ခ်န္ပီယံလိဂ္ ရွံဳးထြက္ ဒုတိယအေက်ာ့ ပြဲစဥ္မ်ားအတြက္ စကိုင္းစေပါ့ ခန္႔မွန္းသံုးသပ္ခ်က္

[Zawgyi] ဒီတပတ္ ခ်န္ပီယံလိဂ္ ၁၆သင္း အဆင့္ ရွံဳးထြက္ ပထမအေက်ာ့ ပြဲစဥ္မ်ားအတြက္ စကိုင္းစေပါ့မွ ကၽြမ္းက်င္သူ ခ်ာလီ နစ္ကိုလပ္စ္ရဲ႕ ခန္႔မွန္းသံုးသပ္ခ်က္မ်ား စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

ေဒါ့မြန္ Vs ေတာ့တင္ဟမ္စပါး

မတ္လ ၆၊ ဗုဒၶဟူးေန႔ မနက္ ၂း၃၀ နာရီ

ပထမအေက်ာ့ရလဒ္။ ။ ေတာ့တင္ဟမ္စပါး 3-0 ေဒါ့မြန္

စပါး ေက်ာ္ျဖတ္ေနတဲ့ အေနအထားေတြအရ ဒီပြဲက မျပီးေသးပါဘူး။ သူတို႔ လက္စသတ္ရမယ့္ ကိစၥေတြ ရွိေနေသးတယ္။ စပါးက ရႈပ္ေထြးေနျပီး ကစားတာ မေကာင္းဘူး။ ထိေရာက္မႈနဲ႔ စြမ္းအင္ေတြရွိေပမယ့္ ခံစစ္က ထိခိုက္လြယ္ေနတယ္။ ပိုခ်က္တီႏိုက သူ႔ရဲ႕ အေကာင္းဆံုး ခံစစ္အတြဲကို နားမလည္ျခင္းက စပါးကို ဖရိုဖရဲျဖစ္ေစတယ္။

ဝင္ဘာေလမွာ ေဒါ့မြန္က ပိုေကာင္းတဲ့အသင္း ျဖစ္ေပမယ့္လည္း အဆံုးမွာ စပါးက 3-0 နဲ႔ အႏုိင္ရခဲ့လို႔ ပြဲက ဘယ္လို လွ်င္လွ်င္ျမန္ျမန္ ေျပာင္းလဲသြားႏုိင္တယ္ဆိုတာ နားလည္ႏိုင္တယ္။ ေနာက္တစ္ဆင့္ကိုတက္ဖုိ႔ စပါးက သြင္းဂိုး တစ္ဂိုးေလာက္ သြင္းဖို႔လိုတယ္။ သူတို႔ သြင္းဂိုး တစ္ဂိုးေလာက္ပဲလိုလို႔ သြင္းႏုိင္မယ္ ယူဆတယ္။ စပါးအတြက္ ေၾကာက္ရြံ႔စရာ ညျခမ္းျဖစ္ေပမယ့္ ပြဲကို စိတ္ဝင္စားေစဖို႔ ေဒါ့မြန္က ကူညီပါလိမ့္မယ္။

ခ်ာလီ ခန္႔မွန္းရလဒ္။ ။ ေဒါ့မြန္ 3-1 ေတာ့တင္ဟမ္စပါး

ရီးရဲလ္မက္ဒရစ္ Vs ေအဂ်က္

မတ္လ ၆၊ ဗုဒၶဟူးေန႔ မနက္ ၂း၃၀ နာရီ

ပထမအေက်ာ့ရလဒ္။ ။ ေအဂ်က္ 1-2 ရီးရဲလ္မက္ဒရစ္

ရီးရဲလ္က ခန္းမွန္းရခက္တဲ့ အသင္းပါ။ မက္ဒရစ္ဒါဘီမွာ အႏုိင္ရႏိုင္ေပမယ့္ ဘာစီလိုနာကို အေရးနိမ့္ခဲ့တယ္။ ေအးဂ်က္က တိုက္စစ္ဆင္ရတာကို ႏွစ္သက္ျပီး ဥေရာပကို ဆြဲေဆာင္မႈေကာင္းေကာင္း ျပန္ဝင္လာတယ္။ ဒါေပမယ့္လို႔ သူတို႔ ေနာက္တစ္ဆင့္ကို ေက်ာ္ျဖတ္ဖို႔ မျမင္ပါဘူး။ ရီးရဲလ္က ဒီလိုပြဲအတြက္ေတာ့ လံုေလာက္ျပီး အႏုိင္ယူႏုိင္ပါတယ္။

