ယူႏုိက္တက္ပြဲကို ဘာစီလိုနာတုန္းကလို အျဖစ္မခံဘူးလို႔ သတိေပးလိုက္တဲ့ တူခ်ယ္

[Zawgyi] ပီအက္ဂ်ီမန္ေနဂ်ာ ေသာမက္စ္တူခ်ယ္က 2017 မွာတုန္းက ျပင္သစ္အသင္း ခံစားခဲ့ရတဲ့ ဘာစီလိုနာကို 6-1 နဲ႔ အေရးနိမ့္မႈလို အေနအထားကို ေနာက္တစ္ၾကိမ္ ထပ္မံမရင္ဆိုင္ရဖို႔ သတိေပးမႈ ျပဳလုပ္လိုက္ပါတယ္။

ပီအက္ဂ်ီဟာ ကက္တလန္ကလပ္ကို အိမ္ကြင္းမွာ 4-0 နဲ႔ အႏုိင္ယူျပီး ပထမအေက်ာ့မွာ ရလဒ္ေကာင္းခဲ့တာပါ။ ဒါေပမယ့္လို႔ ဒုတိယအေက်ာ့ ဘာစီလိုနာ အိမ္ကြင္းကို သြားေရာက္ ယွဥ္ျပိဳင္ရာမွာ 6-1 နဲ႔ အေရးနိမ့္ခဲ့တာ ျဖစ္ပါတယ္။ ဒီႏွစ္မွာေတာ့ ပီအက္ဂ်ီဟာ ယူႏုိက္တက္ရဲ႕ အိမ္ကြင္းမွာ 2-0 နဲ႔ အႏုိင္ယူထားျပီး ဒုတိယအေက်ာ့ကို အိမ္ကြင္းမွာ ျပန္လည္ ဧည့္ခံရပါမယ္။

တူခ်ယ္က ေျပာရာမွာ “ အားလံုးက အဆင္ေျပျပီး က်ေန္ာတို႔က ယံုၾကည္ခ်က္ ရွိေနပါတယ္။ ဒါေပမယ့္ ႏွစ္ေက်ာ့ကစားရမယ့္ ရံွဴးထြက္ပြဲမွာ အခုမွ တစ္ဝက္ပဲ ကစားရပါေသးတယ္။ လူအမ်ားအျပားက ဘာစီလိုနာကို ယွဥ္ျပိဳင္ကစားျပီး 4-0 နဲ႔ အႏုိင္ရေပမယ့္ ဒုတိအေက်ာ့မွာ 6-1 နဲ႔ အေရးနိမ့္ခဲ့ပါတယ္။

အျခားလူေတြကေတာ့ ေပါ့ဘာ မပါႏုိင္လုိ႔ ေကာင္းတယ္လို႔ ေျပာၾကတယ္။ ဒီအျမင္ႏွစ္ခုရဲ႕ ၾကားကို က်ေနာ္တို႔ အေျဖရွာရပါမယ္။ အရမ္းၾကီး ေၾကာက္ရြ႔ံေနလို႔ မရသလို၊ ယံုၾကည္မႈ အရမ္းျပင္းထန္ေနလို႔လည္း မရပါဘူး။ ” လို႔ ေျပာပါတယ္။

တူခ်ယ္ကပဲ ယူႏုိက္တက္နဲ႔ ပြဲမတိုင္ခင္ လိဂ္ပြဲကို အႏုိင္ရတာအတြက္ ေက်နပ္ေနပါတယ္ ” ဒီပြဲကို အႏုိင္ရေအာင္ ၾကိဳးစားႏုိင္ခဲ့တာအတြက္ က်ေန္ာ ေပ်ာ္ရႊင္မိပါတယ္။ ယူႏုိက္တက္လို အသင္းနဲ႔ ရင္ဆိုင္ရမယ့္ပြဲ မတိုင္ခင္ ဒီလိုပြဲကို အႏိုင္ရတာက အေရးၾကီးပါတယ္ ” လို႔ ဆိုပါတယ္။

ပီအက္ဂ်ီအသင္းဟာ မာကြင္ဟိုက ” က်ေနာ္တို႔ ဒီပြဲကို အိုထရတ္ဖိုဒ့္မွာ ယွဥ္ျပိဳင္ကစားခဲ့တုန္းကလို တူညီတဲ့ ခ်ဥ္းကပ္မႈနဲ႔ ၾကိဳးစားဖို႔ လိုပါတယ္။ ဒီပြဲကို လြယ္ကူတယ္ဆိုျပီး ေတြးေနလို႔ မရပါဘူး ” လို႔ သတိေပးတယ္။

အမ္ဘတ္ပီကေတာ့ ” မန္ေနဂ်ာက ယူႏုိက္တက္ အလည္လာမယ့္ ပြဲမတိုင္ခင္ အႏိုင္ယူဖို႔ မွာခဲ့ျပီး က်ေန္ာတို႔ လုပ္ႏိုင္ခဲ့တယ္။ က်ေန္ာတို႔ အိမ္ျပန္မယ္၊ အနားယူမယ္၊ အေရးပါတဲ့ ခ်န္ပီယံလိဂ္ပြဲကို အေကာင္းဆံုး ယွဥ္ျပိဳ္င္ႏိုင္ဖို႔ ျပင္ဆင္ပါမယ္ ” လို႔ ေျပာပါတယ္။

