ေရာ္နယ္ဒိုကို ဆုံးရံွဴးရတဲ့အခ်ိန္ ရီးရဲလ္ကို ဇီဒန္း စြန္႔ခြာခဲ့တာဟာ ပါးနပ္လြန္းတယ္

[Zawgyi] ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ ရီးရဲလ္တို႔ ေအဂ်က္ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ခရစၥတီယာႏို ေရာ္နယ္ဒိုနဲ႔အတူတူ ရီးရဲလ္ကို ဇီဒန္းစြန႔္ခြာခဲ့တာဟာ ပါးနပ္တဲ့လုပ္ရပ္ပါလို႔ ခ်ယ္ဆီးမန္ေနဂ်ာေဟာင္းနဲ႔ နယ္သာလန္ကစားသမားေဟာင္း ႐ုဒ္ဂါးလစ္က ဆိုပါတယ္။

ဆန္တီယာဂို ဆိုလာရီရဲ႕ အသင္းဟာ ပထမအေက်ာ့တုန္းက ေအဂ်က္ကို ၂-၁ နဲ႔ ႏိုင္ခဲ့ၿပီးေနာက္ ဘာေနဗ်ဴးက ဒုတိယအေက်ာ့မွာ ၁-၄ နဲ႔ အရွက္တကြဲ ရႈံးနိမ့္ခဲ့ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီ ျဖစ္တယ္။ ၇ ရက္အတြင္း သုံးပြဲရွဴံးနိမ့္ခဲ့တာနဲ႔အတူ ဆိုလာရီကလဲ ရာထူး ကိုင္လႈပ္ခံရတဲ့ ဖိအားေတြ ခံေနရၿပီျဖစ္တယ္။

ေႏြရာသီမွာ ဇီဒန္း ထြက္ခြာသြားၿပီးတဲ့ေနာက္ ေရာက္လာခဲ့တဲ့ လိုပက္တီဂူေနရာကို လြန္ခဲ့တဲ့ ေလးလေလာက္ကမွ ကတ္စတယ္လာ နည္းျပေဟာင္း ဆိုလာရီက အစားဝင္ခဲ့တာျဖစ္ပါတယ္။ ဇီဒန္းရဲ႕ အခ်ိန္ကိုက္ထြက္ခြာမႈဟာ ေကာင္းလြန္းပါတယ္လို႔ ဂါးလစ္က ယုံၾကည္ေနပါတယ္။

“ေရာ္နယ္ဒိုကို ဆုံးရွဴံးရၿပီဆိုတာနဲ႔ အခ်ိန္ကိုက္ ဘာေနဗ်ဴးကို စြန္႔ခြာသြားတာ ဇီဒန္း ေတာ္ေတာ္ပါးနပ္ခဲ့တာပါ။ ဒါက ျပသနာတစ္ရပ္လုံးပဲ။ ဒါၿပီးလို႔ ဘယ္သူပဲလာလာ ခက္ခဲတဲ့ အလုပ္ျဖစ္ေနဦးမွာပဲ။ မင္းမွာ ေရာ္နယ္ဒို မရွိဘူး။ ေျပာရရင္ ဂိုး ၅၀ မရွိေတာ့ဘူးေပါ့ ” လို႔ ဂါးလစ္က ဆိုပါတယ္။

ဆိုလာရီဟာ ရီးရဲလ္နဲ႔ ၂၀၂၁ ထိ စာခ်ဳပ္ခ်ဳပ္ထားေပမယ့္လဲ ေအဂ်က္ကို အေရးနိမ့္ခဲ့အျပီး ဒန္နီ ကာဗာဟယ္က ဥေရာပခ်န္ပီယံေတြအတြက္ “ေသာက္က်ိဳးနည္း ရာသီတစ္ခုပဲ ” လို႔ တဲ့တိုး ေဝဖန္ခဲ့ၿပီးေနာက္ သူ႔ေနရာက လုံးဝ မရပ္တည္ႏိုင္ေလာက္ေအာင္ ျဖစ္လာခဲ့တာပါ။

“ဒါက အံံ့ၾသစရာေတာ့ မဟုတ္ခဲ့ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ေအဂ်က္နဲ႔ ပထမပြဲကို ၾကည့္လိုက္။ သူတို႔ (ေအဂ်က္) ဟာ ရႈံးဖို႔ေတာင္ မထိုက္တန္ခဲ့ပါဘူး။အထူးသျဖင့္ မက္ဒရစ္ကို အခြင့္အေရးေတြေပးခဲ့တာ က်ေနာ္ျမင္ခဲ့ရတယ္။ ၿပီးေတာ့ ဘာစီလိုနာနဲ႔ပြဲကို ၾကည့္ဦး။ ရီးရဲလ္ကို ကေလးနဲ႔ကစားသလို ကစားသြားတာ။

ကြင္းလယ္ကိုၾကည့္ၿပီး မင္းအေနနဲ႔ ဒီလိုေတြးမိမွာပါ။ ‘အမယ္ေလး။ ဒါက ေသခ်ာေပါက္ သူတို႔ရင္ဆိုင္ေတြ႕ခ်င္တဲ့ အသင္းပဲ ” ဆိုၿပီးေတာ့ေပါ့။ ၿပီးေတာ့ အဆိုးဆုံးအပိုင္းက အဲ့ဒါက ဒီရာသီရဲ႕ အလြယ္ဆုံးပြဲ ျဖစ္ခဲ့တာပဲ။

