[Zawgyi] ဒေါ့မွန် နဲ့ စပါး ပွဲအတွက် ပွဲချိန်/ ထူးခြားသတင်း/ လူစာရင်း/ ပွဲကြို စိန်ခေါ်စကားများ/ ရေပန်းစားမှု/ ရလဒ်ခန့်မှန်းတွေကို စုစည်း ဖော်ပြထားတာ ဖြစ်ပါတယ်။
ဘယ်လိုတက်ရောက်လာသလဲ
အိမ်ရှင် – ဒေါ့မွန်
အဝေးအသင်း – စပါး
ဘယ်အချိန်ကန်မှာလဲ?
၁၆ သင်းရှူံးထွက် – ပထမအကျော့ရလဒ်
အလေးပေးခြင်းများ
- Dortmund to win: 19/20
- Draw: 29/10
- Tottenham to win: 29/10
ပွဲကြိုခန့်မှန်းမှု?
Sports Home Time
[Unicode] ဒေါ့မွန် နဲ့ စပါး ပွဲအတွက် ပွဲချိန်/ ထူးခြားသတင်း/ လူစာရင်း/ ပွဲကြို စိန်ခေါ်စကားများ/ ရေပန်းစားမှု/ ရလဒ်ခန့်မှန်းတွေကို စုစည်း ဖော်ပြထားတာ ဖြစ်ပါတယ်။
ဘယ်လိုတက်ရောက်လာသလဲ
အိမ်ရှင် – ဒေါ့မွန်
ဒီရာသီ ပြည်တွင်းမှာကော ပြည်ပမှာပါ ခြေစွာနေတဲ့ ဒေါ့မွန်ဟာ ဆုဖလားတွေကို စိန်ခေါ်နိုင်မယ့် ကလပ်အသင်းအဖြစ် ခြေစွမ်းပြနေတယ်။ အုပ်စုတွင်းမှာ ဒုတိယနေရာကက အသင်းထက် 5 မှတ်အသာနဲ့ ရံှူးထွက်ကို တက်ရောက်လာနိုင်တာဖြစ်တယ်။ လက်တလောမှာ ဒေါ့မွန်ုတို့ ခြေကျနေပါတယ်။ တိုက်စစ်က ဂိုးသွင်းနိုင်စွမ်းရှိလို့ စပါးဘက်ကို ဂိုးသွင်းမယ်လို့ မျှော်မှန်းရပေမယ့် လိုအပ်သလောက် သွင်းနိုင်မယ် မသေချာပါဘူး။
အဝေးအသင်း – စပါး
စပါးဟာ အုပ်စုတွင်း ပထမဆုံး 3 ပွဲမှာ 1 မှတ်ပဲ ရခဲ့ပါတယ်။ ဒါပေမယ့် လက်ကျန် 3 ပွဲမှာ အုပ်စုနေ လွတ်မြောက်လိုတဲ့ ဆန္ဒတွေကို ပြသခဲ့ပြီး အုပ်စုတွင်း နောက်ဆုံးပွဲမှာ ဘာစီလိုနာကို သရေကျခဲ့သလို၊ အင်တာမီလန်က ပီအက်စ်ဗီကို အနိုင်မရခဲ့လို့ အုပ်စု ဒုတိယနဲ့ နောက်တစ်ဆင့်ကို တက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပထမအကျော့ကို မထင်မှတ်စွာပဲ 3-0 နဲ့ အနိုင်ယူထားကာ အဝေးဂိုး တစ်ဂိုးရဖို့ အာရုံစိုက်လာမှာပါ။
ဘယ်အချိန်ကန်မှာလဲ?
မတ်လ ၆၊ ဗုဒ္ဓဟူးနေ့ မနက် ၂း၃၀ နာရီ တိတိ ဖြစ်ပါတယ်။
၁၆ သင်းရံှူးထွက် – ပထမအကျော့ရလဒ်
တော့တင်ဟမ်စပါး 3-0 ဒေါ့မွန် (စပါးအိမ်ကွင်း)
နှစ်သင်းရဲ့ ထူးခြားသတင်း
ဒေါ့မွန်ဘက်မှာ မာကိုးရုစ် ပြန်ပါလာဖို့ရှိတယ်။ ရှမယ်ဇာနဲ့ ပူလာဆစ်တော့ ပါနိုင်ဖို့ မသေချာပါဘူး။ စပါးဘက်က ဟယ်ရီဝင့် ပါဝင်ကစားနိုင်မယ် မထင်ရသလို ဒိုင်ယာနဲ့ အလီအတွဲလည်း လွဲဖို့ ရှိနေပါတယ်။ ဒါပေမယ့်လို့ ဟယ်ရီကိန်း ပြန်ကစားနိုင်ဖို့ ရှိနေပါတယ်။
ဒေါ့မွန် Vs စပါး ခန့်မှန်းလူစာရင်း
Dortmund XI: Burki; Guerreiro, Diallo, Akanji, Hakimi; Witsel, Delaney; Sancho, Reus, Pulisic; Alcacer
Tottenham XI: Lloris; Alderweireld, Sanchez, Vertonghen; Aurier, Sissoko, Wanyama, Davies; Eriksen; Son, Kane
အလေးပေးခြင်းများ
- Dortmund to win: 19/20
- Draw: 29/10
- Tottenham to win: 29/10
ပွဲကြိုခန့်မှန်းမှု?
