႐ုန္းကန္ေနခဲ့ရပါတယ္။ ဒါေၾကာင့္ပဲ ၃၆ မိနစ္မွာ ဆိုးရွားက သူ႔ကို ဒါးေလာ့နဲ႔ လူစားလဲခဲ့ပါတယ္။

ခရစ္စေမာလင္း (8)

တည္ၿငိမ္တဲ့ ကစားဟန္ေတြနဲ႔ ယူႏိုက္တက္ ခံစစ္ကို ထိန္းေက်ာင္းခဲ့ၿပီး အမ္ဘတ္ပီရဲ႕ လႊမ္းမိုးမႈကို ကန႔္သတ္ဖို႔ ေသခ်ာ ေစာင့္ၾကည့္ခဲ့ပါတယ္။

ဗစ္တာ လင္ဒီေလာ့ဖ္ (7)

ေနရာလြတ္ေတြကို ၾကားဝင္ဖို႔ စေမာလင္းအတြက္ အထိုင္ခ်ေပးခဲ့ၿပီး ပီအက္စ္ဂ်ီ တိုက္စစ္ကို ခုခံ ခ်ိဳးဖ်က္ႏိုင္ခဲ့တယ္။

လုခ္ေရွာ (8)

ဒန္နီအဲဗက္စ္ ကို ထိန္းခ်ဴပ္ႏိုင္ခဲ့ၿပီး လူစားဝင္ကစားသမား ေသာမတ္စ္မူနီရာရဲ႕ ၿခိမ္းေျခာက္မႈကိုလဲ ကာကြယ္ႏိုင္ခဲ့ပါတယ္။

အက္ရွ္ေလယန္း (8)

ဘိုင္လီမရွိေတာ့တဲ့အခါ ညာေနာက္တန္းကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး ပထမ နာရီဝက္အၿပီးမွာ တည္တည္ၿငိမ္ၿငိမ္နဲ႔ ယူႏိုက္တက္ ခံစစ္ကို လႊမ္းမိုးခဲ့ပါတယ္။

စေကာ့ မက္ေတာ္မီေနး (8)

ပြဲကို ရွိန္မေနပဲ မာကို ဗာရက္တီနဲ႔ ယွဥ္ကစားႏိုင္ခဲ့သလို ေနရာလပ္မထားပဲ ကြင္းလယ္မွာ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။

ဖရက္ (7)

ေဘာလုံးကို ေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး ေဘာလုံးျပန္ဆယ္ရာမွာ အသင္းေဖာ္ေတြထက္ ႏွစ္ဆ မ်ားခဲ့ပါတယ္။

ပါရဲရား (7)

အေတာ္ႀကိဳးစားခဲ့တဲ့ ကြင္းလယ္ပါပဲ။ မက္ေတာ္မီေနးနဲ႔အတူ တြဲၿပီး ခိုင္မာတဲ့ ကြင္းလယ္ကို ဖန္တီးႏိုင္ခဲ့ပါတယ္။

မားကပ္ရက္ရွ္ဖို႔ဒ္ (9)

ပြဲအစမွာ ႐ုန္းကန္ခဲ့ရေပမယ့္ အေရးအႀကီးဆုံး အခ်ိန္မွာ တည္တည္ၿငိမ္ၿငိမ္နဲ႔ ပင္နယ္တီဝင္ေအာင္ ကန္သြင္းခဲ့ပါတယ္။

႐ိုမီလူ လူကာကူ (9)

သူ႔လို တိုက္စစ္ပိုင္း အဆံုးသတ္ဖို႔ မပါးနပ္ရင္ ယူႏိုက္တက္တို႔ ေအာင္ျမင္ဖို႔ မျဖစ္ႏိုင္ပါဘူး။ သီလိုရဲ႕ ေနာက္ျပန္ေပးမႈ အမွားကို အမိအရဖမ္းၿပီး ဦးေဆာင္ဂိုး သြင္းယူခဲ့ပါတယ္။ ရက္ရွ္ဖို႔ဒ္ရဲ႕ ကန္ခ်က္ကို ဘူဖြန္ကာကြယ္ရင္း လွ်ံထြက္လာတဲ့ ေဘာလုံးကိုလဲ အပိုင္ ပိတ္သြင္းယူခဲ့တာျဖစ္ပါတယ္။

လူစားလဲကစားသမားမ်ား

ဒီယိုဂို ဒါးေလာ့ (7)