အဆိုးဆုံး ဆိုတာထက္ေတာင္ ပိုဆိုးပါေသးတယ္။ မက္ဒရစ္နဲ႔ဆိုရင္ အိမ္ကြင္းမွာျဖစ္ျဖစ္ ဘယ္မွာျဖစ္ျဖစ္ သူတို႔အတြက္ အဲ့လိုမ်ိဳး လြယ္ကူတဲ့ပြဲေတြပဲ ျဖစ္ေနမွာပါ ” လို႔ ခ်ယ္ဆီးနည္းျပေဟာင္းက ေဝဖန္ခဲ့တာျဖစ္ပါတယ္။

Sports Home Time

[Unicode] ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ရီးရဲလ်တို့ အေဂျက်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ခရစ္စတီယာနို ရော်နယ်ဒိုနဲ့အတူတူ ရီးရဲလ်ကို ဇီဒန်းစွန့်ခွာခဲ့တာဟာ ပါးနပ်တဲ့လုပ်ရပ်ပါလို့ ချယ်ဆီးမန်နေဂျာဟောင်းနဲ့ နယ်သာလန်ကစားသမားဟောင်း ရုဒ်ဂါးလစ်က ဆိုပါတယ်။

ဆန်တီယာဂို ဆိုလာရီရဲ့ အသင်းဟာ ပထမအကျော့တုန်းက အေဂျက်ကို ၂-၁ နဲ့ နိုင်ခဲ့ပြီးနောက် ဘာနေဗျူးက ဒုတိယအကျော့မှာ ၁-၄ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်တယ်။ ၇ ရက်အတွင်း သုံးပွဲရှူံးနိမ့်ခဲ့တာနဲ့အတူ ဆိုလာရီကလဲ ရာထူး ကိုင်လှုပ်ခံရတဲ့ ဖိအားတွေ ခံနေရပြီဖြစ်တယ်။

နွေရာသီမှာ ဇီဒန်း ထွက်ခွာသွားပြီးတဲ့နောက် ရောက်လာခဲ့တဲ့ လိုပက်တီဂူနေရာကို လွန်ခဲ့တဲ့ လေးလလောက်ကမှ ကတ်စတယ်လာ နည်းပြဟောင်း ဆိုလာရီက အစားဝင်ခဲ့တာဖြစ်ပါတယ်။ ဇီဒန်းရဲ့ အချိန်ကိုက်ထွက်ခွာမှုဟာ ကောင်းလွန်းပါတယ်လို့ ဂါးလစ်က ယုံကြည်နေပါတယ်။

“ရော်နယ်ဒိုကို ဆုံးရှူံးရပြီဆိုတာနဲ့ အချိန်ကိုက် ဘာနေဗျူးကို စွန့်ခွာသွားတာ ဇီဒန်း တော်တော်ပါးနပ်ခဲ့တာပါ။ ဒါက ပြသနာတစ်ရပ်လုံးပဲ။ ဒါပြီးလို့ ဘယ်သူပဲလာလာ ခက်ခဲတဲ့ အလုပ်ဖြစ်နေဦးမှာပဲ။ မင်းမှာ ရော်နယ်ဒို မရှိဘူး။ ပြောရရင် ဂိုး ၅၀ မရှိတော့ဘူးပေါ့ ” လို့ ဂါးလစ်က ဆိုပါတယ်။

ဆိုလာရီဟာ ရီးရဲလ်နဲ့ ၂၀၂၁ ထိ စာချုပ်ချုပ်ထားပေမယ့်လဲ အေဂျက်ကို အရေးနိမ့်ခဲ့အပြီး ဒန်နီ ကာဗာဟယ်က ဥရောပချန်ပီယံတွေအတွက် “သောက်ကျိုးနည်း ရာသီတစ်ခုပဲ ” လို့ တဲ့တိုး ဝေဖန်ခဲ့ပြီးနောက် သူ့နေရာက လုံးဝ မရပ်တည်နိုင်လောက်အောင် ဖြစ်လာခဲ့တာပါ။

“ဒါက အံံ့သြစရာတော့ မဟုတ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အေဂျက်နဲ့ ပထမပွဲကို ကြည့်လိုက်။ သူတို့ (အေဂျက်) ဟာ ရှုံးဖို့တောင် မထိုက်တန်ခဲ့ပါဘူး။အထူးသဖြင့် မက်ဒရစ်ကို အခွင့်အရေးတွေပေးခဲ့တာ ကျနော်မြင်ခဲ့ရတယ်။ ပြီးတော့ ဘာစီလိုနာနဲ့ပွဲကို ကြည့်ဦး။ ရီးရဲလ်ကို ကလေးနဲ့ကစားသလို ကစားသွားတာ။

ကွင်းလယ်ကိုကြည့်ပြီး မင်းအနေနဲ့ ဒီလိုတွေးမိမှာပါ။ ‘အမယ်လေး။ ဒါက သေချာပေါက် သူတို့ရင်ဆိုင်တွေ့ချင်တဲ့အသင်းပဲ ” ဆိုပြီးတော့ပေါ့။ ပြီးတော့ အဆိုးဆုံးအပိုင်းက အဲ့ဒါက ဒီရာသီရဲ့ အလွယ်ဆုံးပွဲ ဖြစ်ခဲ့တာပဲ။

အဆိုးဆုံး ဆိုတာထက်တောင် ပိုဆိုးပါသေးတယ်။ မက်ဒရစ်နဲ့ဆိုရင် အိမ်ကွင်းမှာဖြစ်ဖြစ် ဘယ်မှာဖြစ်ဖြစ် သူတို့အတွက် အဲ့လိုမျိုး လွယ်ကူတဲ့ပွဲတွေပဲ ဖြစ်နေမှာပါ ” လို့ ချယ်ဆီးနည်းပြဟောင်းက ဝေဖန်ခဲ့တာဖြစ်ပါတယ်။

Sports Home Time