စပါး ကျော်ဖြတ်နေတဲ့ အနေအထားတွေအရ ဒီပွဲက မပြီးသေးပါဘူး။ သူတို့ လက်စသတ်ရမယ့် ကိစ္စတွေ ရှိနေသေးတယ်။ စပါးက ရှုပ်ထွေးနေပြီး ကစားတာ မကောင်းဘူး။ ထိရောက်မှုနဲ့ စွမ်းအင်တွေရှိပေမယ့် ခံစစ်က ထိခိုက်လွယ်နေတယ်။ ပိုချက်တီနိုက သူ့ရဲ့ အကောင်းဆုံး ခံစစ်အတွဲကို နားမလည်ခြင်းက စပါးကို ဖရိုဖရဲဖြစ်စေတယ်။
ဝင်ဘာလေမှာ ဒေါ့မွန်က ပိုကောင်းတဲ့အသင်း ဖြစ်ပေမယ့်လည်း အဆုံးမှာ စပါးက 3-0 နဲ့ အနိုင်ရခဲ့လို့ ပွဲက ဘယ်လို လျှင်လျှင်မြန်မြန် ပြောင်းလဲသွားနိုင်တယ်ဆိုတာ နားလည်နိုင်တယ်။ နောက်တစ်ဆင့်ကိုတက်ဖို့ စပါးက သွင်းဂိုး တစ်ဂိုးလောက် သွင်းဖို့လိုတယ်။ သူတို့ သွင်းဂိုး တစ်ဂိုးလောက်ပဲလိုလို့ သွင်းနိုင်မယ် ယူဆတယ်။ စပါးအတွက် ကြောက်ရွံ့စရာ ညခြမ်းဖြစ်ပေမယ့် ပွဲကို စိတ်ဝင်စားစေဖို့ ဒေါ့မွန်က ကူညီပါလိမ့်မယ်။
ချာလီ ခန့်မှန်းရလဒ်။ ။ ဒေါ့မွန် 3-1 တော့တင်ဟမ်စပါး
စပါး တစ်ကြိမ်တည်သော ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို လွန်ခဲ့တဲ့ 8 နှစ်က တက်ရောက်နိုင်ခဲ့တယ် ဒါပေမယ့် ဂျာမနီကို သုံးဂိုးအသာနဲ့ သွားရောက် ယှဉ်ပြိုင်မှာဖြစ်တယ်။ ချန်ပီယံလိဂ်သမိုင်းမှာတော့ ပထမအကျော့မှာ 3-0 ရလဒ်ထွက်ပေါ်ထားတာကို ပြောင်းပြန်လှန်ဖို့ ကြိုးစားမှု 7 ကြိမ် ရှိခဲ့ပေမယ့် တစ်ကြိမ်မှ မအောင်မြင်ခဲ့ဘူး။
ဝင်ဘာလေမှာ ယှဉ်ပြိုင်ကစားတဲ့ ပထမအကျော့မှာ နှစ်သင်းလုံး ကစားဟန် ကြွယ်ဝခဲ့ခြင်း မရှိပါဘူး။ သောကြာနေ့မှာ ဒေါ့မွန်က ဘောလုံးပိုင်ဆိုင်မှု 72% ထိရှိပေမယ့် အော့စ်ဘတ်ကို 2-1 နဲ့ အရေးနိမ့်ခဲ့တယ်။ ဒေါ့မွန်ဟာ ဒီရာသီမှာ ဘွန်ဒက်လီဂါကို သက်သောင့်သက်သာနဲ့ ဦးဆောင်ခဲ့ပေမယ့် အခုချိန်မှာ သွင်းဂိုး ကွာခြားမှုနဲ့ပဲ ဦးဆောင်နိုင်ပါတော့တယ်။
စပါးက နောက်ဆုံး ချန်ပီယံလိဂ်ပွဲ 17 ပွဲမှာ ဂိုးသွင်းထားတယ်။ စပါးဘက်က တစ်ဂိုးသွင်းရင် ဒေါ့မွန်က ကွာတားအဆင့်ကို တက်ရောက်ဖို့ 5 ဂိုးထိ သွင်းရမှာဖြစ်တယ်။ ပရီးမီးယားလိဂ်အသင်းက ဂိုးတော့ သွင်းနိုင်ပြီး သောကြာနေ့ မဲခွဲပွဲမှာ ရှိနေပါလိမ့်မယ်။
မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ ဒေါ့မွန် 3-1 တော့တင်ဟမ်စပါး
Sports Home Time