[Zawgyi] ယူႏုိက္တက္မန္ေနဂ်ာ ဆိုးရွားက ခ်န္ပီယံလိဂ္မွာ ပီအက္ဂ်ီကို အႏိုင္ယူျပီး ပထမအေက်ာ့က 2-0 နဲ႔ အေရးနိမ့္ထားမႈကို ေက်ာ္ျဖတ္ကာ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏုိင္ဖုိ႔ အသင္းသားေတြက ယံုၾကည္မႈရွိေနတယ္လို႔ ထုတ္ေျပာလာပါတယ္။
ၾကားရက္ ျပင္သစ္ေျမထံ သြားေရာက္ကစားမယ့္ ခ်န္ပီယံလိဂ္ 16 သင္းရံွဴးထြက္အဆင့္ ဒုတိယအေက်ာ့မွာေတာ့ ယူႏုိက္တက္ရဲ႕ ပထမအသင္း လူစာရင္းက အနည္းငယ္ ထိခိုက္မႈေတြ ရွိထားပါတယ္။ အိုထရတ္ဖိုဒ့္ကြင္းမွာ အနီကဒ္ ျပခံထားရတဲ့ ေပါ့ဘာက ပြဲပယ္ခံထားရျပီး မာရွယ္၊ လင္ဂတ္၊ ဟာရဲရား တို႔အျပင္ စီနီယာကစားသမား 9 ဦးထိ ဒဏ္ရာျပႆနာေတြ ပိုင္ဆိုင္ထားတာျဖစ္တယ္။
ဆိုးရွားကေတာ့ ကလပ္အသင္းရဲ႕ လူစာရင္းကေန ျပင္သစ္ေျမမွာ ပီအက္ဂ်ီကို စိတ္ပ်က္ေစမယ့္ အခိုက္အတန္႔ေတြကို ဖန္တီးႏိုင္ဖို႔ ေမွ်ာ္လင့္ေနဆဲျဖစ္တယ္။
ဆိုးရွားက ေျပာရာမွာ ” အသင္းသားေတြက ပြဲကို ယွဥ္ျပိဳင္ျပီး 2-0 နဲ႔ အေရးနိမ့္ခဲ့မႈကို တုန္႔ျပန္ဖို႔ ယံုၾကည္ခ်က္ရွိေနပါတယ္။ ဒါက ခက္ခဲမယ္ဆိုတာ က်ေန္ာတို႔ သိတယ္။ က်ေန္ာတို႔ အိုထရတ္ဖိုဒ့္မွာ ကစားတုန္းက သူတို႔က အသင္းေကာင္းပါ။ ေနာက္ျပီး က်ေန္ာတို႔မွာ ဒဏ္ရာျပႆနာေတြရွိတယ္။ ေကာင္ေလးေတြက ဒီပြဲကို ပါဝင္ကစားလိုပါလိမ့္မယ္။
ဒီပြဲကို ကစားရပါမယ္။ က်ေန္ာတုိ႔ ျမင့္မားတဲ့ေတာင္ကို တက္ႏိုင္ဖို႔ လိုပါတယ္။ အသင္းမွာ အရည္အခ်င္းရွိ ကစားသမားေတြ ပိုင္ဆိုင္ထားျပီး က်ေန္ာတို႔ ဘာေတြရႏိုင္မလဲ ၾကည့္ရေအာင္ပါ။ အၾကီးက်ယ္ဆံုးေတြ ျဖစ္ရင္ ျဖစ္မွာေပါ့။ ” လို႔ ေျပာပါတယ္။
ပီအက္ဂ်ီကို ရင္ဆိုင္ရမယ့္ပြဲမွာ ဒဏ္ရာရကစားသမား ဘယ္ႏွစ္ဦးေလာက္ ျပန္လာႏိုင္မလဲလို႔ သတင္းသမားေတြက ေမးပါတယ္။ ဆိုးရွားက ” က်ေန္ာ္ တကယ္ကို မသိပါဘူး။ အေျခအေနကေတာ့ အဲ့သည္လို မထင္ရဘူး။ ေလ့က်င့္ေရး ျပန္မဆင္းႏိုင္ေသးတဲ့ မာရွယ္ကိုလည္း စြန္႔စားသံုးဖို႔ မရွိဘူး။ အဲ့သည္လို႔ လုပ္ႏုိင္မယ္ မထင္ပါဘူး ” လို႔ ေျဖပါတယ္။
