ရီးရဲလ်မက်ဒရစ် Vs ဘာစီလိုနာ – ပွဲချိန်/ ထူးခြားသတင်း/ လူစာရင်း/ ရေပန်းစားမှု/ ရလဒ်ခန့်မှန်း
[Zawgyi] ရီးရဲလ်မက်ဒရစ် နဲ့ ဘာစီလိုနာ ပွဲအတွက် ပွဲချိန်/ ထူးခြားသတင်း/ လူစာရင်း/ ပွဲကြို စိန်ခေါ်စကားများ/ ရေပန်းစားမှု/ ရလဒ်ခန့်မှန်းတွေကို စုစည်း ဖော်ပြထားတာ ဖြစ်ပါတယ်။
ဘယ်လိုပွဲလဲ?
ဘယ်အချိန်ကန်မှာလဲ?
ပွဲကြိုပြောစကားများ
Sergio Busquets
Santiago Solari
” ကိုပါဒီလေးမှာ ကစားရတဲ့ အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့တဲ့ ဘာစီလိုနာနဲ့ ပွဲကို ဂုဏ်ယူပေမယ့် ဆီမီးအဆင့်မှာတင် ကျနော်တို့ အရေးနိမ့်ခဲ့ပြီး ဗိုလ်လုပွဲမှာ မယှဉ်ပြိုင်နိုင်တာကို ဝမ်းနည်းပါတယ်။ ဒါကြောင့် ကျနော်တို့ ကြိုးစားမှာပါ။ “
အလေးပေးခြင်းများ
  • Real Madrid 6/4
  • Barcelona 6/4
  • Draw 13/5
ပွဲကြိုခန့်မှန်းမှု?
Sports Home Time
[Unicode] ရီးရဲလ်မက်ဒရစ် နဲ့ ဘာစီလိုနာ ပွဲအတွက် ပွဲချိန်/ ထူးခြားသတင်း/ လူစာရင်း/ ပွဲကြို စိန်ခေါ်စကားများ/ ရေပန်းစားမှု/ ရလဒ်ခန့်မှန်းတွေကို စုစည်း ဖော်ပြထားတာ ဖြစ်ပါတယ်။
ဘယ်လိုပွဲလဲ?
ရီးရဲလ် နဲ့ ဘာကာကြား ဒုတိယမြောက် တွေ့ဆုံတဲ့ လာလီဂါပွဲ ဖြစ်ပါတယ်။ ဒီပွဲဟာ ကိုပါဒီလေးမှာ နှစ်ကျော့ပေါင်း 4-1 နဲ့ ဘာကာတို့ အနိုင်ရအပြီး 3 ရက်အကြာမှာ ထိပ်တိုက်ပြန်တွေ့ကြတဲ့ပွဲပါ။
ဘယ်အချိန်ကန်မှာလဲ?
မတ်လ ၃ ရက်၊ တနင်္ဂနွေနေ့ မနက် ၂း၁၅ နာရီ တိတိ ဖြစ်ပါတယ်။
နှစ်သင်းရဲ့ ထူးခြားသတင်း
ရီးရဲလ်မှာ နောက်ဆုံး ငါးပွဲ နေရာမရခဲ့တဲ့ အစ္စကို ပါဝင်မယ် မထင်ရဘူး။ နာချိုက ပွဲပယ်ရှိနေပါတယ်။ ဘေလ်းနဲ့ ရီးရဲလ်အနာဂတ်က ဒီရက်တွေထဲ ခပ်လှုပ်လှုပ်ဖြစ်ပြီး ကိုပါဒီလေးမှာ အရန်လူအဖြစ် ပါဝင်လာခဲ့တယ်။ ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း ကော်တင်ညို ပါဝင်ခွင့်ရမလား မေးခွန်းထုတ်စရာဖြစ်ပေမယ့် ရာဖင်ဟာ၊ ဗာမန်လန်တို့ ဒဏ်ရာရနေကြပါတယ်။
လက်ရှိအဆင့်ရပ်တည်မှု
ပွဲကြိုပြောစကားများ
Sergio Busquets
“ ဘာနေဗျူမှာ ကစားရတာက ခက်ခဲပါတယ်။ ဒါပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည်က အရမ်းကောင်းနေတယ်။ ရီးရဲလ်က ပိုင်ဆိုင်မှုပိုင်းမှာ ပိုကောင်းလာပြီး ကောင်တာတိုက်စစ်တွေကို ကျနေ်ာတို့ ကာကွယ်ရပါမယ်။ ”
Santiago Solari
” ကိုပါဒီလေးမှာ ကစားရတဲ့ အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့တဲ့ ဘာစီလိုနာနဲ့ ပွဲကို ဂုဏ်ယူပေမယ့် ဆီမီးအဆင့်မှာတင် ကျနေ်ာတို့ အရေးနိမ့်ခဲ့ပြီး ဗိုလ်လုပွဲမှာ မယှဉ်ပြိုင်နိုင်တာကို ဝမ်းနည်းပါတယ်။ ဒါကြောင့် ကျနေ်ာတို့ ကြိုးစားမှာပါ။ “
အလေးပေးခြင်းများ
  • Real Madrid 6/4
  • Barcelona 6/4
  • Draw 13/5
ပွဲကြိုခန့်မှန်းမှု?
ဖလားပွဲမှာတုန်းက ရီးရဲလ်ဟာ အကောင်းဆုံး အနေအထားမှာ မရှိခဲ့ပေမယ့် ပိုင်ဆိုင်မှုပိုင်း ပိုကောင်ပြီး တိုက်စစ် ခြိမ်းခြောက်မှုတွေ ပိုများခဲ့တယ်။ ဗင်နီစီးယက် ဂျေအာက ဘာစီလိုနာကို ညာတောင်ပံကနေ ကောင်းကောင်းကြီး ဒုက္ခပေးနိုင်စွမ်း ရှိပါတယ်။ ဒီပွဲက အိမ်ကွင်းဖြစ်ပြီး ရီးရဲလ်ဟာ ဖလားပြိုင်ပွဲတုန်းကလို 3-0 နဲ့ ဂိုးပြတ် အရေးနိမ့်မှုမျိုး ထပ်မပေါ်အောင် ကြိုးစားသွားမှာပါ။
တယ်လီဂရပ် ခန့်မှန်းရလဒ်။ ။ ရီးရဲလ်မက်ဒရစ် 2-2 ဘာစီလိုနာ
ကြားရက်က လိဂ်ဖလားမှာ အရေးနိမ့်ခဲ့မှုကို အကောင်းဆုံး တုန့်ပြန်ပြပြီး ပရိသတ်တွေကို ချွေးသိပ်ဖို့ ရီးရဲလ်က ကြိုးစားပါလိမ့်မယ်။ ဒါပေမယ့်လို့ ဘာစီလိုနာကလည်း အနိုင်ယူဖို့ ခက်ခဲအောင် ခြေစွမ်း ကောင်းနေတဲ့ အသင်းပါ။ ဒီပွဲမှာ ဂိုးအနည်းနဲ့ သရေကျသွားပါလိမ့်မယ်။
Sportsmole ခန့်မှန်းရလဒ်။ ။ ရီးရဲလ်မက်ဒရစ် 1-1 ဘာစီလိုနာ
Sports Home Time