ပဲရစ္ရဲ႕ အိမ္ေရွ႔မင္းသားလို႔ နာမည္ေက်ာ္တဲ့ ေနမာကေတာ့ ဒီပြဲကို ပါႏုိင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္လို႔ ကာဗာနီကေတာ့ ေလ့က်င့္ေရး ျပန္ဆင္းေနျပီး ယူႏုိက္တက္နဲ႔ပြဲမွာ ပါႏိုင္ပါတယ္။ ဥရုေဂြး တိုက္စစ္သမားဟာ ပထမအေက်ာ့မွာတုန္းကေတာ့ ဒဏ္ရာေၾကာင့္ မပါႏုိင္ခဲ့တာျဖစ္ပါတယ္။

Sports Home Time

[Unicode] ပီအက်ဂျီမန်နေဂျာ သောမက်စ်တူချယ်က 2017 မှာတုန်းက ပြင်သစ်အသင်း ခံစားခဲ့ရတဲ့ ဘာစီလိုနာကို 6-1 နဲ့ အရေးနိမ့်မှုလို အနေအထားကို နောက်တစ်ကြိမ် ထပ်မံမရင်ဆိုင်ရဖို့ သတိပေးမှု ပြုလုပ်လိုက်ပါတယ်။

ပီအက်ဂျီဟာ ကက်တလန်ကလပ်ကို အိမ်ကွင်းမှာ 4-0 နဲ့ အနိုင်ယူပြီး ပထမအကျော့မှာ ရလဒ်ကောင်းခဲ့တာပါ။ ဒါပေမယ့်လို့ ဒုတိယအကျော့ ဘာစီလိုနာ အိမ်ကွင်းကို သွားရောက် ယှဉ်ပြိုင်ရာမှာ 6-1 နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ပီအက်ဂျီဟာ ယူနိုက်တက်ရဲ့ အိမ်ကွင်းမှာ 2-0 နဲ့ အနိုင်ယူထားပြီး ဒုတိယအကျော့ကို အိမ်ကွင်းမှာ ပြန်လည် ဧည့်ခံရပါမယ်။

တူချယ်က ပြောရာမှာ “ အားလုံးက အဆင်ပြေပြီး ကျနေ်ာတို့က ယုံကြည်ချက် ရှိနေပါတယ်။ ဒါပေမယ့် နှစ်ကျော့ကစားရမယ့် ရံှူးထွက်ပွဲမှာ အခုမှ တစ်ဝက်ပဲ ကစားရပါသေးတယ်။ လူအများအပြားက ဘာစီလိုနာကို ယှဉ်ပြိုင်ကစားပြီး 4-0 နဲ့ အနိုင်ရပေမယ့် ဒုတိအကျော့မှာ 6-1 နဲ့ အရေးနိမ့်ခဲ့ပါတယ်။

အခြားလူတွေကတော့ ပေါ့ဘာ မပါနိုင်လို့ ကောင်းတယ်လို့ ပြောကြတယ်။ ဒီအမြင်နှစ်ခုရဲ့ ကြားကို ကျနော်တို့ အဖြေရှာရပါမယ်။ အရမ်းကြီး ကြောက်ရွံ့နေလို့ မရသလို၊ ယုံကြည်မှု အရမ်းပြင်းထန်နေလို့လည်း မရပါဘူး။ ” လို့ ပြောပါတယ်။

တူချယ်ကပဲ ယူနိုက်တက်နဲ့ ပွဲမတိုင်ခင် လိဂ်ပွဲကို အနိုင်ရတာအတွက် ကျေနပ်နေပါတယ် ” ဒီပွဲကို အနိုင်ရအောင် ကြိုးစားနိုင်ခဲ့တာအတွက် ကျနေ်ာ ပျော်ရွှင်မိပါတယ်။ ယူနိုက်တက်လို အသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲ မတိုင်ခင် ဒီလိုပွဲကို အနိုင်ရတာက အရေးကြီးပါတယ် ” လို့ ဆိုပါတယ်။

ပီအက်ဂျီအသင်းဟာ မာကွင်ဟိုက ” ကျနော်တို့ ဒီပွဲကို အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားခဲ့တုန်းကလို တူညီတဲ့ ချဉ်းကပ်မှုနဲ့ ကြိုးစားဖို့ လိုပါတယ်။ ဒီပွဲကို လွယ်ကူတယ်ဆိုပြီး တွေးနေလို့ မရပါဘူး ” လို့ သတိပေးတယ်။

အမ်ဘတ်ပီကတော့ ” မန်နေဂျာက ယူနိုက်တက် အလည်လာမယ့် ပွဲမတိုင်ခင် အနိုင်ယူဖို့ မှာခဲ့ပြီး ကျနေ်ာတို့ လုပ်နိုင်ခဲ့တယ်။ ကျနေ်ာတို့ အိမ်ပြန်မယ်၊ အနားယူမယ်၊ အရေးပါတဲ့ ချန်ပီယံလိဂ်ပွဲကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ ပြင်ဆင်ပါမယ် ” လို့ ပြောပါတယ်။

ပဲရစ်ရဲ့ အိမ်ရှေ့မင်းသားလို့ နာမည်ကျော်တဲ့ နေမာကတော့ ဒီပွဲကို ပါနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ ကာဗာနီကတော့ လေ့ကျင့်ရေး ပြန်ဆင်းနေပြီး ယူနိုက်တက်နဲ့ပွဲမှာ ပါနိုင်ပါတယ်။ ဥရုဂွေး တိုက်စစ်သမားဟာ ပထမအကျော့မှာတုန်းကတော့ ဒဏ်ရာကြောင့် မပါနိုင်ခဲ့တာဖြစ်ပါတယ်။

Sports Home Time