[Zawgyi] ဥေရာပ နာမည္ေက်ာ္ တုိက္စစ္သမားေဟာင္း မိုက္ကယ္အိုဝင္ရဲ႕ ဒီတပတ္ ခ်န္ပီယံလိဂ္ ပြဲစဥ္ေတြအတြက္ သံုးသပ္ခ်က္ေတြကို ျပန္လည္စုစည္း ေဖာ္ျပေပးလိုက္ပါတယ္။
မန္ခ်က္စတာယူနိုက္တက္ Vs ပီအက္စ္ဂ်ီ

ေဖေဖာ္၀ါရီ ၁၃၊ ဗုဒၶဟူးေန႔ မနက္ ၂း၃၀ နာရီ
ႏွစ္သင္းၾကား ပထမဆံုးအၾကိမ္ ေတြ႔ဆံုမႈျဖစ္ျပီး ယူႏုိက္တက္ကို ဥေရာပအဆင့္မွာ မည္သည့္ ျပင္သစ္ကလပ္ကမွ အႏိုင္မရဖူးတဲ့ အရံွဴး 10 ၾကိမ္ သေရ 4 ၾကိမ္ဆိုတဲ့ ရလဒ္ ထြက္ေပၚထားတယ္။ အရင္ႏွစ္လေလာက္ကဆိုရင္ ဒီစကား ေျပာမိမွာ မဟုတ္ေပမယ့္ ယူႏုိက္တက္က အိုထရတ္ဖိုဒ့္မွာ ပီအက္ဂ်ီကို အသာရပါမယ္။ ေနမာနဲ႔ မူနီယာတို႔ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္မွာျဖစ္ျပီး ကာဗာနီေကာပါပဲ။ ျပင္သစ္အသင္းဟာ ဒီရာသီမွာ အဂၤလန္ကလပ္ လီဗာပူးကို အန္ဖီးကြင္းမွာ 3-2 နဲ႔ အေရးနိမ့္ထားတယ္။ ျပင္သစ္ေျမမွာ ကစားရမယ့္ ဒုတိယအေက်ာ့အတြက္ ယူႏုိက္တက္က ဦးေဆာင္သြားပါလိမ့္မယ္။
မိုက္ကယ္အို၀င္ ခန္႕မွန္းရလဒ္။ ။ မန္ခ်က္စတာယူနိုက္တက္ 2-1 ပီအက္စ္ဂ်ီ
ရိုးမား Vs ေပၚတို

ေဖေဖာ္၀ါရီ ၁၃၊ ဗုဒၶဟူးေန႔ မနက္ ၂း၃၀ နာရီ
ရိုမားက ေပၚတိုကို ဥေရာပ ျပိဳင္ပြဲေတြမွာ ေနာက္ဆံုး ေလးၾကိမ္ ယွဥ္ျပိဳင္မႈမွာေတာ့ အေရးနိမ့္ထားဘူး။ ေနာက္လ ဒုတိယအေက်ာ့အျဖစ္ ေပၚတူဂီမွာ ယွဥ္ျပိဳင္ကစားဖို႔ ဦးေဆာင္သြားႏုိင္မယ္လို႔ ခံစားရတယ္။ ေပၚတိုက ခ်န္ပီယံလိဂ္မွာ အေဝးကြင္ းေနာက္ဆံုး 5 ပြဲကို အေရးနိမ့္မထားဘူး။ ဒါေပမယ့္လည္း မႏွစ္ကရာသီ ဆီမီးဖိုင္နယ္ေရာက္ခဲ့တဲ့ အသင္းက ရံွဴးထြက္အဆင့္ေတြမွာ အိမ္ကြင္းပြဲေတြ အားလံုးကို အႏိုင္ကစားခဲ့ျပီး သူတို႔ပဲ အသာရမွာ ျဖစ္ေပမယ့္ ရလဒ္မကြာပဲ အႏုိင္ရမယ္လို႔ ထင္တယ္။
မိုက္ကယ္အို၀င္ ခန္႕မွန္းရလဒ္။ ။ ရိုးမား 1-0 ေပၚတို
စပါး Vs ေဒါ့မြန္