ဆိုးရွားက 1999 ခုႏွစ္မွာတုန္းက ဂ်ဴဗင္တပ္ကို အေဝးကြင္းမွာ 3-2 နဲ႔ အႏုိင္ယူခဲ့မႈကို ဥပမာယူဖို႔လည္း တိုက္တြန္းပါတယ္။
” အဲ့တုန္းက အိမ္ကြင္းမွာ 1-1 ပါ။ ေနာက္ အေဝးကြင္းမွာ သူတို႔က 2-0 နဲ႔ အသာရျပီး ရုတ္တရတ္ က်ေန္ာတို႔ကို အႏုိင္ရျပီ ထင္တာေပါ့။ က်ေန္ာတို႔ အေဝးဂိုး တစ္ဂိုးရတဲ့အခါ အေျခအေနေတြက ေျပာင္းလဲသြားတယ္။ အဲ့သည္ေနာက္ 2-2 ျဖစ္လာခဲ့ျပီး က်ေနာ္တုိ႔ အသာျပန္ရလာခဲ့တယ္။
က်ေန္ာတို႔ အဲ့သည္လိုေတြ လုပ္ဖို႔ လိုပါတယ္။ ပြဲမွာ က်ေန္ာတို႔ သြင္းဂိုးေတြရဖို႔ လိုပါတယ္။ သြင္းဂိုးတစ္ဂိုးကို ခပ္ေစာေစာ ရခဲ့မယ္ဆိုရင္ က်ေနာ္တုိ႔က အေျခအေန ျပန္ေကာင္းလာပါမယ္ ” လို႔ ဆိုးရွားက ဆိုခဲ့ပါတယ္။
Sports Home Time

[Unicode] ယူနိုက်တက်မန်နေဂျာ ဆိုးရှားက ချန်ပီယံလိဂ်မှာ ပီအက်ဂျီကို အနိုင်ယူပြီး ပထမအကျော့က 2-0 နဲ့ အရေးနိမ့်ထားမှုကို ကျော်ဖြတ်ကာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ အသင်းသားတွေက ယုံကြည်မှုရှိနေတယ်လို့ ထုတ်ပြောလာပါတယ်။
ကြားရက် ပြင်သစ်မြေထံ သွားရောက်ကစားမယ့် ချန်ပီယံလိဂ် 16 သင်းရံှူးထွက်အဆင့် ဒုတိယအကျော့မှာတော့ ယူနိုက်တက်ရဲ့ ပထမအသင်း လူစာရင်းက အနည်းငယ် ထိခိုက်မှုတွေ ရှိထားပါတယ်။ အိုထရတ်ဖိုဒ့်ကွင်းမှာ အနီကဒ် ပြခံထားရတဲ့ ပေါ့ဘာက ပွဲပယ်ခံထားရပြီး မာရှယ်၊ လင်ဂတ်၊ ဟာရဲရား တို့အပြင် စီနီယာကစားသမား 9 ဦးထိ ဒဏ်ရာပြဿနာတွေ ပိုင်ဆိုင်ထားတာဖြစ်တယ်။
ဆိုးရှားကတော့ ကလပ်အသင်းရဲ့ လူစာရင်းကနေ ပြင်သစ်မြေမှာ ပီအက်ဂျီကို စိတ်ပျက်စေမယ့် အခိုက်အတန့်တွေကို ဖန်တီးနိုင်ဖို့ မျှော်လင့်နေဆဲဖြစ်တယ်။
