[Zawgyi] ယူႏိုက္တက္ကေန ေမာ္ရင္ညိဳ ထြက္ခြာျပီဆိုတဲ့ သတင္းနဲ႔ပက္သက္ျပီး မန္ေနဂ်ာရဲ႕ေအးဂ်န္႔ျဖစ္သူ Jorge Mendes က ေၾကညာခ်က္ ထုတ္ျပန္လာပါတယ္။ Mendes ကေတာ့ ေမာ္ရင္ညိဳက ယူႏိုက္တက္မွာပဲ ဆက္ရွိေနမွာျဖစ္ျပီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ အလုပ္တြဲလုပ္ရတာကို ေပ်ာ္ရႊင္ေနတယ္လို႔ အတည္ျပဳလိုက္တာပါ။
ကမၻာေက်ာ္ေဘာလံုးသမားေတြနဲ႔ မန္ေနဂ်ာေတြကို ေအးဂ်န္႔အျဖစ္ ကိုယ္စားျပဴေနတဲ့ Mendes ဟာ ေဘာလံုးေလာကရဲ႕ အရွိန္အဝါၾကီးမားသူတစ္ဦးပါ။ သူ႔ရဲ႕ ထုတ္ျပန္ခ်က္ကို တယ္လီဂရပ္သတင္းဌာနကေန ေဖာ္ျပလာခဲ့တာျဖစ္ပါတယ္။ ေမာ္ရင္ညိဳဟာ ယူႏိုက္တက္နဲ႔ ဒီႏွစ္ကမွ သက္တမ္းတိုးစာခ်ဳပ္ကို ခ်ဳပ္ဆိုထားတာပါ။ မန္ခ်က္စတာကလပ္ဟာ အသင္းရဲ႕ ကာလရွည္ မန္ေနဂ်ာအျဖစ္ ေမာ္ရင္ညိဳကို ရည္ရြယ္ခ်က္ေကာင္းေတြနဲ႔ 2020 ထိ စာခ်ဳပ္ခ်ဳပ္ထားတာျဖစ္ပါတယ္။
Mendes က ေျပာရာမွာ “ မန္ခ်က္စတာယူႏိုက္တက္ကေန ေမာ္ရင္ညိဳ ထြက္ခြာသြားေတာ့မယ္လို႔ ထြက္ေပၚေနတဲ့ သတင္းေတြက မမွန္ပါဘူး။ ေမာ္ရင္ညိဳဟာ ယူႏိုက္တက္မွာ ေပ်ာ္ရႊင္ေနျပီး ကလပ္အသင္းကလည္း သူနဲ႔ တြဲလုပ္ရတာကို ေပ်ာ္ရႊင္ေနပါတယ္။ သူဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ရည္ရြယ္ခ်က္ေတြ ေအာင္ျမင္ဖို႔ရာ ကလပ္အသင္းကို ေရရွည္တည္ေဆာက္ဖို႔ ကာလရွည္ စာခ်ဳပ္ရွိထားသူပါ ” လို႔ ေျပာဆိုခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ေနာက္ဆံုးယွဥ္ျပိဳင္ကစားထားတဲ့ ေလးပြဲမွာ အႏိုင္မရထားပဲ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ 8 မွတ္ျပတ္ေနပါတယ္။ ဒါ့အျပင္ ျမိဳ႕ခံျပိဳင္ဘက္ မန္စီးတီးနဲ႔လည္း 18 မွတ္ထိ ျပတ္က်န္ေနတဲ့ အေနအထားျဖစ္ပါတယ္။ အာဆင္နယ္နဲ႔ပြဲမတိုင္ခင္ ေဆာက္တမ္တန္ကို သေရက်ခဲ့တုန္းက ယူႏိုက္တက္ အဆင့္ေလးထဲကို ဝင္ဖို႔ဆိုရင္ အံ့ဖြယ္ ကိစၥေတြ ျဖစ္ေပၚလာမွပဲ ရေတာ့မယ္လို႔ ေမာ္ရင္ညိဳက ေျပာဆိုခဲ့ေသးတာပါ။
အိုထရတ္ဖိုဒ့္မွာ အာဆင္နယ္နဲ႔ သေရက်ျပီးတဲ့ေနာက္ ဒီကေန႔မွာေတာ့ ယူႏိုက္တက္ဟာ ေမာ္ရင္ညိဳေနရာမွာ အစားထိုးဖို႔ ေတာ္တင္ဟမ္အသင္း မန္ေနဂ်ာ ပိုခ်က္တီႏိုကို ကမ္းလွမ္းမယ္လို႔ သတင္းေတြ ထြက္လာေနခဲ့တာပါ။ ယူႏိုက္တက္ကို ခ်န္ပီယံလိဂ္ဝင္ခြင့္ ယိမ္းယိုင္ေစခဲ့တဲ့ ေမာ္ရင္ညိဳကို ရာထူးက ထုတ္ပယ္မယ္ဆိုရင္ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေျမာက္မ်ားစြာ ေပးရမွာျဖစ္ပါတယ္။
ဒီအပတ္မွာေတာ့ ယူႏိုက္တက္ဟာ တန္းဆင္းဇုန္မွာ ရုန္းကန္ေနရတဲ့ ဖူလ္ဟမ္အသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ျပီး အႏိုင္ရလဒ္ကို ရယူႏိုင္ဖုိ႔ အေရးတၾကီး လိုအပ္ေနပါျပီ။ မန္ေနဂ်ာသစ္ ေျပာင္းလဲခန္႔အပ္ထားတဲ့ ဖူလ္ဟမ္ဟာ နည္းဗ်ဴဟာသစ္ေတြေအာက္မွာ အသားက်ဖို႔ ရုန္းကန္ေနရဆဲ အသင္းလည္းျဖစ္ပါတယ္။
Sports Home Time

