[Zawgyi] ပီအက္စ္ဂ်ီ နဲ႔ မန္ယူနိုက္တက္ ပြဲအတြက္ ပြဲခ်ိန္/ ထူးျခားသတင္း/ လူစာရင္း/ ပြဲၾကိဳ စိန္ေခၚစကားမ်ား/ ေရပန္းစားမႈ/ ရလဒ္ခန္႔မွန္းေတြကို စုစည္း ေဖာ္ျပထားတာ ျဖစ္ပါတယ္။
ဘယ္လိုတက္ေရာက္လာသလဲ
အိမ္ရွင္ – ပီအက္ဂ်ီ
ပီအက္ဂ်ီဟာ အုပ္စုတြင္းမွာ ပရီးမီးယားလိဂ္ကလပ္ လီဗာပူးကို ေက်ာ္လြန္ျပီး အုပ္စုပထမနဲ႔ တက္ေရာက္လာပါတယ္။ အုပ္စုအဆင့္ 6 ပြဲမွာ သြင္းဂိုး 17 ဂိုး သြင္းယူထားတဲ့ ပီအက္ဂ်ီဟာ အုပ္စုတြင္း သြင္းဂိုးအမ်ားဆံုး အသင္းျဖစ္တယ္။ ေနမာက 5 ဂိုးသြင္းယူျပီ အမ္ဘတ္ပီက သံုးဂိုး သြင္းယူပါတယ္။ ပထမအေက်ာ့ကို 2 ဂိုးျပတ္ အႏုိင္ယူထားျပီး ဒီတစ္ၾကိမ္မွာ ယူႏုိက္တက္က ေဆးဗား ဦးေဆာင္တဲ့ ခံစစ္ကို 3 ဂိုးျဖတ္ႏုိင္မွ ေနာက္တစ္ဆင့္ကို တက္မွာပါ။
အေဝးအသင္း – ယူႏိုက္တက္
ယူႏိုက္တက္ဟာ အုပ္စု H မွာ အုပ္စုတြင္းပြဲ 3 ပြဲကို အႏိုင္ရျပီး အီတလီခ်န္ပီယံ ဂ်ဴဗင္တပ္ေနာက္က အုပ္စုဒုတိယအျဖစ္ တက္ေရာက္လာခဲ့တာပါ။ အဲ့သည္တုန္းကေတာ့ မန္ေနဂ်ာက ေမာ္ရင္ညိဳျဖစ္တယ္။ လက္ရွိမွာ ကလပ္အသင္းကို 11 ပြဲဆက္ ရံွဴးပြဲမရွိ ကိုင္တြယ္ထားတဲ့ ဆိုးရွားက ေျပာင္းလဲ တာဝန္ယူျပီး ပထမအေက်ာ့ကို အိမ္ကြင္းမွာ အေရးနိမ့္ခဲ့ပါတယ္။
ဘယ္အခ်ိန္ကန္မွာလဲ?
