ပေါ်တို Vs ရိုးမား – အုပ်စုမှတ်တမ်း / ပွဲချိန်/ ထူးခြားသတင်း/ လူစာရင်း/ ရလဒ်ခန့်မှန်း
[Zawgyi] ပေါ်တို နဲ့ ရိုးမား ပွဲအတွက် ပွဲချိန်/ ထူးခြားသတင်း/ လူစာရင်း/ ပွဲကြို စိန်ခေါ်စကားများ/ ရေပန်းစားမှု/ ရလဒ်ခန့်မှန်းတွေကို စုစည်း ဖော်ပြထားတာ ဖြစ်ပါတယ်။
ဘယ်လိုတက်ရောက်လာသလဲ
အိမ်ရှင် – ပေါ်တို
အဝေးအသင်း – ရိုးမား
ဘယ်အချိန်ကန်မှာလဲ?
ပထမအကျော့ရလဒ်
ရိုးမား 2-1 ပေါ်တို
အလေးပေးခြင်းများ
  • Porto to qualify: 29/20
  • Roma to qualify: 8/15
ပွဲကြိုခန့်မှန်းမှု?
ချာလီ ခန့်မှန်းရလဒ်။ ။ ပေါ်တို 0-1 ရိုးမား
Sports Home Time
[Unicode] ပေါ်တို နဲ့ ရိုးမား ပွဲအတွက် ပွဲချိန်/ ထူးခြားသတင်း/ လူစာရင်း/ ပွဲကြို စိန်ခေါ်စကားများ/ ရေပန်းစားမှု/ ရလဒ်ခန့်မှန်းတွေကို စုစည်း ဖော်ပြထားတာ ဖြစ်ပါတယ်။
ဘယ်လိုတက်ရောက်လာသလဲ
အိမ်ရှင် – ပေါ်တို
ပေါ်တိုအသင်းဟာ အုပ်စုတွင်း ရနိုင်တဲ့ ရမှတ် 18 မှတ်အနက် 16 မှတ်ထိ ရခဲ့ပြီး အဖွင့်ပွဲမှာ ရှော်ကေးကို 1-1 သရေကျတဲ့ တစ်ပွဲကိုပဲ ရမှတ် ဆုံးရံှူးခဲ့ရပါတယ်။ 16 သင်းအဆင့်ထဲမှာ အင်အားအနည်းဆုံး အသင်းတွေထဲ ပါဝင်ပါတယ်။
အဝေးအသင်း – ရိုးမား
ရီးရဲလ်ကို နှစ်ကျော့လုံးမှာ အရေးနိမ့်ပေမယ့် Victoria Plzen ကို 5-0 နဲ့ အနိုင်ရပြီး CSKA Moscow ကို နှစ်ကျော့လုံးမှာ အနိုင်ရခဲ့လို့ ရံှူးထွက်အဆင့်ကို တက်လာနိုင်ခဲ့တာဖြစ်တယ်။ အဝေးကွင်းမှာ ပေါ်တိုကို သရေခံကစားနိုင်မယ်ဆိုရင် နောက်တစ်ဆင့်ကို တက်နိုင်မှာပါ။
ဘယ်အချိန်ကန်မှာလဲ?
မတ်လ ၇၊ ကြာသပတေးနေ့ မနက် ၂း၃၀ နာရီ တိတိ ဖြစ်ပါတယ်။
ပထမအကျော့ရလဒ်
ရိုးမား 2-1 ပေါ်တို
နှစ်သင်းရဲ့ ထူးခြားသတင်း
ပေါ်တိုက သူတို့ရဲ့ အကောင်းဆုံး တိုက်စစ်သမား မာရီဂီကို ပထမအကျော့မှာ ဒဏ်ရာကြောင့် အသုံးပြုနိုင်ခြင်း မရှိခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ပြန်သုံးနိုင်မှာပါ။ ရိုးမားရဲ့ ခံစစ်သမား မန်နိုလက်စ်လည်း ကြံ့ခိုင်မှု ပြန်ကောင်းနေပါတယ်။ တောင်ပံသမား အန်ဒါးကတော့ လွဲချော်ပါမယ်။
ပေါ်တို Vs ရိုးမား ခန့်မှန်းလူစာရင်း
Porto XI: Casillas, Pepe, Telles, Felipe, Herrera, Militao, Pereira, Otavinho, Brahimi, Tiquinho, Marega
Roma XI: Mirante, Florenzi, Manolas, Fazio, Kolarov, Cristante, De Rossi, Pellegrini, Zaniolo, Dzeko, El Shaarawy
အလေးပေးခြင်းများ
  • Porto to qualify: 29/20
  • Roma to qualify: 8/15
ပွဲကြိုခန့်မှန်းမှု?
ဒုတိယအကျော့က မျှော်လင့်ထားတာထက် ပိုခက်ခဲနိုင်တယ်။ ရိုးမားပဲ နောက်တစ်ဆင့်ကို တက်သွားမယ်လို့ ထင်ပါတယ်။ ဒီဇီကို ပထမအကျော့မှာ ဂိုးမသွင်းနိုင်ပေမယ့် Zaniolo က ဒီလို ပွဲတွေမှာ ကောင်းပါတယ်။ ရိုးမားက အနိုင်ရမယ်ဆိုရင် အံ့သြမှာ မဟုတ်ပါဘူး။
ချာလီ ခန့်မှန်းရလဒ်။ ။ ပေါ်တို 0-1 ရိုးမား
ရိုမားက ပေါ်တိုကို ဥရောပ ပြိုင်ပွဲတွေမှာ နောက်ဆုံး လေးကြိမ် ယှဉ်ပြိုင်မှုမှာတော့ အရေးနိမ့်ထားဘူး။ နောက်လ ဒုတိယအကျော့အဖြစ် ပေါ်တူဂီမှာ ယှဉ်ပြိုင်ကစားဖို့ ဦးဆောင်သွားနိုင်မယ်လို့ ခံစားရတယ်။ ပေါ်တိုက ချန်ပီယံလိဂ်မှာ အဝေးကွင် းနောက်ဆုံး 5 ပွဲကို အရေးနိမ့်မထားဘူး။ ဒါပေမယ့်လည်း မနှစ်ကရာသီ ဆီမီးဖိုင်နယ်ရောက်ခဲ့တဲ့ အသင်းက ရံှူးထွက်အဆင့်တွေမှာ အိမ်ကွင်းပွဲတွေ အားလုံးကို အနိုင်ကစားခဲ့ပြီး သူတို့ပဲ အသာရမှာ ဖြစ်ပေမယ့် ရလဒ်မကွာပဲ အနိုင်ရမယ်လို့ ထင်တယ်။
မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ ရိုးမား 1-0 ပေါ်တို
Sports Home Time