[Unicode] ယူနိုက်တက်ကနေ မော်ရင်ညို ထွက်ခွာပြီဆိုတဲ့ သတင်းနဲ့ပက်သက်ပြီး မန်နေဂျာရဲ့အေးဂျန့်ဖြစ်သူ Jorge Mendes က ကြေညာချက် ထုတ်ပြန်လာပါတယ်။ Mendes ကတော့ မော်ရင်ညိုက ယူနိုက်တက်မှာပဲ ဆက်ရှိနေမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ အလုပ်တွဲလုပ်ရတာကို ပျော်ရွှင်နေတယ်လို့ အတည်ပြုလိုက်တာပါ။
ကမ္ဘာကျော်ဘောလုံးသမားတွေနဲ့ မန်နေဂျာတွေကို အေးဂျန့်အဖြစ် ကိုယ်စားပြူနေတဲ့ Mendes ဟာ ဘောလုံးလောကရဲ့ အရှိန်အဝါကြီးမားသူတစ်ဦးပါ။ သူ့ရဲ့ ထုတ်ပြန်ချက်ကို တယ်လီဂရပ်သတင်းဌာနကနေ ဖော်ပြလာခဲ့တာဖြစ်ပါတယ်။ မော်ရင်ညိုဟာ ယူနိုက်တက်နဲ့ ဒီနှစ်ကမှ သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုထားတာပါ။ မန်ချက်စတာကလပ်ဟာ အသင်းရဲ့ ကာလရှည် မန်နေဂျာအဖြစ် မော်ရင်ညိုကို ရည်ရွယ်ချက်ကောင်းတွေနဲ့ 2020 ထိ စာချုပ်ချုပ်ထားတာဖြစ်ပါတယ်။
Mendes က ပြောရာမှာ “ မန်ချက်စတာယူနိုက်တက်ကနေ မော်ရင်ညို ထွက်ခွာသွားတော့မယ်လို့ ထွက်ပေါ်နေတဲ့ သတင်းတွေက မမှန်ပါဘူး။ မော်ရင်ညိုဟာ ယူနိုက်တက်မှာ ပျော်ရွှင်နေပြီး ကလပ်အသင်းကလည်း သူနဲ့ တွဲလုပ်ရတာကို ပျော်ရွှင်နေပါတယ်။ သူဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ရာ ကလပ်အသင်းကို ရေရှည်တည်ဆောက်ဖို့ ကာလရှည် စာချုပ်ရှိထားသူပါ ” လို့ ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ နောက်ဆုံးယှဉ်ပြိုင်ကစားထားတဲ့ လေးပွဲမှာ အနိုင်မရထားပဲ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ 8 မှတ်ပြတ်နေပါတယ်။ ဒါ့အပြင် မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့လည်း 18 မှတ်ထိ ပြတ်ကျန်နေတဲ့ အနေအထားဖြစ်ပါတယ်။ အာဆင်နယ်နဲ့ပွဲမတိုင်ခင် ဆောက်တမ်တန်ကို သရေကျခဲ့တုန်းက ယူနိုက်တက် အဆင့်လေးထဲကို ဝင်ဖို့ဆိုရင် အံ့ဖွယ် ကိစ္စတွေ ဖြစ်ပေါ်လာမှပဲ ရတော့မယ်လို့ မော်ရင်ညိုက ပြောဆိုခဲ့သေးတာပါ။
အိုထရတ်ဖိုဒ့်မှာ အာဆင်နယ်နဲ့ သရေကျပြီးတဲ့နောက် ဒီကနေ့မှာတော့ ယူနိုက်တက်ဟာ မော်ရင်ညိုနေရာမှာ အစားထိုးဖို့ တော်တင်ဟမ်အသင်း မန်နေဂျာ ပိုချက်တီနိုကို ကမ်းလှမ်းမယ်လို့ သတင်းတွေ ထွက်လာနေခဲ့တာပါ။ ယူနိုက်တက်ကို ချန်ပီယံလိဂ်ဝင်ခွင့် ယိမ်းယိုင်စေခဲ့တဲ့ မော်ရင်ညိုကို ရာထူးက ထုတ်ပယ်မယ်ဆိုရင် စာချုပ်ဖျက်သိမ်းကြေး မြောက်များစွာ ပေးရမှာဖြစ်ပါတယ်။
ဒီအပတ်မှာတော့ ယူနိုက်တက်ဟာ တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့ ဖူလ်ဟမ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ရလဒ်ကို ရယူနိုင်ဖို့ အရေးတကြီး လိုအပ်နေပါပြီ။ မန်နေဂျာသစ် ပြောင်းလဲခန့်အပ်ထားတဲ့ ဖူလ်ဟမ်ဟာ နည်းဗျူဟာသစ်တွေအောက်မှာ အသားကျဖို့ ရုန်းကန်နေရဆဲ အသင်းလည်းဖြစ်ပါတယ်။
Sports Home Time