မတ္လ ၇၊ ၾကာသပေတးေန႔ မနက္ ၂း၃၀ နာရီ တိတိ ျဖစ္ပါတယ္။
ပထမအေက်ာ့ရလဒ္
မန္ယူနိုက္တက္ 0-2 ပီအက္စ္ဂ်ီ
ႏွစ္သင္းရဲ႔ ထူးျခားသတင္း
ပီအက္ဂ်ီအသင္းမွာ ေနမာ မပါႏိုင္ေပမယ့္ ကာဗာနီ ျပန္ပါလာဖို႔ရွိတယ္။ ယူႏုိက္တက္ဘက္မွာ အဓိက ကစားသမား 10 ဦးေလာက္ လြဲေခ်ာ္ဖို႔ရွိျပီး ေပါ့ဘာ ပြဲပယ္ အပါအဝင္ျဖစ္တယ္။ ဆိုးရွားက အကယ္ဒမီစတား 5 ဦးထိ ေခၚယူလာခဲ့ပါတယ္။
ပြဲၾကိဳေျပာစကားမ်ား
Thomas Tuchel
“ အားလံုးက အဆင္ေျပျပီး က်ေန္ာတို႔က ယံုၾကည္ခ်က္ ရွိေနပါတယ္။ ဒါေပမယ့္ ႏွစ္ေက်ာ့ကစားရမယ့္ ရံွဴးထြက္ပြဲမွာ အခုမွ တစ္ဝက္ပဲ ကစားရပါေသးတယ္။ လူအမ်ားအျပားက ဘာစီလိုနာကို ယွဥ္ျပိဳင္ကစားျပီး 4-0 နဲ႔ အႏုိင္ရေပမယ့္ ဒုတိအေက်ာ့မွာ 6-1 နဲ႔ အေရးနိမ့္ခဲ့ပါတယ္။
အျခားလူေတြကေတာ့ ေပါ့ဘာ မပါႏုိင္လုိ႔ ေကာင္းတယ္လို႔ ေျပာၾကတယ္။ ဒီအျမင္ႏွစ္ခုရဲ႕ ၾကားကို က်ေနာ္တို႔ အေျဖရွာရပါမယ္။ အရမ္းၾကီး ေၾကာက္ရြ႔ံေနလို႔ မရသလို၊ ယံုၾကည္မႈ အရမ္းျပင္းထန္ေနလို႔လည္း မရပါဘူး။ “
Ole Gunnar Solskjær
“ဒါက မျဖစ္နုိင္တဲ့ Mission Impossible မွ မဟုတ္တာဗ်ာ.. ဒီပြဲက ပိုခက္ခဲမယ္။ ဒါေပမယ့္ က်ေန္ာတို႔ ပထမဂိုးပဲ ရဖို႔လိုတာပါ.. အဲဒီေနာက္ ဘာမဆို ျဖစ္သြားနုိင္ပါျပီ။ ေဘာလံုးက နည္းစနစ္ေရာ နည္းဗ်ဴဟာေရာ ပါ၀င္တဲ့ ပြဲမွာ ဒါေပမယ့္ စိတ္ဓာတ္ပိုင္းလည္း ပါ၀င္တယ္။ သြင္းဂိုးေတြက ပြဲေတြကို ေျပာင္းလဲ ပစ္နိုင္တယ္။ က်ေနာ္တို႔သာ ဂိုးသြင္းလိုက္ရင္ သူတို႔ကိုယ္ သူတို႔ သံသယေတြ ၀င္သြားနုိင္တယ္။ ဒါေပမယ့္ က်ေနာ္တို႔ ပထမဂိုးသြင္းဖို႔ လိုတာေပါ့။ “
ပီအက္စ္ဂ်ီ Vs မန္ယူနိုက္တက္ ခန္႔မွန္းလူစာရင္း
PSG XI: Buffon, Kehrer, Kimpembe, Silva, Bernat, Alves, Di Maria, Marquinhos, Verratti, Draxler, Mbappe
Man Utd XI (4-4-2): De Gea; Young, Smalling, Lindelof, Shaw; Dalot, McTominay, Pereira, Fred; Lukaku Rashford
အေလးေပးျခင္းမ်ား
- PSG to qualify: 1/200
- Man Utd to qualify: 16/1
ပြဲၾကိဳခန္႔မွန္းမႈ?
