[Zawgyi] ေရွာ္ေကးနဲ႔ပြဲမွ မန္စီးတီးရဲ႕ စြမ္းေဆာင္ရည္ဟာ ခ်န္ပီယံလိဂ္ကို စိန္ေခၚဖို႔ မန္စီးတီးအသင္း အဆင္သင့္ မျဖစ္ေသးဘူးဆိုတာရဲ႕ အေျဖပါလို႔ ဂြာဒီယိုလာက ေျပာပါတယ္။
မန္စီးတီးဟာ အေဝးကြင္းမွာ သြားေရာက္ယွဥ္ျပိဳင္ခ်ိန္မွာ ေရွာ္ေကးကို ပင္နယ္တီ ႏွစ္ၾကိမ္ထိ ေပးခဲ့ရတယ္။ အိုတာမန္ဒီရဲ႕ လက္ထိေဘာနဲ႔ ဖာနန္ဒင္ဟိုရဲ႕ ေနာက္က တြန္းမႈေတြဟာ ျပင္ဒဏ္ေတြျဖစ္ခဲ့ျပီး အာဂ်င္တိုင္းသား ကြင္းထဲကေန ဒုတိယေျမာက္ အဝါကဒ္ျဖစ္ ထြက္ခြာရမႈေနာက္ပိုင္း ဆာေနးရဲ႕ ထူးခၽြန္လွတဲ့ တည္ကန္ေဘာက မန္စီးတီးကို အသက္ရူေခ်ာင္ေစခဲ့ပါတယ္။
ပရီးမီးယားလိဂ္ ခ်န္ပီယံအတြက္ အႏုိင္ဂိုးကိုယ္ေတာ့ စတာလင္က ေနာက္ဆံုးမိနစ္မွာ သြင္းယူေပးခဲ့တာပါ။ ဒါေပမယ့္လို႔ ဂြာဒီယိုလာက ကလပ္အသင္းရဲ႕ စြမ္းေဆာင္ရည္နဲ႔ ရလဒ္ကို မေက်နပ္ပဲ ဒီတိုးတက္မႈနဲ႔ေတာ့ ခ်န္ပီယံလိဂ္ဖလား အႏုိင္မရႏုိင္ဘူးလို႔ ေျပာပါတယ္။
ဂြာဒီယိုလာက ” ေကာင္းမြန္တဲ့ ရလဒ္ ျဖစ္ခဲ့ပါတယ္။ က်ေန္ာတို႔ ပထမဆံုး ပင္နယ္တီတစ္ၾကိမ္၊ ေနာက္ထပ္ ပင္နယ္တီတစ္ၾကိမ္နဲ႔ အနီကဒ္ေတြ ခြင့္ျပဳခဲ့ရတယ္။ အဲ့တာက မေကာင္းပါဘူး။ ပိုေကာင္းတဲ့ အဆင့္ေတြအတြက္ စိန္ေခၚဖို႔ က်ေန္ာတုိ႔ အဆင္သင့္ မျဖစ္ေသးပါဘူး။
က်ေနာ္တုိ႔ ကစားတာ ေကာင္းခဲ့ေပမယ့္ လြယ္ကူတဲ့ ေဘာလံုးေတြကိုလည္း ရံွဴးခဲ့တယ္။ ခ်န္ပီယံလိဂ္မွာ အဲ့သည္လိုမ်ိဳး ခြင့္ျပဳလို႔ မရပါဘူး။ က်ေနာ္က VAR စနစ္ကို ယံုၾကည္ျပီး အမာခံ အားေပးသူပါ။ ဒါေပမယ့္ ဒီတစ္ၾကိမ္ကိုေတာ့ သေဘာမက်ပါဘူး ” လို႔ ေျပာပါတယ္။
စီးတီးက အေဝးကြင္းမွာ 3 ဂိုး ရထားလို႔ ေရွာ္ေကးအေနနဲ႔ အီသီဟတ္ကြင္းမွာ 2 ဂိုးျပတ္မွပဲ အႏုိင္ရေတာ့မွာ ေနာက္ျပီး 4-3 ဆိုတဲ့ ရလဒ္ ရခဲ့မယ္ဆိုရင္ေတာ့ သူတို႔ ေနာက္တစ္ဆင့္ကို တက္ႏုိင္ပါလိမ့္မယ္။
ဂြာဒီယိုလာကပဲ ” ျပိဳင္ပြဲက မျပီးေသးပါဘူး။ ပြဲထဲမွာ ျပိဳင္ဘက္ကို က်ေနာ္တုိ႔ေတြ အခြင့္အေရးေတြ သိပ္ေပးခဲ့တယ္။ ပြဲက ေကာင္းပါတယ္။ ဒုတိယပိုင္း က်ေနာ္တုိ႔ ကစားတာက သိပ္ေကာင္းတယ္။ အန္ဖီးမွာ 3-0 နဲ႔ ရံွဴးခဲ့တုန္းကလိုပါပဲ။ ပြဲက သိပ္ေကာင္းတယ္။ ဆာေနးရဲ႕ အရည္အခ်င္းကိုလည္း ျမင္ခဲ့ရတယ္။ ထိပ္တန္းကစားသမားေတြက အရည္အခ်င္းေကာင္းေတြ ရွိပါတယ္။ စတာလင္ရဲ႕ အဆံုးသတ္မႈကလည္း သိပ္ေကာင္းတာပါပဲ ” လို႔ ဆက္လက္ ေျပာဆိုခဲ့ပါတယ္။
ခ်န္ပီယံလိဂ္မွာ ရလဒ္ေကာင္းခဲ့တဲ့ မန္စီးတီးဟာ ဒီအပတ္မွာေတာ့ ခ်ယ္ဆီးနဲ႔ ကာရာေဘာင္း ဗိုလ္လုပြဲကို ဝင္ဘာေလမွာ ကစားသြားရမွာ ျဖစ္ပါတယ္။
Sports Home Time