ခ်ာလီ ခန္႔မွန္းရလဒ္။ ။ ရီးရဲလ္မက္ဒရစ္ 3-1 ေအဂ်က္

ေပၚတို Vs ရိုးမား

မတ္လ ၇၊ ၾကာသပေတးေန႔ မနက္ ၂း၃၀ နာရီ

ပထမအေက်ာ့ရလဒ္။ ။ ရိုးမား 2-1 ေပၚတို

ဒုတိယအေက်ာ့က ေမွ်ာ္လင့္ထားတာထက္ ပိုခက္ခဲႏုိင္တယ္။ ရိုးမားပဲ ေနာက္တစ္ဆင့္ကို တက္သြားမယ္လို႔ ထင္ပါတယ္။ ဒီဇီကို ပထမအေက်ာ့မွာ ဂိုးမသြင္းႏုိင္ေပမယ့္ Zaniolo က ဒီလို ပြဲေတြမွာ ေကာင္းပါတယ္။ ရိုးမားက အႏုိင္ရမယ္ဆိုရင္ အံ့ၾသမွာ မဟုတ္ပါဘူး။

ခ်ာလီ ခန္႔မွန္းရလဒ္။ ။ ေပၚတို 0-1 ရိုးမား

ပီအက္စ္ဂ်ီ Vs မန္ယူနိုက္တက္

မတ္လ ၇၊ ၾကာသပေတးေန႔ မနက္ ၂း၃၀ နာရီ

ပထမအေက်ာ့ရလဒ္။ ။ မန္ယူနိုက္တက္ 0-2 ပီအက္စ္ဂ်ီ

ေနမာ မပါႏုိင္ေပမယ့္ ကာဗာနီ ျပန္သက္သာလာပါျပီ။ သီတင္းပတ္အကုန္က အမ္ဘတ္ပီ ဂိုးေတြ ထပ္သြင္းထားေသးတယ္။ ယူႏုိက္တက္က ဘယ္လို ရလဒ္မွ ယူႏုိင္မယ္ မျမင္ပါဘူး။ ပီအက္ဂ်ီက ေဘာလံုးပိုင္ဆိုင္မႈကို ထိန္းခ်ဳပ္ျပီး အခ်ိန္ယူ ကစားပါမယ္။ ယူႏုိက္တက္မွာ ခံစစ္ျပႆနာေတြ ရွိေနေသးျပီး ပီအက္ဂ်ီက ထပ္မံ အႏုိင္ယူမယ္လို႔ ယူဆတယ္။

ပီအက္ဂ်ီက ယူႏုိက္တက္ထက္ ပိုေကာင္းပါတယ္။ ယူႏုိက္တက္မွာ ဒဏ္ရာျပႆနာေတြရွိျပီး ပီအက္ဂ်ီမွာလည္း အဲ့သည္လို ျပႆနာေတြရွိတယ္။ တကယ္တမ္းမွာ ယူႏုိက္တက္ဟာ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲထက္စာရင္ အဆင့္ေလးအတြင္း ဝင္ဖို႔နဲ႔ ဆက္လက္ ယွဥ္ျပိဳင္ေနဆဲ အက္ဖ္ေအဖလားကိုပဲ အဓိက ၾကိဳးစားေနတာပါ။

ခ်ာလီ ခန္႔မွန္းရလဒ္။ ။ ပီအက္စ္ဂ်ီ 2-0 မန္ယူနိုက္တက္

Sports Home Time

[Unicode] ဒီတပတ် ချန်ပီယံလိဂ် ၁၆သင်း အဆင့် ရှုံးထွက် ပထမအကျော့ ပွဲစဉ်များအတွက် စကိုင်းစပေါ့မှ ကျွမ်းကျင်သူ ချာလီ နစ်ကိုလပ်စ်ရဲ့ ခန့်မှန်းသုံးသပ်ချက်များ စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဒေါ့မွန် Vs တော့တင်ဟမ်စပါး

မတ်လ ၆၊ ဗုဒ္ဓဟူးနေ့ မနက် ၂း၃၀ နာရီ

ပထမအကျော့ရလဒ်။ ။ တော့တင်ဟမ်စပါး 3-0 ဒေါ့မွန်

စပါး ကျော်ဖြတ်နေတဲ့ အနေအထားတွေအရ ဒီပွဲက မပြီးသေးပါဘူး။ သူတို့ လက်စသတ်ရမယ့် ကိစ္စတွေ ရှိနေသေးတယ်။ စပါးက ရှုပ်ထွေးနေပြီး ကစားတာ မကောင်းဘူး။ ထိရောက်မှုနဲ့ စွမ်းအင်တွေရှိပေမယ့် ခံစစ်က ထိခိုက်လွယ်နေတယ်။ ပိုချက်တီနိုက သူ့ရဲ့ အကောင်းဆုံး ခံစစ်အတွဲကို နားမလည်ခြင်းက စပါးကို ဖရိုဖရဲဖြစ်စေတယ်။

ဝင်ဘာလေမှာ ဒေါ့မွန်က ပိုကောင်းတဲ့အသင်း ဖြစ်ပေမယ့်လည်း အဆုံးမှာ စပါးက 3-0 နဲ့ အနိုင်ရခဲ့လို့ ပွဲက ဘယ်လို လျှင်လျှင်မြန်မြန် ပြောင်းလဲသွားနိုင်တယ်ဆိုတာ နားလည်နိုင်တယ်။ နောက်တစ်ဆင့်ကိုတက်ဖို့ စပါးက သွင်းဂိုး တစ်ဂိုးလောက် သွင်းဖို့လိုတယ်။ သူတို့ သွင်းဂိုး တစ်ဂိုးလောက်ပဲလိုလို့ သွင်းနိုင်မယ် ယူဆတယ်။ စပါးအတွက် ကြောက်ရွံ့စရာ ညခြမ်းဖြစ်ပေမယ့် ပွဲကို စိတ်ဝင်စားစေဖို့ ဒေါ့မွန်က ကူညီပါလိမ့်မယ်။