ဆိုးရှားက ပြောရာမှာ ” အသင်းသားတွေက ပွဲကို ယှဉ်ပြိုင်ပြီး 2-0 နဲ့ အရေးနိမ့်ခဲ့မှုကို တုန့်ပြန်ဖို့ ယုံကြည်ချက်ရှိနေပါတယ်။ ဒါက ခက်ခဲမယ်ဆိုတာ ကျနေ်ာတို့ သိတယ်။ ကျနေ်ာတို့ အိုထရတ်ဖိုဒ့်မှာ ကစားတုန်းက သူတို့က အသင်းကောင်းပါ။ နောက်ပြီး ကျနေ်ာတို့မှာ ဒဏ်ရာပြဿနာတွေရှိတယ်။ ကောင်လေးတွေက ဒီပွဲကို ပါဝင်ကစားလိုပါလိမ့်မယ်။
ဒီပွဲကို ကစားရပါမယ်။ ကျနေ်ာတို့ မြင့်မားတဲ့တောင်ကို တက်နိုင်ဖို့ လိုပါတယ်။ အသင်းမှာ အရည်အချင်းရှိ ကစားသမားတွေ ပိုင်ဆိုင်ထားပြီး ကျနေ်ာတို့ ဘာတွေရနိုင်မလဲ ကြည့်ရအောင်ပါ။ အကြီးကျယ်ဆုံးတွေ ဖြစ်ရင် ဖြစ်မှာပေါ့။ ” လို့ ပြောပါတယ်။
ပီအက်ဂျီကို ရင်ဆိုင်ရမယ့်ပွဲမှာ ဒဏ်ရာရကစားသမား ဘယ်နှစ်ဦးလောက် ပြန်လာနိုင်မလဲလို့ သတင်းသမားတွေက မေးပါတယ်။ ဆိုးရှားက ” ကျနေ်ာ် တကယ်ကို မသိပါဘူး။ အခြေအနေကတော့ အဲ့သည်လို မထင်ရဘူး။ လေ့ကျင့်ရေး ပြန်မဆင်းနိုင်သေးတဲ့ မာရှယ်ကိုလည်း စွန့်စားသုံးဖို့ မရှိဘူး။ အဲ့သည်လို့ လုပ်နိုင်မယ် မထင်ပါဘူး ” လို့ ဖြေပါတယ်။
ဆိုးရှားက 1999 ခုနှစ်မှာတုန်းက ဂျူဗင်တပ်ကို အဝေးကွင်းမှာ 3-2 နဲ့ အနိုင်ယူခဲ့မှုကို ဥပမာယူဖို့လည်း တိုက်တွန်းပါတယ်။
” အဲ့တုန်းက အိမ်ကွင်းမှာ 1-1 ပါ။ နောက် အဝေးကွင်းမှာ သူတို့က 2-0 နဲ့ အသာရပြီး ရုတ်တရတ် ကျနေ်ာတို့ကို အနိုင်ရပြီ ထင်တာပေါ့။ ကျနေ်ာတို့ အဝေးဂိုး တစ်ဂိုးရတဲ့အခါ အခြေအနေတွေက ပြောင်းလဲသွားတယ်။ အဲ့သည်နောက် 2-2 ဖြစ်လာခဲ့ပြီး ကျနော်တို့ အသာပြန်ရလာခဲ့တယ်။
ကျနေ်ာတို့ အဲ့သည်လိုတွေ လုပ်ဖို့ လိုပါတယ်။ ပွဲမှာ ကျနေ်ာတို့ သွင်းဂိုးတွေရဖို့ လိုပါတယ်။ သွင်းဂိုးတစ်ဂိုးကို ခပ်စောစော ရခဲ့မယ်ဆိုရင် ကျနော်တို့က အခြေအနေ ပြန်ကောင်းလာပါမယ် ” လို့ ဆိုးရှားက ဆိုခဲ့ပါတယ်။
Sports Home Time
