ငယ်စဉ်က ဘောလုံးအသင်းတွေရဲ့ ငြင်းပယ်ခြင်းခံခဲ့ရတဲ့ နာမည်ကျော်များ

လက်ရှိအချိန်မှာ နာမည်ကြီး ဘောလုံးကစားသမားတွေ ဖြစ်နေပေမယ့် ငယ်စဉ်ကတော့ ကလပ်အသင်းတွေရဲ့ ငြင်းပယ်ခြင်း ခံခဲ့ရတဲ့ ကစားသမားတွေ ရှိခဲ့ပါတယ်။ အခု အဲဒီလို ကစားသမားတွေအကြောင်း ပြန်လည် စုစည်း ဖော်ပြပေးလိုက်ပါတယ်။

Luke Shaw – Chelsea

ငယ်ငယ်တုန်းထဲက ချယ်ဆီးပရိသတ်ဖြစ်တဲ့ ရှောဟာ ကလပ်ရဲ့ Guildford တိုးတက်ရေးစင်တာမှာ ကစားခဲ့တာပါ။ ဒါပေမယ့် အကယ်ဒမီကိုတော့ မရောက်ခဲ့ပါဘူး။ အဲ့ဒီ့အစား ရှောဟာ အသက် 8 နှစ်မှာ ဆောက်သမ်တန် အကယ်ဒမီနဲ့ ပူးပေါင်းခဲ့ပြီး 2014 မှာ မန်ယူနိုက်တက် ကို ငွေပမာဏ အမြောက်အမြားနဲ့ မပြောင်းရွှေ့ခင်အထိ အဲ့ဒီ့မှာပဲ နေခဲ့ပါတယ်။

Harry Kane – Arsenal

ကိန်းဟာ အာဆင်နယ် အကယ်ဒမီမှာ 1 နှစ်တက်ခဲ့ပြီးနောက် အရပ်နဲ့ သွက်လက်မှု မရှိတာကြောင့် ထွက်ခဲ့ရပါတယ်။ 2015 တုန်းက အာဆင်ဝင်းဂါးဟာ ကလပ်အနေနဲ့ သူ့ကိုထွက်ခွာစေဖို့ ရွေးချယ်ခဲ့တာကို စိတ်ပျက်မိတယ်လို့ ဆိုခဲ့ပါတယ်။ ” ကျနော်မသိခဲ့ဘူး။ စာရွက်ထဲမှာပဲ ကျနော်ဖတ်ခဲ့ရတာ။ ဒါက ရီစရာပဲ။ သူ့ကိုထွက်ခွာခွင့်ပေးတာအတွက် စိတ်ဆိုးခဲ့ရတယ် ” လို့ အာဆင်ဝင်းဂါးက ပြောဆိုပါတယ်။

Marcus Rashford – Man City

အသက် 9 နှစ်အရွယ် မှာ ဖလက်ချာမော့စ်ရိန်းဂျားရဲ့ ရက်ရှ်ဖို့ဒ်ဟာ မန်စီးတီးရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိခဲ့တာပါ။ ကလပ်ဟာ သူ့ရဲ့အိမ်ကနေ ဝေးကွာပါတယ်။ ဒါပေမယ့် သူဟာ လူကောင်သေးပုံပေါက်လို့ ခေါ်ယူဖို့ တွေဝေဖခဲ့တယ်။ အဲ့သည်နောက် မန်ချက်စတာယူနိုက်တက်က မြို့ခံပြိုင်ဘက်ကို အနိုင်ယူပြီး ဒီကောင်လေးကို ခေါ်ယူခဲ့ပါတယ်။ ” မန်စီးတီးက ရက်ရှ်ဖို့ဒ်ကို စိတ်တောင်မကူးဘူး။ ဘာကြောင့်လဲဆိုရင် သူက လူကောင်သေးတယ်လေ။ သူ့ကိုမခေါ်ယူခဲ့ပါဘူး” လို့ ဖလက်ချာမော့စ်ရိန်းဂျားရဲ့ အတွင်းရေးမှူး ရွန် ဂျေမီဆန်က ဆိုပါတယ်။