ေနာက္ဆုံးအဆင့္ေတြမွာ ယူႏိုက္တက္အတြက္ အင္အားနဲ႔ ႀကံ့ခိုင္မႈေတြ ယူေဆာင္လာခဲ့ၿပီး တျခားသူေတြ မလုပ္ခဲ့တဲ့အခ်ိန္ သူ ေစာဒကတက္ခဲ့လို႔ ေနာက္က် ပင္နယ္တီ ရခဲ့တာျဖစ္ပါတယ္။

တာဟစ္ေခ်ာင္ (6)

ခ်န္ပီယံလိဂ္ ပြဲဦးထြက္မွာ ေဘာလုံးကို လိုလိုခ်င္ခ်င္ရွိၿပီး စိတ္အားထက္သန္မႈကို ျပသခဲ့ပါတယ္။

ေမဆန္ ဂရင္းဝုဒ္ (5)

ေနာက္ပိုင္းမွာ လူစားလဲပါဝင္ခဲ့ရတာေၾကာင့္ အသက္ ၁၇ႏွစ္ ၁၅၆ ရက္နဲ႔ ယူႏိုက္တက္အတြက္ ခ်န္ပီယံလိဂ္ မွာ ပါဝင္ခြင့္ရတဲ့ အသက္အငယ္ဆုံး ကစားသမားျဖစ္လာခဲ့ပါတယ္။

Sports Home Time

[Unicode] ယူနိုက်တက် နည်းပြဘဝနဲ့ တစ်ပွဲတည်းသော ပထမအကျော့ ရှုံးပွဲအပြီး ၂၂ ရက်အကြာမှာပဲ ယူနိုက်တက်ဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် အိမ်ကွင်းမှာ နှစ်ဂိုးပြတ် ရှုံးပြီးနောက် ပထမဆုံး ပြန်လာနိုင်တဲ့ အသင်းဖြစ်လာခဲ့တယ်။

အခက်အခဲတွေ ရှိခဲ့ပေမယ့် ယူနိုက်တက်ဟာ မဖြစ်နိုင်တာတွေကို တကယ်ဖြစ်အောင် လုပ်ပြခဲ့တယ်။ ပြင်သစ်မြေမှာ ပီအက်စ်ဂျီ ကို ၃-၁ နဲ့ အနိုင်ယူကာ နှစ်ကျော့ပေါင်း ဂိုးကွာခြားချက် တူပေမယ့် အဝေးဂိုး စည်းမျဉ်းအရ ကွာတားတက်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ အဓိကကစားသမား ၁၀ ယောက်မပါဝင်ပဲ လီဂူးဝမ်းမှာ ငွေသုံးကြမ်းတဲ့ အသင်းကြီးကို ရင်ဆိုင်ခဲ့တာပါ။ ဒါပေမယ့် ရှိတဲ့ ကစားသမားတွေဟာ သူတို့နည်းပြနဲ့ အတူ လွန်ခဲ့တဲ့ နှစ်များစွာက ယူနိူက်တက်ရဲ့ စိတ်ဓာတ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

အခု ဖော်ပြမှာကတော့ ပီအက်ဂျီနဲ့ပွဲမှာ ဆိုးရှားရဲ့ သူရဲကောင်းတွေရဲ့ ဘယ်လောက်ကောင်းကောင်း ကြိုးစားနိုင်ခဲ့သလဲ ဆိုတာကို စကိုင်းက အမှတ်ပေးတဲ့ စွမ်းဆောင်ရည် အဆင့်သတ်မှတ်ချက်တွေဖြစ်ပါတယ်။

ဒေးဗစ်ဒီဂီယာ (8)

ပထမပိုင်းက ချေပဂိုးပြီးတဲ့နောက် အတော်လေး သောင်းကျန်းလာတဲ့ ပီအက်စ်ဂျီ တိုက်စစ်ကို ထိန်းသိမ်းခဲ့ပြီး ဂိုးသမားကို လှည့်ပြီး ဂိုးသွင်းဖို့ ကြိုးစားခဲ့တဲ့ အမ်ဘတ်ပီရဲ့ ကန်ချက်ကို ကာကွယ်ခဲ့ပါတယ်။

အဲရစ်ဘိုင်လီ (5)

ဘိုင်လီဟာ သိပ်မရင်းနှီးတဲ့ ညာနောက်တန်းမှာ ကစားခဲ့ရတာကြောင့် ခြေစွမ်းမပြနိုင်ပဲ ရုန်းကန်နေခဲ့ရပါတယ်။ ဒါကြောင့်ပဲ ၃၆ မိနစ်မှာ ဆိုးရှားက သူ့ကို ဒါးလော့နဲ့ လူစားလဲခဲ့ပါတယ်။

ခရစ်စမောလင်း (8)

