[Zawgyi] လီဗာပူးဘယ္အစြန္လူ ေရာ္ဘတ္ဆန္ကေတာ့ ကလပ္အသင္းဟာ ေနာက္ထပ္ ယွဥ္ျပိဳင္ရမယ့္ ဘိုင္ယန္နဲ႔ပြဲ မေရာက္ခင္မွာ အခ်ိန္ေတြကို တန္ဖိုးရွိစြာ အသံုးခ်လို႔ ျပန္လည္စုစည္းမႈေတြနဲ႔ အင္အားေတြ ျဖည့္တင္းကာ ျပန္လာပါမယ္ဆိုတဲ့အေၾကာင္း ျပိဳင္ဘက္ေတြကို သတိေပးလိုက္ပါတယ္။
အန္ဖီးမွာ ဘုန္းေမာက္အသင္းကို 3-0 နဲ႔ အႏိုင္ရခဲ့တဲ့ေနာက္ လီဗာပူးရဲ႕ လာမယ့္ပြဲကေတာ့ ခ်န္ပီယံလိဂ္ျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလ 19 ရက္ အန္ဖီးကြင္းမွာပဲ လီဗာပူးက ဘိုင္ယန္ျမဴးနစ္နဲ႔ ခ်န္ပီယံလိဂ္ ရံွဴးထြက္အဆင့္ကို ကစားရမွာပါ။ ယာဂင္ကေလာ့ပ္၊ နည္းျပအဖြဲ႔နဲ႔ လီဗာပူးအသင္းသားေတြက အားေမြးခြင့္ရထားတဲ့ 10 ရက္ကို အေကာင္းဆံုး အသံုးခ်ဖို႔ အစီအစဥၤေတြ ျပဳလုပ္ထားပါတယ္။
ေႏြးေထြးစျပဳလာျပီျဖစ္တဲ့ ရာသီဥတုေအာက္မွာ ေလ့က်င့္ေရး အစီအစဥ္ေတြကို အတြဲလိုက္ ျပဳလုပ္မွာျဖစ္ျပီး ကလပ္အသင္းရဲ႕ ကစားဟန္ေတြကို ထိခိုက္ေစထားတဲ့ ဖ်ားနာမႈေတြ၊ ဒဏ္ရာကေန ျပန္လည္အားျဖည့္မႈေတြကို ဒီရက္ေတြမွာ အက်ိဳးျဖစ္ေအာင္ စီစဥ္သြားမွာပါ။ မၾကာခင္ ေရာက္လာေတာ့မယ့္ ခက္ခဲတဲ့ စိန္ေခၚမႈေတြအတြက္ ဒီ 10 ရက္ဟာ အခြင့္အေရးေကာင္းအျဖစ္ ရိုဘိုက ေျပာပါတယ္။
လီဗာပူး ဘယ္အစြန္လူ ရိုဘိုက “ ဒီအေျခအေနအတြင္း က်ေန္ာတို႔မွာ ဒဏ္ရာရသူေတြ အနည္းငယ္ ရွိေနတယ္။ ဒါေပမယ့္ ေကာင္ေလးေတြ ျပန္လာၾကေတာ့မွာပါ။ ထရန္႔ ျပန္လာတာကို ျမင္ရတာက သိပ္ေကာင္းပါတယ္။ ဂီနီက တစ္ပတ္လံုး ရုန္းကန္ေနရတယ္။ တစ္ပတ္လံုး မသက္သာခဲ့တာေတာင္မွ သူ ပါဝင္လာကို ျမင္ရတာက အံ့ၾသသင့္စရာပါပဲ။ ဟန္ဒိုကို အရန္လူစာရင္းမွာ ျပန္ျမင္ရတာကေတာ့ အရမ္းအဆင္ေျပပါတယ္။
ဘိုင္ယန္ျမဴနစ္နဲ႔ ပြဲမတိုင္ခင္ က်ေနာ္တုိ႔ သိပ္ေကာင္းတဲ့ 10 ရက္ကို အခ်ိန္ရပါတယ္။ ေလ့က်င့္ေရး အစီအစဥ္ေတြ ျပဳလုပ္မယ္။ ကစားသမားေတြ ပိုမ်ားမ်ား ျပန္လာတာကို ၾကိဳဆိုမယ္။ အဲ့တာျပီးရင္ေတာ့ ပြဲေတြကို အႏိုင္ရဖို႔ ပိုေကာင္းျပီး ပိုသန္မာတဲ့ အသင္းအျဖစ္ ျပန္လာဖို႔ အခြင့္အေရးေတြ ရွိလာပါမယ္။
