[Zawgyi] လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က မာေဆးဆိုဒ္ဒါဘီပြဲမွာ ဖာဘင္ညိဳ ျပသခဲ့တဲ့ စြမ္းေဆာင္ရည္ကို ေက်နပ္ေနျပီး ျခားနားတဲ့ နည္းစနစ္မွာလည္း ေတာက္ပလာမယ့္ ကစားသမားအျဖစ္ ေထာက္ခံေပးသြားပါတယ္။
ေႏြအေျပာင္းအေရႊ႔မွာ ေခၚယူခဲ့တဲ့ ဖာဘင္ညိဳဟာ သူ႔ရဲ႕ လီဗာပူးကစားသမားဘဝ 10 ပြဲျပည့္ပြဲကို မာေဆးဆိုဒ္ဒါဘီပြဲမွာ ကစားခြင့္ရခဲ့တာပါ။ အသင္းေဖာ္ ဝိုက္နယ္ဒမ္နဲ႔ တြဲဘက္ကာ ကြင္းလယ္ကေန တြဲဘက္ခဲ့ျပီး သန္မာတဲ့ ကစားဟန္နဲ႔အတူ ဧည့္သည္အသင္းရဲ႕ ကစားဟန္ကို ျဖိဳဖ်က္ျပခဲ့ပါတယ္။
“ ေျခလွမ္းၾကီး (သို႔) ေျခလွမ္းငယ္ လွမ္းႏုိင္တဲ့အေပၚ က်ေနာ္ အကဲမျဖတ္ပါဘူး။ သူ႔ထံက စြမ္းေဆာင္ရည္ေကာင္းရခဲ့ပါတယ္။ က်ေနာ္ ေမွ်ာ္လင့္ထားတာေတြ ရခဲ့ပါတယ္။ ဂီနီနဲ႔ ဖာဘင္ညိဳက ခံစစ္ပိုင္းကာကြယ္ဖို႔ အေကာင္းဆံုး တြဲလုပ္ေနခဲ့ပါတယ္။
ဒါဘီပြဲမွာ အေရးၾကီးဆံုးက တိုက္စစ္ပိုင္းကေန က်ေနာ္တို႔ ဘယ္လို ခုခံခဲ့သလဲပါ။ ဒါက အျခားပြဲေတြနဲ႔ ကြားျခားမႈၾကီးပါပဲ။ ဖိအားေပးျခင္းက တကယ္ထူးခၽြန္ခဲ့ပါတယ္။ ဘယ္အသင္းကမွ က်ေနာ္တို႔ အဲဗာတန္ ကစားကြက္တည္ေဆာက္မႈကို ဟန္႔တားသလို မဟန္႔တားႏိုင္ခဲ့ပါဘူး။ သူတို႔က ခ်ယ္ဆီးနဲ႔ အေဝးကြင္းပြဲမွာလည္း သိပ္ေကာင္းခဲ့တဲ့ အသင္းပါ။
အဲဗာတန္နဲ႔ပြဲမွာ မွန္ကန္တဲ့ ေနရာလြတ္ေတြကို အသံုးခ်ႏိုင္ဖုိ႔လိုခဲ့တယ္။ တကယ္ေကာင္းပါတယ္။ အျခားတစ္ဘက္မွာေတာ့ ေဘာလံုးကို ကစားႏိုင္ခဲ့ပံုကလည္း ေကာင္းပါတယ္။ ဖာဘင္ညိဳက ပိုေကာင္းလာႏိုင္ပါတယ္။ ဒါေပမယ့္ ေဘာလံုးရခ်ိန္မွာ တည္ျငိမ္ခဲ့တယ္။ ဒါက သိပ္ေကာင္းတဲ့ စြမ္းေဆာင္ရည္ပါ ” လို႔ ကေလာ့ပ္က ရွင္းျပပါတယ္။
ဖာဘင္ညိဳဟာ သူ႔ရဲ႕ကစားသမားဘဝမွာ 4-2-3-1 ကစားကြက္ကိုပဲ အဓိက က်င္လယ္ခဲ့သူပါ။ ဒါေပမယ့္လို႔ မၾကာခင္မွာပဲ လီဗာပူးရဲ႕ ပံုမွန္ကစားကြက္ျဖစ္တဲ့ 4-3-3 မွာလည္း အသားက်လာမယ္လို႔ ကေလာ့ပ္က ယံုၾကည္ပါတယ္။
“ ဖာဘင္ညိဳက အသားက်လာပါလိမ့္မယ္။ ဒီကစားကြက္ေတြၾကား ျခားနားမႈက မၾကီးမွားပါဘူး။ က်ေနာ္တို႔ရဲ႕ ခံစစ္သမားေတြကို အဖြဲ႔အေနနဲ႔ အေျခက်ေစရမယ္၊ တိုက္စစ္သမားေတြကိုလည္း တုိက္စစ္ပိုင္းစြမ္းရည္ ညိႏိႈင္းမႈေတြမွာ ေပါ့ပါးတဲ့ ပံုစံေတြနဲ႔ ညီညြတ္ေစရပါမယ္။
အလယ္ေၾကာက လွ်င္ျမန္ျပီး ကာကြယ္မႈ ျမင့္မားမယ္ဆိုရင္ ေနာက္္ပိုင္းက ျပႆနာ မရွိပါဘူး။ ဒါေၾကာင့္ပဲ ဒီအေနအထားေတြကို က်ေနာ္တုိ႔ ၾကိဳးစားေနတာပါ။ ဖာဘင္ညိဳက နံပါတ္ 6 ေနရာမွာ အသင္းနဲ႔အတူ အသားက်လာျပီလို႔ ခံစားရတယ္။ ဒါေပမယ့္ အျခားေသာ စနစ္ေတြမွာ ကစားဖို႔လည္း အသားက်လာပါဦးမယ္ ” လို႔ ကေလာ့ပ္က ဆိုသြားပါတယ္။
Sports Home Time