ေဖေဖာ္၀ါရီ ၁၄၊ ၾကာသပေတးေန႔ မနက္ ၂း၃၀ နာရီ
ခ်န္ပီယံလိဂ္ျပိဳင္ပြဲ 4 ရာသီမွာ 3 ၾကိမ္ေျမာက္ ေတြ႔ဆံုမႈျဖစ္ျပီး ႏွစ္သင္းလံုးက ႏွစ္ၾကိမ္စီ အႏိုင္ရထားတယ္။ ဘြန္ဒက္လီဂါကလပ္က ေတြ႔ဆံုထားခဲ့တဲ့ 4 ပြဲမွာ အၾကိမ္တုိင္း ဂိုးသြင္းႏိုင္ခဲ့တယ္။ ေနာက္လမွာ ယွဥ္ျပိဳင္ရမယ့္ ေဒါ့မြန္နဲ႔ပြဲ ဒုတိယအေက်ာ့မွာ ဟယ္ရီကိန္းနဲ႔ အလီတို႔ ျပန္လည္ပါဝင္လာမွာျဖစ္လို႔ ပိုခ်က္တီႏိုက အိမ္ကြင္းမွာ ဂိုးမေပးရတာကို ႏွစ္သက္ပါလိမ့္မယ္။ စပါးကေတာ့ ဝင္ဘာေလမွာ သေရအတြက္ ကစားမွာ မဟုတ္ဘူး။ ဒီပြဲမွာ ဂိုးမရွိ သေရရလဒ္ ထြက္လာရင္လည္း သိပ္ဆိုးတဲ့ ရလဒ္ေတာ့ မဟုတ္ပါဘူး။
မိုက္ကယ္အို၀င္ ခန္႕မွန္းရလဒ္။ ။ စပါး 0-0 ေဒါ့မြန္
ေအဂ်က္ Vs ရီးရဲလ္မက္ဒရစ္

ေဖေဖာ္၀ါရီ ၁၄၊ ၾကာသပေတးေန႔ မနက္ ၂း၃၀ နာရီ
ျပိဳင္ပြဲစံု ရီးရဲလ္နဲ႔ ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ 6 ပြဲလံုးကို ေအးဂ်က္တုိ႔ အေရးနိမ့္ထားတယ္။ ရီးရဲလ္က အိမ္ကြင္းမွာ ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ ဥေရာပပြဲ 21 ပြဲမွာ 1 ပြဲပဲ အေရးနိမ့္ထားျပီး ရံွဴးထြက္အဆင့္ 6 ပြဲမွာ 5 ပြဲကို အႏိုင္ရထားတယ္။ စပိန္ဖလားမွာ ဘာစီလိုနာနဲ႔ ယွဥ္ျပိဳင္ျပီး ရလဒ္ေကာင္း ရထားတဲ့ ရီးရဲလ္ဟာ အက္သလက္တီကိုကိုလည္း အႏိုင္ရထားခဲ့တယ္။ ေအးဂ်က္ကေတာ့ သူတို႔ရဲ႕ ေနာက္ဆံုး ျပည္တြင္းပြဲ သံုးပြဲမွာ 2 ပြဲကို အေရးနိမ့္ထားတယ္။ ဒါေပမယ့္ သြင္းဂိုးေတြ ရယူႏိုင္စြမ္းရွိျပီး ႏွစ္သင္းလံုး ဒီပြဲမွာ ဂိုးမရခဲ့ရင္ေတာ့ အံ့ၾသစရာ ျဖစ္လာမွာပဲ။ ဂ်ိဳဟန္ခရိုက္ကြင္းၾကီးထဲမွာ တုိက္စစ္ဖြင့္ကစားတဲ့ ေဖ်ာ္ေျဖမႈေပးႏုိင္တဲ့ ပြဲျဖစ္လာပါမယ္။
မိုက္ကယ္အို၀င္ ခန္႕မွန္းရလဒ္။ ။ ေအဂ်က္ 1-2 ရီးရဲလ္မက္ဒရစ္
Sports Home Time

[Unicode] ဥရောပ နာမည်ကျော် တိုက်စစ်သမားဟောင်း မိုက်ကယ်အိုဝင်ရဲ့ ဒီတပတ် ချန်ပီယံလိဂ် ပွဲစဉ်တွေအတွက် သုံးသပ်ချက်တွေကို ပြန်လည်စုစည်း ဖော်ပြပေးလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက် Vs ပီအက်စ်ဂျီ

ဖေဖော်ဝါရီ ၁၃၊ ဗုဒ္ဓဟူးနေ့ မနက် ၂း၃၀ နာရီ
နှစ်သင်းကြား ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်ပြီး ယူနိုက်တက်ကို ဥရောပအဆင့်မှာ မည်သည့် ပြင်သစ်ကလပ်ကမှ အနိုင်မရဖူးတဲ့ အရံှူး 10 ကြိမ် သရေ 4 ကြိမ်ဆိုတဲ့ ရလဒ် ထွက်ပေါ်ထားတယ်။ အရင်နှစ်လလောက်ကဆိုရင် ဒီစကား ပြောမိမှာ မဟုတ်ပေမယ့် ယူနိုက်တက်က အိုထရတ်ဖိုဒ့်မှာ ပီအက်ဂျီကို အသာရပါမယ်။ နေမာနဲ့ မူနီယာတို့ ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ပြီး ကာဗာနီကောပါပဲ။ ပြင်သစ်အသင်းဟာ ဒီရာသီမှာ အင်္ဂလန်ကလပ် လီဗာပူးကို အန်ဖီးကွင်းမှာ 3-2 နဲ့ အရေးနိမ့်ထားတယ်။ ပြင်သစ်မြေမှာ ကစားရမယ့် ဒုတိယအကျော့အတွက် ယူနိုက်တက်က ဦးဆောင်သွားပါလိမ့်မယ်။
မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ မန်ချက်စတာယူနိုက်တက် 2-1 ပီအက်စ်ဂျီ
ရိုးမား Vs ပေါ်တို