ေနမာ မပါႏုိင္ေပမယ့္ ကာဗာနီ ျပန္သက္သာလာပါျပီ။ သီတင္းပတ္အကုန္က အမ္ဘတ္ပီ ဂိုးေတြ ထပ္သြင္းထားေသးတယ္။ ယူႏုိက္တက္က ဘယ္လို ရလဒ္မွ ယူႏုိင္မယ္ မျမင္ပါဘူး။ ပီအက္ဂ်ီက ေဘာလံုးပိုင္ဆိုင္မႈကို ထိန္းခ်ဳပ္ျပီး အခ်ိန္ယူ ကစားပါမယ္။ ယူႏုိက္တက္မွာ ခံစစ္ျပႆနာေတြ ရွိေနေသးျပီး ပီအက္ဂ်ီက ထပ္မံ အႏုိင္ယူမယ္လို႔ ယူဆတယ္။
ပီအက္ဂ်ီက ယူႏုိက္တက္ထက္ ပိုေကာင္းပါတယ္။ ယူႏုိက္တက္မွာ ဒဏ္ရာျပႆနာေတြရွိျပီး ပီအက္ဂ်ီမွာလည္း အဲ့သည္လို ျပႆနာေတြရွိတယ္။ တကယ္တမ္းမွာ ယူႏုိက္တက္ဟာ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲထက္စာရင္ အဆင့္ေလးအတြင္း ဝင္ဖို႔နဲ႔ ဆက္လက္ ယွဥ္ျပိဳင္ေနဆဲ အက္ဖ္ေအဖလားကိုပဲ အဓိက ၾကိဳးစားေနတာပါ။
ခ်ာလီ ခန္႔မွန္းရလဒ္။ ။ ပီအက္စ္ဂ်ီ 2-0 မန္ယူနိုက္တက္
ပထမအေက်ာ့ အိမ္ကြင္းမွာတင္ နွစ္ဂိုးနဲ႕ အထက္ ေပးခဲ့ရျပီး ေနာက္တစ္ဆင့္တက္ဖို႔ ၾကိဳးစားခဲ့တာမ်ိဳး ခ်န္ပီယံလိဂ္ သမိုင္းမွာ ၃၄ ၾကိမ္ ရွိခဲ့ဖူးျပီး တစ္သင္းမွ မေအာင္ျမင္ေသးပါဘူး။ ဒါဆို ျပင္သစ္ေျမမွာ သြားေရာက္ရင္ဆုိင္မယ္ မန္ခ်က္စတာယူနိုက္တက္ရဲ႕ လုပ္ငန္းစဥ္ ဘယ္ေလာက္ ၾကီးမားတယ္ဆိုတာ သိမွာပါ။
ပီအက္စ္ဂ်ီက သူတို႔ ခ်န္ပီယံလိဂ္ အိမ္ကြင္း ေနာက္ဆံုး ၁၀ ပြဲမွာ ၃၅ ၾကိမ္ ဂိုးသြင္းထားပါတယ္။ ဒါေပမယ့္ ေနာက္ဆံုး ၅ ပြဲမွာေတာ့ Clean sheet မရထားဘူး။ နွစ္သင္းလံုးက ဒဏ္ရာ၊ ပြဲပယ္ေတြေၾကာင့္ အဓိက ကစားသမားေတြ မပါ၀င္နုိင္တာ ရွိပါတယ္။ ေပါ့ဘာက အိုးထရက္ဖို႔ဒ္က ပြဲမွာ အနီကတ္ထိထားတာေၾကာင့္ ဒီပြဲ မပါနုိင္တာပါ။ ျပီးခဲ့တဲ့ သီတင္းပတ္ကုန္က ေဆာက္သမ္တန္နဲ႕ပြဲမွာ ယူနိုက္တက္က သူတို႔ရဲ႕ မေလွ်ာ့ေသာ ဇြဲလံု႕လနဲ႕ ဘယ္လို အခက္အခဲမဆို ေက်ာ္ျဖတ္မယ္ဆိုတဲ့ စိတ္ဓာတ္ကို ျပသထားပါတယ္။
ပီအက္စ္ဂ်ီနဲ႕ ပြဲမွာလည္း နွစ္သင္းလံုး အခြင့္အေရးေတြ ရမယ္ ထင္ထားတယ္။ သမိုင္းေၾကာင္းကေတာ့ ယူနိုက္တက္ရဲ႕ ဆန္႔က်င္ဘက္မွာ ရွိတာပါ။ ဒါေပမယ့္ ဆိုးရွားက အိုးထရက္ဖို႕ဒ္ တံခါး၀ကို ျဖတ္ျပီး စတင္နင္းေလွ်ာက္လာတည္းက စံခ်ိန္သစ္ေတြ တစ္ခုျပီး တစ္ခု တင္ျပေနတဲ့ နည္းျပပါ။ ယူနိုက္တက္သာ ဦးေဆာင္ဂိုး အရင္သြင္းျဖစ္လိုက္မယ္ ဆိုရင္?