ချာလီ ခန့်မှန်းရလဒ်။ ။ ဒေါ့မွန် 3-1 တော့တင်ဟမ်စပါး

ရီးရဲလ်မက်ဒရစ် Vs အေဂျက်

မတ်လ ၆၊ ဗုဒ္ဓဟူးနေ့ မနက် ၂း၃၀ နာရီ

ပထမအကျော့ရလဒ်။ ။ အေဂျက် 1-2 ရီးရဲလ်မက်ဒရစ်

ရီးရဲလ်က ခန်းမှန်းရခက်တဲ့ အသင်းပါ။ မက်ဒရစ်ဒါဘီမှာ အနိုင်ရနိုင်ပေမယ့် ဘာစီလိုနာကို အရေးနိမ့်ခဲ့တယ်။ အေးဂျက်က တိုက်စစ်ဆင်ရတာကို နှစ်သက်ပြီး ဥရောပကို ဆွဲဆောင်မှုကောင်းကောင်း ပြန်ဝင်လာတယ်။ ဒါပေမယ့်လို့ သူတို့ နောက်တစ်ဆင့်ကို ကျော်ဖြတ်ဖို့ မမြင်ပါဘူး။ ရီးရဲလ်က ဒီလိုပွဲအတွက်တော့ လုံလောက်ပြီး အနိုင်ယူနိုင်ပါတယ်။

ချာလီ ခန့်မှန်းရလဒ်။ ။ ရီးရဲလ်မက်ဒရစ် 3-1 အေဂျက်

ပေါ်တို Vs ရိုးမား

မတ်လ ၇၊ ကြာသပတေးနေ့ မနက် ၂း၃၀ နာရီ

ပထမအကျော့ရလဒ်။ ။ ရိုးမား 2-1 ပေါ်တို

ဒုတိယအကျော့က မျှော်လင့်ထားတာထက် ပိုခက်ခဲနိုင်တယ်။ ရိုးမားပဲ နောက်တစ်ဆင့်ကို တက်သွားမယ်လို့ ထင်ပါတယ်။ ဒီဇီကို ပထမအကျော့မှာ ဂိုးမသွင်းနိုင်ပေမယ့် Zaniolo က ဒီလို ပွဲတွေမှာ ကောင်းပါတယ်။ ရိုးမားက အနိုင်ရမယ်ဆိုရင် အံ့သြမှာ မဟုတ်ပါဘူး။

ချာလီ ခန့်မှန်းရလဒ်။ ။ ပေါ်တို 0-1 ရိုးမား

ပီအက်စ်ဂျီ Vs မန်ယူနိုက်တက်

မတ်လ ၇၊ ကြာသပတေးနေ့ မနက် ၂း၃၀ နာရီ

ပထမအကျော့ရလဒ်။ ။ မန်ယူနိုက်တက် 0-2 ပီအက်စ်ဂျီ

နေမာ မပါနိုင်ပေမယ့် ကာဗာနီ ပြန်သက်သာလာပါပြီ။ သီတင်းပတ်အကုန်က အမ်ဘတ်ပီ ဂိုးတွေ ထပ်သွင်းထားသေးတယ်။ ယူနိုက်တက်က ဘယ်လို ရလဒ်မှ ယူနိုင်မယ် မမြင်ပါဘူး။ ပီအက်ဂျီက ဘောလုံးပိုင်ဆိုင်မှုကို ထိန်းချုပ်ပြီး အချိန်ယူ ကစားပါမယ်။ ယူနိုက်တက်မှာ ခံစစ်ပြဿနာတွေ ရှိနေသေးပြီး ပီအက်ဂျီက ထပ်မံ အနိုင်ယူမယ်လို့ ယူဆတယ်။

ပီအက်ဂျီက ယူနိုက်တက်ထက် ပိုကောင်းပါတယ်။ ယူနိုက်တက်မှာ ဒဏ်ရာပြဿနာတွေရှိပြီး ပီအက်ဂျီမှာလည်း အဲ့သည်လို ပြဿနာတွေရှိတယ်။ တကယ်တမ်းမှာ ယူနိုက်တက်ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲထက်စာရင် အဆင့်လေးအတွင်း ဝင်ဖို့နဲ့ ဆက်လက် ယှဉ်ပြိုင်နေဆဲ အက်ဖ်အေဖလားကိုပဲ အဓိက ကြိုးစားနေတာပါ။

ချာလီ ခန့်မှန်းရလဒ်။ ။ ပီအက်စ်ဂျီ 2-0 မန်ယူနိုက်တက်

Sports Home Time