Diego Costa – Corinthians, Palmeiras and Santos

ဘရာဇီးလ်ဖွား ကော်စတာဟာ နိုင်ငံရဲ့ ထိပ်သီးကလပ် အကယ်ဒမီတွေမှာ မတက်ရောက်နိုင်ခဲ့ပါဘူး။ အရည်အချင်း မရှိဘူးဆိုတာထက် တကယ်ကောင်းမွန်တဲ့ ကင်းထောက်မရှိလို့ပါ။ နောက်ဆုံးတော့သူ အသက် 15 နှစ်အရွယ်မှာ အေးဂျင့် ဂျော့မန်ဒက်စ်က အတ္တလန်တစ်ကိုဖြတ်ပီး ဘရာဂါကို ခေါ်ယူခဲ့ပါတယ်။

Mario Balotelli – Barcelona

ဘာလော့တယ်လီရဲ့ မိသားစုဟာ ဒီအီတလီကောင်လေးကို ဘာစီလိုနာနဲ့ 2006 ဇွန်မှာ ခြေစွမ်း စမ်းသပ်ဖို့ ထားခဲ့ပါတယ်။ အထင်ကြီးလောက်စရာ ငါးဂိုးသွင်း ယူနိုင်ခဲ့ပေမယ့်လဲ သူ့ရဲ့ စိတ်နေသဘောထားအပေါ်မှာ ကက်တလန်ကလပ်ဘက်က သံသယရှိတာကြောင့် စာချုပ်က မဖြစ်မြောက်ခဲ့ပါဘူး။

Roy Keane – Brighton

အသက် 15 နှစ်အရွယ် ရွိင်ကိန်းဟာ အသင်းတသင်းမှာ အစစ်ဆေးခံဖို့ အရူးအမူး ဖြစ်ခဲ့ပြီး ဘရိုက်တန်မှာ ရွေးချယ်ခံရဖို့ ထင်ခဲ့တာပါ။ ဒါပေမယ့် မရွေးချယ်ခင် တရက်မှာပဲ ကလပ်ဘက်ကနေ သူဟာ လူကောင်သေးတယ်လို့ ကြားခဲ့တာကြောင့် အစီအစဉ်ကို ဖျက်လိုက်ပါတယ်။ ဒါကတော့ 1990 နဲ့ 2000 ပြည့်နှစ် အစောပိုင်းတွေက ယူနိုက်တက် ရဲ့အောင်မြင်မှုတွေမှာ အသက်ဖြစ်ခဲ့တဲ့ ရွိင်ကိန်းပါပဲ။ ဘရိုက်တန်ရဲ့ အပယ်ခံရလည်း မမှုတဲ့ ရွိင်ကိန်း ဟာ ယူနိုက်တက် ကို မပြောင်းရွှေ့ခင် သုံးနှစ်အလို 1990 မှာ ဘောလုံးလိဂ်ကလပ်တွေကို စမ်းသပ်စစ်ဆေးဖို့ စာရေးသားခဲ့ပြီး နောက်ဆုံးမှာ နော်တင်ဟမ်ဖောရတ်စ်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

Antoine Griezmann – Lyon

ဂရစ်ဇ်မန်း ငယ်ဘဝမှာ လိုင်ယွန်၊ အောက်ဆာ၊ စိန့်အီတီရန်၊ ဆိုးချော့ စတဲ့ကလပ်တွေရဲ့ ငြင်းပယ်ခြင်း ခံခဲ့ရပါတယ်။ ဒီကလပ်တွေဟာ သူ့ရဲ့ အရပ်အနေအထားကို အကြောင်းပြပြီး ပယ်ချခဲ့တာပါ။

Javier Zanetti – Independiente

ဆယ်ကျော်သက်ဘဝမှာ အင်ဒီပန်ဒီရန်တီ လူငယ်အကယ်ဒမီက ဇနက်တီကို ပြိုင်ပွဲမှာ ပါဝင်ကစားနိုင်ဖို့ ကိုယ်လုံးကိုယ်ထည် မရှိဘူးလို့ ပြောခဲ့ပါတယ်။ အာဂျင်တိုင်းသားဟာ အင်တာမီလန်အသင်းအတွက် 868 ပွဲကစားခဲ့ပြီး ကစားသမားဘဝမှာ အောင်မြင်မှုတွေများစွာ ရရှိခဲ့ပါတယ်။