ဖေဖော်ဝါရီ ၁၃၊ ဗုဒ္ဓဟူးနေ့ မနက် ၂း၃၀ နာရီ
ရိုမားက ပေါ်တိုကို ဥရောပ ပြိုင်ပွဲတွေမှာ နောက်ဆုံး လေးကြိမ် ယှဉ်ပြိုင်မှုမှာတော့ အရေးနိမ့်ထားဘူး။ နောက်လ ဒုတိယအကျော့အဖြစ် ပေါ်တူဂီမှာ ယှဉ်ပြိုင်ကစားဖို့ ဦးဆောင်သွားနိုင်မယ်လို့ ခံစားရတယ်။ ပေါ်တိုက ချန်ပီယံလိဂ်မှာ အဝေးကွင် းနောက်ဆုံး 5 ပွဲကို အရေးနိမ့်မထားဘူး။ ဒါပေမယ့်လည်း မနှစ်ကရာသီ ဆီမီးဖိုင်နယ်ရောက်ခဲ့တဲ့ အသင်းက ရံှူးထွက်အဆင့်တွေမှာ အိမ်ကွင်းပွဲတွေ အားလုံးကို အနိုင်ကစားခဲ့ပြီး သူတို့ပဲ အသာရမှာ ဖြစ်ပေမယ့် ရလဒ်မကွာပဲ အနိုင်ရမယ်လို့ ထင်တယ်။
မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ ရိုးမား 1-0 ပေါ်တို
စပါး Vs ဒေါ့မွန်

ဖေဖော်ဝါရီ ၁၄၊ ကြာသပတေးနေ့ မနက် ၂း၃၀ နာရီ
ချန်ပီယံလိဂ်ပြိုင်ပွဲ 4 ရာသီမှာ 3 ကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး နှစ်သင်းလုံးက နှစ်ကြိမ်စီ အနိုင်ရထားတယ်။ ဘွန်ဒက်လီဂါကလပ်က တွေ့ဆုံထားခဲ့တဲ့ 4 ပွဲမှာ အကြိမ်တိုင်း ဂိုးသွင်းနိုင်ခဲ့တယ်။ နောက်လမှာ ယှဉ်ပြိုင်ရမယ့် ဒေါ့မွန်နဲ့ပွဲ ဒုတိယအကျော့မှာ ဟယ်ရီကိန်းနဲ့ အလီတို့ ပြန်လည်ပါဝင်လာမှာဖြစ်လို့ ပိုချက်တီနိုက အိမ်ကွင်းမှာ ဂိုးမပေးရတာကို နှစ်သက်ပါလိမ့်မယ်။ စပါးကတော့ ဝင်ဘာလေမှာ သရေအတွက် ကစားမှာ မဟုတ်ဘူး။ ဒီပွဲမှာ ဂိုးမရှိ သရေရလဒ် ထွက်လာရင်လည်း သိပ်ဆိုးတဲ့ ရလဒ်တော့ မဟုတ်ပါဘူး။
မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ စပါး 0-0 ဒေါ့မွန်
အေဂျက် Vs ရီးရဲလ်မက်ဒရစ်

ဖေဖော်ဝါရီ ၁၄၊ ကြာသပတေးနေ့ မနက် ၂း၃၀ နာရီ
ပြိုင်ပွဲစုံ ရီးရဲလ်နဲ့ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ 6 ပွဲလုံးကို အေးဂျက်တို့ အရေးနိမ့်ထားတယ်။ ရီးရဲလ်က အိမ်ကွင်းမှာ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ဥရောပပွဲ 21 ပွဲမှာ 1 ပွဲပဲ အရေးနိမ့်ထားပြီး ရံှူးထွက်အဆင့် 6 ပွဲမှာ 5 ပွဲကို အနိုင်ရထားတယ်။ စပိန်ဖလားမှာ ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ပြီး ရလဒ်ကောင်း ရထားတဲ့ ရီးရဲလ်ဟာ အက်သလက်တီကိုကိုလည်း အနိုင်ရထားခဲ့တယ်။ အေးဂျက်ကတော့ သူတို့ရဲ့ နောက်ဆုံး ပြည်တွင်းပွဲ သုံးပွဲမှာ 2 ပွဲကို အရေးနိမ့်ထားတယ်။ ဒါပေမယ့် သွင်းဂိုးတွေ ရယူနိုင်စွမ်းရှိပြီး နှစ်သင်းလုံး ဒီပွဲမှာ ဂိုးမရခဲ့ရင်တော့ အံ့သြစရာ ဖြစ်လာမှာပဲ။ ဂျိုဟန်ခရိုက်ကွင်းကြီးထဲမှာ တိုက်စစ်ဖွင့်ကစားတဲ့ ဖျော်ဖြေမှုပေးနိုင်တဲ့ ပွဲဖြစ်လာပါမယ်။
မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ အေဂျက် 1-2 ရီးရဲလ်မက်ဒရစ်
Sports Home Time