မိုက္ကယ္အို၀င္ ခန္႔မွန္းရလဒ္။ ။ ပီအက္စ္ဂ်ီ 3-2 မန္ယူနိုက္တက္
Sports Home Time

[Unicode] ပီအက်စ်ဂျီ နဲ့ မန်ယူနိုက်တက် ပွဲအတွက် ပွဲချိန်/ ထူးခြားသတင်း/ လူစာရင်း/ ပွဲကြို စိန်ခေါ်စကားများ/ ရေပန်းစားမှု/ ရလဒ်ခန့်မှန်းတွေကို စုစည်း ဖော်ပြထားတာ ဖြစ်ပါတယ်။
ဘယ်လိုတက်ရောက်လာသလဲ
အိမ်ရှင် – ပီအက်ဂျီ
ပီအက်ဂျီဟာ အုပ်စုတွင်းမှာ ပရီးမီးယားလိဂ်ကလပ် လီဗာပူးကို ကျော်လွန်ပြီး အုပ်စုပထမနဲ့ တက်ရောက်လာပါတယ်။ အုပ်စုအဆင့် 6 ပွဲမှာ သွင်းဂိုး 17 ဂိုး သွင်းယူထားတဲ့ ပီအက်ဂျီဟာ အုပ်စုတွင်း သွင်းဂိုးအများဆုံး အသင်းဖြစ်တယ်။ နေမာက 5 ဂိုးသွင်းယူပြီ အမ်ဘတ်ပီက သုံးဂိုး သွင်းယူပါတယ်။ ပထမအကျော့ကို 2 ဂိုးပြတ် အနိုင်ယူထားပြီး ဒီတစ်ကြိမ်မှာ ယူနိုက်တက်က ဆေးဗား ဦးဆောင်တဲ့ ခံစစ်ကို 3 ဂိုးဖြတ်နိုင်မှ နောက်တစ်ဆင့်ကို တက်မှာပါ။
အဝေးအသင်း – ယူနိုက်တက်
ယူနိုက်တက်ဟာ အုပ်စု H မှာ အုပ်စုတွင်းပွဲ 3 ပွဲကို အနိုင်ရပြီး အီတလီချန်ပီယံ ဂျူဗင်တပ်နောက်က အုပ်စုဒုတိယအဖြစ် တက်ရောက်လာခဲ့တာပါ။ အဲ့သည်တုန်းကတော့ မန်နေဂျာက မော်ရင်ညိုဖြစ်တယ်။ လက်ရှိမှာ ကလပ်အသင်းကို 11 ပွဲဆက် ရံှူးပွဲမရှိ ကိုင်တွယ်ထားတဲ့ ဆိုးရှားက ပြောင်းလဲ တာဝန်ယူပြီး ပထမအကျော့ကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပါတယ်။
ဘယ်အချိန်ကန်မှာလဲ?