အဲ့တာက အဆင္ေျပပါတယ္။ သိပ္ေကာင္းတဲ့ နားရက္ 10 ရက္က ထရန္႔၊ ဟန္ဒို၊ ဂီနီတို႔ကို ျပန္ေကာင္းေစဖို႔ အကူအညီျဖစ္ေစမွာ ေသခ်ာပါတယ္။ ကစားသမား ႏွစ္ဦးေလာက္လည္း ထပ္ျပီး ျပန္ကစားႏုိင္မွာျဖစ္လို႔ က်ေန္ာတို႔က စိတ္လႈပ္ရွားစရာ ရလဒ္ေတြကို ရလာမွာပါ။ မိုးရြားထဲမွာထက္ ေနသာတဲ့ ရာသီဥတုမွာ ေလ့က်င့္ရတာက ပိုေကာင္းလို႔ ရာသီဥတုလည္း အဆင္ေျပမယ္လို႔ ေမွ်ာ္လင့္တယ္။
အဲ့တာေတြျပီးရင္ေတာ့ ဘိုင္ယန္ျမဴနစ္နဲ႔ပြဲကို အားေကာင္းစြာနဲ႔ အစြမ္းကုန္ ေပါက္ကြဲဖို႔ က်ေန္ာတို႔ ျပန္လာမယ္။ ေနာက္ထပ္ စပယ္ရွယ္ ညတစ္ညကို အန္ဖီးမွာ ရႏိုင္ဖုိ႔ ေမွ်ာ္လင့္ထားပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။
Sports Home Time

[Unicode] လီဗာပူးဘယ်အစွန်လူ ရော်ဘတ်ဆန်ကတော့ ကလပ်အသင်းဟာ နောက်ထပ် ယှဉ်ပြိုင်ရမယ့် ဘိုင်ယန်နဲ့ပွဲ မရောက်ခင်မှာ အချိန်တွေကို တန်ဖိုးရှိစွာ အသုံးချလို့ ပြန်လည်စုစည်းမှုတွေနဲ့ အင်အားတွေ ဖြည့်တင်းကာ ပြန်လာပါမယ်ဆိုတဲ့အကြောင်း ပြိုင်ဘက်တွေကို သတိပေးလိုက်ပါတယ်။
အန်ဖီးမှာ ဘုန်းမောက်အသင်းကို 3-0 နဲ့ အနိုင်ရခဲ့တဲ့နောက် လီဗာပူးရဲ့ လာမယ့်ပွဲကတော့ ချန်ပီယံလိဂ်ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ 19 ရက် အန်ဖီးကွင်းမှာပဲ လီဗာပူးက ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ရံှူးထွက်အဆင့်ကို ကစားရမှာပါ။ ယာဂင်ကလော့ပ်၊ နည်းပြအဖွဲ့နဲ့ လီဗာပူးအသင်းသားတွေက အားမွေးခွင့်ရထားတဲ့ 10 ရက်ကို အကောင်းဆုံး အသုံးချဖို့ အစီအစဥၤတွေ ပြုလုပ်ထားပါတယ်။