တည်ငြိမ်တဲ့ ကစားဟန်တွေနဲ့ ယူနိုက်တက် ခံစစ်ကို ထိန်းကျောင်းခဲ့ပြီး အမ်ဘတ်ပီရဲ့ လွှမ်းမိုးမှုကို ကန့်သတ်ဖို့ သေချာ စောင့်ကြည့်ခဲ့ပါတယ်။

ဗစ်တာ လင်ဒီလော့ဖ် (7)

နေရာလွတ်တွေကို ကြားဝင်ဖို့ စမောလင်းအတွက် အထိုင်ချပေးခဲ့ပြီး ပီအက်စ်ဂျီ တိုက်စစ်ကို ခုခံ ချိုးဖျက်နိုင်ခဲ့တယ်။

လုခ်ရှော (8)

ဒန်နီအဲဗက်စ် ကို ထိန်းချူပ်နိုင်ခဲ့ပြီး လူစားဝင်ကစားသမား သောမတ်စ်မူနီရာရဲ့ ခြိမ်းခြောက်မှုကိုလဲ ကာကွယ်နိုင်ခဲ့ပါတယ်။

အက်ရှ်လေယန်း (8)

ဘိုင်လီမရှိတော့တဲ့အခါ ညာနောက်တန်းကို ပြောင်းရွှေ့ခဲ့ပြီး ပထမ နာရီဝက်အပြီးမှာ တည်တည်ငြိမ်ငြိမ်နဲ့ ယူနိုက်တက် ခံစစ်ကို လွှမ်းမိုးခဲ့ပါတယ်။

စကော့ မက်တော်မီနေး (8)

ပွဲကို ရှိန်မနေပဲ မာကို ဗာရက်တီနဲ့ ယှဉ်ကစားနိုင်ခဲ့သလို နေရာလပ်မထားပဲ ကွင်းလယ်မှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ဖရက် (7)

ဘောလုံးကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပြီး ဘောလုံးပြန်ဆယ်ရာမှာ အသင်းဖော်တွေထက် နှစ်ဆ များခဲ့ပါတယ်။

ပါရဲရား (7)

အတော်ကြိုးစားခဲ့တဲ့ ကွင်းလယ်ပါပဲ။ မက်တော်မီနေးနဲ့အတူ တွဲပြီး ခိုင်မာတဲ့ ကွင်းလယ်ကို ဖန်တီးနိုင်ခဲ့ပါတယ်။

မားကပ်ရက်ရှ်ဖို့ဒ် (9)

ပွဲအစမှာ ရုန်းကန်ခဲ့ရပေမယ့် အရေးအကြီးဆုံး အချိန်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ပင်နယ်တီဝင်အောင် ကန်သွင်းခဲ့ပါတယ်။

ရိုမီလူ လူကာကူ (9)

သူ့လို တိုက်စစ်ပိုင်း အဆုံးသတ်ဖို့ မပါးနပ်ရင် ယူနိုက်တက်တို့ အောင်မြင်ဖို့ မဖြစ်နိုင်ပါဘူး။ သီလိုရဲ့ နောက်ပြန်ပေးမှု အမှားကို အမိအရဖမ်းပြီး ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ ကန်ချက်ကို ဘူဖွန်ကာကွယ်ရင်း လျှံထွက်လာတဲ့ ဘောလုံးကိုလဲ အပိုင် ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။

လူစားလဲကစားသမားများ

ဒီယိုဂို ဒါးလော့ (7)

နောက်ဆုံးအဆင့်တွေမှာ ယူနိုက်တက်အတွက် အင်အားနဲ့ ကြံ့ခိုင်မှုတွေ ယူဆောင်လာခဲ့ပြီး တခြားသူတွေ မလုပ်ခဲ့တဲ့အချိန် သူ စောဒကတက်ခဲ့လို့ နောက်ကျ ပင်နယ်တီ ရခဲ့တာဖြစ်ပါတယ်။

တာဟစ်ချောင် (6)

ချန်ပီယံလိဂ် ပွဲဦးထွက်မှာ ဘောလုံးကို လိုလိုချင်ချင်ရှိပြီး စိတ်အားထက်သန်မှုကို ပြသခဲ့ပါတယ်။

မေဆန် ဂရင်းဝုဒ် (5)

နောက်ပိုင်းမှာ လူစားလဲပါဝင်ခဲ့ရတာကြောင့် အသက် ၁၇နှစ် ၁၅၆ ရက်နဲ့ ယူနိုက်တက်အတွက် ချန်ပီယံလိဂ် မှာ ပါဝင်ခွင့်ရတဲ့ အသက်အငယ်ဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

Sports Home Time