[Unicode] ရှော်ကေးနဲ့ပွဲမှ မန်စီးတီးရဲ့ စွမ်းဆောင်ရည်ဟာ ချန်ပီယံလိဂ်ကို စိန်ခေါ်ဖို့ မန်စီးတီးအသင်း အဆင်သင့် မဖြစ်သေးဘူးဆိုတာရဲ့ အဖြေပါလို့ ဂွာဒီယိုလာက ပြောပါတယ်။
မန်စီးတီးဟာ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ချိန်မှာ ရှော်ကေးကို ပင်နယ်တီ နှစ်ကြိမ်ထိ ပေးခဲ့ရတယ်။ အိုတာမန်ဒီရဲ့ လက်ထိဘောနဲ့ ဖာနန်ဒင်ဟိုရဲ့ နောက်က တွန်းမှုတွေဟာ ပြင်ဒဏ်တွေဖြစ်ခဲ့ပြီး အာဂျင်တိုင်းသား ကွင်းထဲကနေ ဒုတိယမြောက် အဝါကဒ်ဖြစ် ထွက်ခွာရမှုနောက်ပိုင်း ဆာနေးရဲ့ ထူးချွန်လှတဲ့ တည်ကန်ဘောက မန်စီးတီးကို အသက်ရူချောင်စေခဲ့ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံအတွက် အနိုင်ဂိုးကိုယ်တော့ စတာလင်က နောက်ဆုံးမိနစ်မှာ သွင်းယူပေးခဲ့တာပါ။ ဒါပေမယ့်လို့ ဂွာဒီယိုလာက ကလပ်အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်ကို မကျေနပ်ပဲ ဒီတိုးတက်မှုနဲ့တော့ ချန်ပီယံလိဂ်ဖလား အနိုင်မရနိုင်ဘူးလို့ ပြောပါတယ်။
ဂွာဒီယိုလာက ” ကောင်းမွန်တဲ့ ရလဒ် ဖြစ်ခဲ့ပါတယ်။ ကျနေ်ာတို့ ပထမဆုံး ပင်နယ်တီတစ်ကြိမ်၊ နောက်ထပ် ပင်နယ်တီတစ်ကြိမ်နဲ့ အနီကဒ်တွေ ခွင့်ပြုခဲ့ရတယ်။ အဲ့တာက မကောင်းပါဘူး။ ပိုကောင်းတဲ့ အဆင့်တွေအတွက် စိန်ခေါ်ဖို့ ကျနေ်ာတို့ အဆင်သင့် မဖြစ်သေးပါဘူး။
ကျနော်တို့ ကစားတာ ကောင်းခဲ့ပေမယ့် လွယ်ကူတဲ့ ဘောလုံးတွေကိုလည်း ရံှူးခဲ့တယ်။ ချန်ပီယံလိဂ်မှာ အဲ့သည်လိုမျိုး ခွင့်ပြုလို့ မရပါဘူး။ ကျနော်က VAR စနစ်ကို ယုံကြည်ပြီး အမာခံ အားပေးသူပါ။ ဒါပေမယ့် ဒီတစ်ကြိမ်ကိုတော့ သဘောမကျပါဘူး ” လို့ ပြောပါတယ်။
စီးတီးက အဝေးကွင်းမှာ 3 ဂိုး ရထားလို့ ရှော်ကေးအနေနဲ့ အီသီဟတ်ကွင်းမှာ 2 ဂိုးပြတ်မှပဲ အနိုင်ရတော့မှာ နောက်ပြီး 4-3 ဆိုတဲ့ ရလဒ် ရခဲ့မယ်ဆိုရင်တော့ သူတို့ နောက်တစ်ဆင့်ကို တက်နိုင်ပါလိမ့်မယ်။
ဂွာဒီယိုလာကပဲ ” ပြိုင်ပွဲက မပြီးသေးပါဘူး။ ပွဲထဲမှာ ပြိုင်ဘက်ကို ကျနော်တို့တွေ အခွင့်အရေးတွေ သိပ်ပေးခဲ့တယ်။ ပွဲက ကောင်းပါတယ်။ ဒုတိယပိုင်း ကျနော်တို့ ကစားတာက သိပ်ကောင်းတယ်။ အန်ဖီးမှာ 3-0 နဲ့ ရံှူးခဲ့တုန်းကလိုပါပဲ။ ပွဲက သိပ်ကောင်းတယ်။ ဆာနေးရဲ့ အရည်အချင်းကိုလည်း မြင်ခဲ့ရတယ်။ ထိပ်တန်းကစားသမားတွေက အရည်အချင်းကောင်းတွေ ရှိပါတယ်။ စတာလင်ရဲ့ အဆုံးသတ်မှုကလည်း သိပ်ကောင်းတာပါပဲ ” လို့ ဆက်လက် ပြောဆိုခဲ့ပါတယ်။
ချန်ပီယံလိဂ်မှာ ရလဒ်ကောင်းခဲ့တဲ့ မန်စီးတီးဟာ ဒီအပတ်မှာတော့ ချယ်ဆီးနဲ့ ကာရာဘောင်း ဗိုလ်လုပွဲကို ဝင်ဘာလေမှာ ကစားသွားရမှာ ဖြစ်ပါတယ်။
Sports Home Time