မတ်လ ၇၊ ကြာသပတေးနေ့ မနက် ၂း၃၀ နာရီ တိတိ ဖြစ်ပါတယ်။
ပထမအကျော့ရလဒ်
မန်ယူနိုက်တက် 0-2 ပီအက်စ်ဂျီ
နှစ်သင်းရဲ့ ထူးခြားသတင်း
ပီအက်ဂျီအသင်းမှာ နေမာ မပါနိုင်ပေမယ့် ကာဗာနီ ပြန်ပါလာဖို့ရှိတယ်။ ယူနိုက်တက်ဘက်မှာ အဓိက ကစားသမား 10 ဦးလောက် လွဲချော်ဖို့ရှိပြီး ပေါ့ဘာ ပွဲပယ် အပါအဝင်ဖြစ်တယ်။ ဆိုးရှားက အကယ်ဒမီစတား 5 ဦးထိ ခေါ်ယူလာခဲ့ပါတယ်။
ပွဲကြိုပြောစကားများ
Thomas Tuchel
“ အားလုံးက အဆင်ပြေပြီး ကျနေ်ာတို့က ယုံကြည်ချက် ရှိနေပါတယ်။ ဒါပေမယ့် နှစ်ကျော့ကစားရမယ့် ရံှူးထွက်ပွဲမှာ အခုမှ တစ်ဝက်ပဲ ကစားရပါသေးတယ်။ လူအများအပြားက ဘာစီလိုနာကို ယှဉ်ပြိုင်ကစားပြီး 4-0 နဲ့ အနိုင်ရပေမယ့် ဒုတိအကျော့မှာ 6-1 နဲ့ အရေးနိမ့်ခဲ့ပါတယ်။
အခြားလူတွေကတော့ ပေါ့ဘာ မပါနိုင်လို့ ကောင်းတယ်လို့ ပြောကြတယ်။ ဒီအမြင်နှစ်ခုရဲ့ ကြားကို ကျနော်တို့ အဖြေရှာရပါမယ်။ အရမ်းကြီး ကြောက်ရွံ့နေလို့ မရသလို၊ ယုံကြည်မှု အရမ်းပြင်းထန်နေလို့လည်း မရပါဘူး။ “
Ole Gunnar Solskjær
“ဒါက မဖြစ်နိုင်တဲ့ Mission Impossible မှ မဟုတ်တာဗျာ.. ဒီပွဲက ပိုခက်ခဲမယ်။ ဒါပေမယ့် ကျနေ်ာတို့ ပထမဂိုးပဲ ရဖို့လိုတာပါ.. အဲဒီနောက် ဘာမဆို ဖြစ်သွားနိုင်ပါပြီ။ ဘောလုံးက နည်းစနစ်ရော နည်းဗျူဟာရော ပါဝင်တဲ့ ပွဲမှာ ဒါပေမယ့် စိတ်ဓာတ်ပိုင်းလည်း ပါဝင်တယ်။ သွင်းဂိုးတွေက ပွဲတွေကို ပြောင်းလဲ ပစ်နိုင်တယ်။ ကျနော်တို့သာ ဂိုးသွင်းလိုက်ရင် သူတို့ကိုယ် သူတို့ သံသယတွေ ဝင်သွားနိုင်တယ်။ ဒါပေမယ့် ကျနော်တို့ ပထမဂိုးသွင်းဖို့ လိုတာပေါ့။ “
ပီအက်စ်ဂျီ Vs မန်ယူနိုက်တက် ခန့်မှန်းလူစာရင်း
PSG XI: Buffon, Kehrer, Kimpembe, Silva, Bernat, Alves, Di Maria, Marquinhos, Verratti, Draxler, Mbappe
Man Utd XI (4-4-2): De Gea; Young, Smalling, Lindelof, Shaw; Dalot, McTominay, Pereira, Fred; Lukaku Rashford
အလေးပေးခြင်းများ
- PSG to qualify: 1/200
- Man Utd to qualify: 16/1
ပွဲကြိုခန့်မှန်းမှု?