[Unicode] လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က မာဆေးဆိုဒ်ဒါဘီပွဲမှာ ဖာဘင်ညို ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကို ကျေနပ်နေပြီး ခြားနားတဲ့ နည်းစနစ်မှာလည်း တောက်ပလာမယ့် ကစားသမားအဖြစ် ထောက်ခံပေးသွားပါတယ်။
နွေအပြောင်းအရွှေ့မှာ ခေါ်ယူခဲ့တဲ့ ဖာဘင်ညိုဟာ သူ့ရဲ့ လီဗာပူးကစားသမားဘဝ 10 ပွဲပြည့်ပွဲကို မာဆေးဆိုဒ်ဒါဘီပွဲမှာ ကစားခွင့်ရခဲ့တာပါ။ အသင်းဖော် ဝိုက်နယ်ဒမ်နဲ့ တွဲဘက်ကာ ကွင်းလယ်ကနေ တွဲဘက်ခဲ့ပြီး သန်မာတဲ့ ကစားဟန်နဲ့အတူ ဧည့်သည်အသင်းရဲ့ ကစားဟန်ကို ဖြိုဖျက်ပြခဲ့ပါတယ်။
“ ခြေလှမ်းကြီး (သို့) ခြေလှမ်းငယ် လှမ်းနိုင်တဲ့အပေါ် ကျနော် အကဲမဖြတ်ပါဘူး။ သူ့ထံက စွမ်းဆောင်ရည်ကောင်းရခဲ့ပါတယ်။ ကျနော် မျှော်လင့်ထားတာတွေ ရခဲ့ပါတယ်။ ဂီနီနဲ့ ဖာဘင်ညိုက ခံစစ်ပိုင်းကာကွယ်ဖို့ အကောင်းဆုံး တွဲလုပ်နေခဲ့ပါတယ်။
ဒါဘီပွဲမှာ အရေးကြီးဆုံးက တိုက်စစ်ပိုင်းကနေ ကျနော်တို့ ဘယ်လို ခုခံခဲ့သလဲပါ။ ဒါက အခြားပွဲတွေနဲ့ ကွားခြားမှုကြီးပါပဲ။ ဖိအားပေးခြင်းက တကယ်ထူးချွန်ခဲ့ပါတယ်။ ဘယ်အသင်းကမှ ကျနော်တို့ အဲဗာတန် ကစားကွက်တည်ဆောက်မှုကို ဟန့်တားသလို မဟန့်တားနိုင်ခဲ့ပါဘူး။ သူတို့က ချယ်ဆီးနဲ့ အဝေးကွင်းပွဲမှာလည်း သိပ်ကောင်းခဲ့တဲ့ အသင်းပါ။
အဲဗာတန်နဲ့ပွဲမှာ မှန်ကန်တဲ့ နေရာလွတ်တွေကို အသုံးချနိုင်ဖို့လိုခဲ့တယ်။ တကယ်ကောင်းပါတယ်။ အခြားတစ်ဘက်မှာတော့ ဘောလုံးကို ကစားနိုင်ခဲ့ပုံကလည်း ကောင်းပါတယ်။ ဖာဘင်ညိုက ပိုကောင်းလာနိုင်ပါတယ်။ ဒါပေမယ့် ဘောလုံးရချိန်မှာ တည်ငြိမ်ခဲ့တယ်။ ဒါက သိပ်ကောင်းတဲ့ စွမ်းဆောင်ရည်ပါ ” လို့ ကလော့ပ်က ရှင်းပြပါတယ်။
ဖာဘင်ညိုဟာ သူ့ရဲ့ကစားသမားဘဝမှာ 4-2-3-1 ကစားကွက်ကိုပဲ အဓိက ကျင်လယ်ခဲ့သူပါ။ ဒါပေမယ့်လို့ မကြာခင်မှာပဲ လီဗာပူးရဲ့ ပုံမှန်ကစားကွက်ဖြစ်တဲ့ 4-3-3 မှာလည်း အသားကျလာမယ်လို့ ကလော့ပ်က ယုံကြည်ပါတယ်။
“ ဖာဘင်ညိုက အသားကျလာပါလိမ့်မယ်။ ဒီကစားကွက်တွေကြား ခြားနားမှုက မကြီးမှားပါဘူး။ ကျနော်တို့ရဲ့ ခံစစ်သမားတွေကို အဖွဲ့အနေနဲ့ အခြေကျစေရမယ်၊ တိုက်စစ်သမားတွေကိုလည်း တိုက်စစ်ပိုင်းစွမ်းရည် ညိနှိုင်းမှုတွေမှာ ပေါ့ပါးတဲ့ ပုံစံတွေနဲ့ ညီညွတ်စေရပါမယ်။
အလယ်ကြောက လျှင်မြန်ပြီး ကာကွယ်မှု မြင့်မားမယ်ဆိုရင် နောက်ပိုင်းက ပြဿနာ မရှိပါဘူး။ ဒါကြောင့်ပဲ ဒီအနေအထားတွေကို ကျနော်တို့ ကြိုးစားနေတာပါ။ ဖာဘင်ညိုက နံပါတ် 6 နေရာမှာ အသင်းနဲ့အတူ အသားကျလာပြီလို့ ခံစားရတယ်။ ဒါပေမယ့် အခြားသော စနစ်တွေမှာ ကစားဖို့လည်း အသားကျလာပါဦးမယ် ” လို့ ကလော့ပ်က ဆိုသွားပါတယ်။
Sports Home Time