Ruud Gullit – Arsenal

အသက် 19 နှစ်အရွယ် မှာ ဂါးလစ်ဟာ အာဆင်နယ်မှာ လူရွေးပွဲဝင်ခဲ့ပါတယ်။ ဒါပေမယ့် မန်နေဂျာ တယ်ရီနေးလ်က တန်ကြေး ပေါင် 3 သိန်းကို မပေးနိုင်ခဲ့တာကြောင့် ပယ်ချခံခဲ့ရတာပါ။ “မန်နေဂျာတိုင်းမှာ အတွင်းရေးကိစ္စ အရှုပ်တော်ပုံတွေရှိတယ်။ အဲ့လိုပဲ ဂါးလစ်က ကျနော့်ကိစ္စပါ ” လို့ 1976 နဲ့ 1983 ကြားမှာ နည်းပြလုပ်ခဲ့တဲ့ နေးလ်ကပြောခဲ့ပါတယ်။

Franco Baresi – Inter

အရာရာတိုင်းက မတူညီစွာ အဆုံးသတ်တယ်ဆိုရင် မီလန်ဂန္တဝင် ဟာ သူတို့ရဲ့ ခါးသီးပြိုင်ဘက် သူ့အကို ကစားနေတဲ့ အင်တာအတွက် ကစားပေးရင်း အဆုံးသတ်နိုင်ပါတယ်။

” ကျနော် အကို့နောက် လိုက်ချင်ခဲ့တာပါ။ ဒါကြောင့် ပထမဆုံး အင်တာနဲ့ အစစ်ဆေးခံခဲ့ပါတယ်။ သူတို့ကပြောတယ်။ ‘ဟုတ်ပြီ။ နာက်တနှစ်မှ ပြန်လာခဲ့ပါ’ တဲ့။ ဒါပေမယ့် ကျနော့်နည်းပြက မီလန်ကိုခေါ်ခဲ့ပြီး အဲ့ဒီ့မှာ စစ်ဆေးမှု အနည်းငယ် လုပ်စေခဲ့ပြီး ကလပ်ကလက်ခံခဲ့ပါတယ်။ ကျနော်က သိပ်မဖွံဖြိုးသေးတာကြောင့် ကိုယ်လုံးကိုယ်ထည်နဲ့ ပတ်သက်ပြီး သူတို့စိုးရိမ်ခဲ့ကြပါတယ်။ အဲ့တုန်းက ကျနော် 14 နှစ်ပဲရှိပါသေးတယ် ” လို့ ဘာရီဆီကဆိုပါတယ်။ သူဟာ 1977 နဲ့ 1997 ကြားမှာ ကလပ်အတွက် 719 ပွဲကစားခဲ့ပြီး ရာစုနှစ်ရဲ့ ကစားသမားအဖြစ်နဲ့ အောင်မြင်စွာ အဆုံးသတ်ခဲ့ပါတယ်။

Ronaldo – Flamengo

ဆယ်ကျော်သက်ဘဝမှာ ရော်နယ်ဒိုဟာ သူ့အကြိုက်ကလပ်ဖြစ်တဲ့ ဖလာမင်ဂိုရဲ့ ငြင်းပယ်မှုကို ခံခဲ့ရပါတယ်။ အဲ့ဒီ့အစား သူဟာ ခရူဇီယိုပြောင်းရွှေ့ခဲ့ပြီး 47 ပွဲမှာ 44 ဂိုးသွင်းယူခဲ့ကာ အကောင်းဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ သူဟာ အင်တာ၊ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့မှာ တခြားကစားသမားတွေထက် တောက်ပခဲ့ပြီး ဘရာဇီးလ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကိုရရှိခဲ့ကာ 15 ဂိုးသွင်းယူပြီး စံချိန်တင်နိုင်ခဲ့ပါတယ်။

Sports Home Time