နေမာ မပါနိုင်ပေမယ့် ကာဗာနီ ပြန်သက်သာလာပါပြီ။ သီတင်းပတ်အကုန်က အမ်ဘတ်ပီ ဂိုးတွေ ထပ်သွင်းထားသေးတယ်။ ယူနိုက်တက်က ဘယ်လို ရလဒ်မှ ယူနိုင်မယ် မမြင်ပါဘူး။ ပီအက်ဂျီက ဘောလုံးပိုင်ဆိုင်မှုကို ထိန်းချုပ်ပြီး အချိန်ယူ ကစားပါမယ်။ ယူနိုက်တက်မှာ ခံစစ်ပြဿနာတွေ ရှိနေသေးပြီး ပီအက်ဂျီက ထပ်မံ အနိုင်ယူမယ်လို့ ယူဆတယ်။
ပီအက်ဂျီက ယူနိုက်တက်ထက် ပိုကောင်းပါတယ်။ ယူနိုက်တက်မှာ ဒဏ်ရာပြဿနာတွေရှိပြီး ပီအက်ဂျီမှာလည်း အဲ့သည်လို ပြဿနာတွေရှိတယ်။ တကယ်တမ်းမှာ ယူနိုက်တက်ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲထက်စာရင် အဆင့်လေးအတွင်း ဝင်ဖို့နဲ့ ဆက်လက် ယှဉ်ပြိုင်နေဆဲ အက်ဖ်အေဖလားကိုပဲ အဓိက ကြိုးစားနေတာပါ။
ချာလီ ခန့်မှန်းရလဒ်။ ။ ပီအက်စ်ဂျီ 2-0 မန်ယူနိုက်တက်
ပထမအကျော့ အိမ်ကွင်းမှာတင် နှစ်ဂိုးနဲ့ အထက် ပေးခဲ့ရပြီး နောက်တစ်ဆင့်တက်ဖို့ ကြိုးစားခဲ့တာမျိုး ချန်ပီယံလိဂ် သမိုင်းမှာ ၃၄ ကြိမ် ရှိခဲ့ဖူးပြီး တစ်သင်းမှ မအောင်မြင်သေးပါဘူး။ ဒါဆို ပြင်သစ်မြေမှာ သွားရောက်ရင်ဆိုင်မယ် မန်ချက်စတာယူနိုက်တက်ရဲ့ လုပ်ငန်းစဉ် ဘယ်လောက် ကြီးမားတယ်ဆိုတာ သိမှာပါ။
ပီအက်စ်ဂျီက သူတို့ ချန်ပီယံလိဂ် အိမ်ကွင်း နောက်ဆုံး ၁၀ ပွဲမှာ ၃၅ ကြိမ် ဂိုးသွင်းထားပါတယ်။ ဒါပေမယ့် နောက်ဆုံး ၅ ပွဲမှာတော့ Clean sheet မရထားဘူး။ နှစ်သင်းလုံးက ဒဏ်ရာ၊ ပွဲပယ်တွေကြောင့် အဓိက ကစားသမားတွေ မပါဝင်နိုင်တာ ရှိပါတယ်။ ပေါ့ဘာက အိုးထရက်ဖို့ဒ်က ပွဲမှာ အနီကတ်ထိထားတာကြောင့် ဒီပွဲ မပါနိုင်တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဆောက်သမ်တန်နဲ့ပွဲမှာ ယူနိုက်တက်က သူတို့ရဲ့ မလျှော့သော ဇွဲလုံ့လနဲ့ ဘယ်လို အခက်အခဲမဆို ကျော်ဖြတ်မယ်ဆိုတဲ့ စိတ်ဓာတ်ကို ပြသထားပါတယ်။
ပီအက်စ်ဂျီနဲ့ ပွဲမှာလည်း နှစ်သင်းလုံး အခွင့်အရေးတွေ ရမယ် ထင်ထားတယ်။ သမိုင်းကြောင်းကတော့ ယူနိုက်တက်ရဲ့ ဆန့်ကျင်ဘက်မှာ ရှိတာပါ။ ဒါပေမယ့် ဆိုးရှားက အိုးထရက်ဖို့ဒ် တံခါးဝကို ဖြတ်ပြီး စတင်နင်းလျှောက်လာတည်းက စံချိန်သစ်တွေ တစ်ခုပြီး တစ်ခု တင်ပြနေတဲ့ နည်းပြပါ။ ယူနိုက်တက်သာ ဦးဆောင်ဂိုး အရင်သွင်းဖြစ်လိုက်မယ် ဆိုရင်?
မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ ပီအက်စ်ဂျီ 3-2 မန်ယူနိုက်တက်
Sports Home Time