နွေးထွေးစပြုလာပြီဖြစ်တဲ့ ရာသီဥတုအောက်မှာ လေ့ကျင့်ရေး အစီအစဉ်တွေကို အတွဲလိုက် ပြုလုပ်မှာဖြစ်ပြီး ကလပ်အသင်းရဲ့ ကစားဟန်တွေကို ထိခိုက်စေထားတဲ့ ဖျားနာမှုတွေ၊ ဒဏ်ရာကနေ ပြန်လည်အားဖြည့်မှုတွေကို ဒီရက်တွေမှာ အကျိုးဖြစ်အောင် စီစဉ်သွားမှာပါ။ မကြာခင် ရောက်လာတော့မယ့် ခက်ခဲတဲ့ စိန်ခေါ်မှုတွေအတွက် ဒီ 10 ရက်ဟာ အခွင့်အရေးကောင်းအဖြစ် ရိုဘိုက ပြောပါတယ်။
လီဗာပူး ဘယ်အစွန်လူ ရိုဘိုက “ ဒီအခြေအနေအတွင်း ကျနေ်ာတို့မှာ ဒဏ်ရာရသူတွေ အနည်းငယ် ရှိနေတယ်။ ဒါပေမယ့် ကောင်လေးတွေ ပြန်လာကြတော့မှာပါ။ ထရန့် ပြန်လာတာကို မြင်ရတာက သိပ်ကောင်းပါတယ်။ ဂီနီက တစ်ပတ်လုံး ရုန်းကန်နေရတယ်။ တစ်ပတ်လုံး မသက်သာခဲ့တာတောင်မှ သူ ပါဝင်လာကို မြင်ရတာက အံ့သြသင့်စရာပါပဲ။ ဟန်ဒိုကို အရန်လူစာရင်းမှာ ပြန်မြင်ရတာကတော့ အရမ်းအဆင်ပြေပါတယ်။
ဘိုင်ယန်မြူနစ်နဲ့ ပွဲမတိုင်ခင် ကျနော်တို့ သိပ်ကောင်းတဲ့ 10 ရက်ကို အချိန်ရပါတယ်။ လေ့ကျင့်ရေး အစီအစဉ်တွေ ပြုလုပ်မယ်။ ကစားသမားတွေ ပိုများများ ပြန်လာတာကို ကြိုဆိုမယ်။ အဲ့တာပြီးရင်တော့ ပွဲတွေကို အနိုင်ရဖို့ ပိုကောင်းပြီး ပိုသန်မာတဲ့ အသင်းအဖြစ် ပြန်လာဖို့ အခွင့်အရေးတွေ ရှိလာပါမယ်။
အဲ့တာက အဆင်ပြေပါတယ်။ သိပ်ကောင်းတဲ့ နားရက် 10 ရက်က ထရန့်၊ ဟန်ဒို၊ ဂီနီတို့ကို ပြန်ကောင်းစေဖို့ အကူအညီဖြစ်စေမှာ သေချာပါတယ်။ ကစားသမား နှစ်ဦးလောက်လည်း ထပ်ပြီး ပြန်ကစားနိုင်မှာဖြစ်လို့ ကျနေ်ာတို့က စိတ်လှုပ်ရှားစရာ ရလဒ်တွေကို ရလာမှာပါ။ မိုးရွားထဲမှာထက် နေသာတဲ့ ရာသီဥတုမှာ လေ့ကျင့်ရတာက ပိုကောင်းလို့ ရာသီဥတုလည်း အဆင်ပြေမယ်လို့ မျှော်လင့်တယ်။
အဲ့တာတွေပြီးရင်တော့ ဘိုင်ယန်မြူနစ်နဲ့ပွဲကို အားကောင်းစွာနဲ့ အစွမ်းကုန် ပေါက်ကွဲဖို့ ကျနေ်ာတို့ ပြန်လာမယ်။ နောက်ထပ် စပယ်ရှယ် ညတစ်ညကို အန်ဖီးမှာ ရနိုင်ဖို့ မျှော်လင့်ထားပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။
Sports Home Time
