[Zawgyi] ဘိုင္ယန္ျမဴးနစ္ ဂိုးသမာ ႏူအာကေတာ့ ဂ်ာမနီကလပ္အသင္းဟာ အန္ဖီးကြင္းမွာ လီဗာပူးကို ယွဥ္ျပိဳင္ရလို႔လည္း ေၾကာက္ရြ႔ံတုန္လႈပ္ေနစရာ ဘာအေၾကာင္းမွ မရွိပါဘူးလို႔ ယံုၾကည္ေနပါတယ္။
လီဗာပူးအသင္းရဲ႕ နာမည္ေက်ာ္ ဂုဏ္ပုဒ္ေတြထဲမွာ ဥေရာပညေတြလည္း အပါအဝင္ျဖစ္ျပီး အန္ဖီးကြင္းမွာ ထင္ရွားတဲ့ ဥေရာပပြဲေပါင္း ေျမာက္မ်ားစြာကို အႏုိင္ကစားခဲ့တာျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ျပိဳင္ပြဲအတြက္ အေရးပါတဲ့အဆင့္ေတြမွာ အန္ဖီးကြင္းနဲ႔ လီဗာပူးပရိသတ္ေတြရဲ႕ အေထာက္အပံ့က မာေဆးဆိုဒ္ကလပ္ကို အကူအညီၾကီးေတြ ျဖစ္ေစခဲ့ျပီးပါျပီ။
ယာဂင္ကေလာ့ပ္ လက္ထက္မွာေတာ့ မာေဆးဆိုဒ္ေဒသရဲ႕ တစ္ဝက္ကို စည္းရံုးႏိုင္မႈနဲ႔အတူ ရိုးမား၊ ပီအက္ဂ်ီ၊ ေဒါ့မြန္တုိ႔ကို အိမ္ကြင္းမွာ အမွတ္ရစရာ ညခ်မ္းေတြနဲ႔ ယွဥ္ျပိဳင္ထားႏိုင္ခဲ့တယ္။ ဒီရာသီ ခ်န္ပီယံလိဂ္ 16 သင္းအဆင့္မွာ ရင္ဆိုင္ရမယ့္ ဘိုင္ယန္ဟာ 2001 ခုႏွစ္မွာ ထိပ္တိုက္ေတြ႔ျပီး ေနာက္ပိုင္း ဆယ္ဆုႏွစ္ ႏွစ္ခုေလာက္ၾကာမွာ အဓိက ျပိဳင္ပြဲၾကီးမွာ ျပန္လည္ ေတြ႔ဆံုၾကတာျဖစ္ပါတယ္။
လီဗာပူးရဲ႕ ခ်န္ပီယံလိဂ္ညေတြက ေက်ာ္ၾကားေပမယ့္လည္း ဘိုင္ယန္ဟာ အန္ဖီးကို အေကာင္းဆံုး တုန္႔ျပန္ျပႏိုင္မယ္လို႔ ႏူအာက ယံုၾကည္ထားေၾကာင္း ေျပာပါတယ္။
” အန္ဖီးကြင္းရဲ႕ အားေပးမႈ အေငြ႔အသက္ေတြအေၾကာင္း က်ေန္ာတို႔ အမ်ားၾကီး ၾကားထားပါတယ္။ ေဘာလံုးၾကည့္ၾကတဲ့သူတိုင္း ဒီပြဲေတြက ဘယ္ေလာက္ ေကာင္းမယ္ဆိုတာ သိပါတယ္။ သိပ္ေကာင္းတဲ့ ပြဲႏွစ္ပြဲကို က်ေန္ာတို႔ ကစားရမွာပါ။ က်ေန္ာတို႔အတြက္က ခ်န္ပီယံလိဂ္က သိပ္ကို အေရးၾကီးပါတယ္။ ဒါက ရံွဴးထြက္အဆင့္ပါ။ ဖုိင္နယ္ႏွစ္ပြဲပါ။ အန္ဖီးမွာ ကစားရမွာကို က်ေန္ာတုိ႔ ေပ်ာ္ပါတယ္။
က်ေနာ္အတြက္ကေတာ့ ပထမဆံုအၾကိမ္ အန္ဖီးကြင္းမွာ ကစားရမွာပါ။ အဲ့သည္ကြင္းမွာ ကစားရမွာကို က်ေနာ္ အာရံုစိုက္ေနပါတယ္။ က်ေန္ာတို႔အတြက္ ညေကာင္းတစ္ည ျဖစ္လာဖို႔ ေမွ်ာ္လင့္ပါတယ္။ အဲ့သည္အတြက္ေတာ့ ရလဒ္အေပၚမွာပဲ မူတည္ပါတယ္ ” လို႔ ႏူအာက ေျပာပါတယ္။
ဘိုင္ယန္ျမဴနစ္ ကြင္းလယ္လူျဖစ္ျပီး ႏူအာရဲ႕ အသင္းေဖာ္ျဖစ္တဲ့ ဂ်ိမ္းစ္ ရိုဒရီဂြက္စ္က ဘိုင္ယန္ဟာ လီဗာပူးကို ရင္ဆိုင္ေက်ာ္ျဖတ္ျပီး ေနာက္တစ္ဆင့္ကို တက္ေရာက္ႏုိင္မယ္လို႔ ယံုၾကည္ပါေၾကာင္း ေျပာပါေသးတယ္။
” လီဗာပူးနဲ႔ ရင္ဆိုင္ရမွာကို က်ေနာ္ အရမ္း အာရံုစိုက္ေနပါတယ္။ ဒီလိုပြဲမွာ က်ေန္ာတို႔ေတြ အမွားလုပ္လို႔ မရပါဘူး။ လီဗာပူးကို ျပႆနာေတြ ေပးႏုိင္မယ္လို႔ ေမွ်ာ္လင့္ျပီး အေကာင္းဆံုး ကစားႏုိင္မယ္ဆိုရင္ က်ေန္ာတုိ႔က ေနာက္တစ္ဆင့္ကို တက္ေရာက္သြားႏိုင္မွာပါ ” လို႔ ဂ်ိမ္းစ္က ေျပာဆိုခဲ့ပါတယ္။
Sports Home Time

[Unicode] ဘိုင်ယန်မြူးနစ် ဂိုးသမာ နူအာကတော့ ဂျာမနီကလပ်အသင်းဟာ အန်ဖီးကွင်းမှာ လီဗာပူးကို ယှဉ်ပြိုင်ရလို့လည်း ကြောက်ရွံ့တုန်လှုပ်နေစရာ ဘာအကြောင်းမှ မရှိပါဘူးလို့ ယုံကြည်နေပါတယ်။
လီဗာပူးအသင်းရဲ့ နာမည်ကျော် ဂုဏ်ပုဒ်တွေထဲမှာ ဥရောပညတွေလည်း အပါအဝင်ဖြစ်ပြီး အန်ဖီးကွင်းမှာ ထင်ရှားတဲ့ ဥရောပပွဲပေါင်း မြောက်များစွာကို အနိုင်ကစားခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အရေးပါတဲ့အဆင့်တွေမှာ အန်ဖီးကွင်းနဲ့ လီဗာပူးပရိသတ်တွေရဲ့ အထောက်အပံ့က မာဆေးဆိုဒ်ကလပ်ကို အကူအညီကြီးတွေ ဖြစ်စေခဲ့ပြီးပါပြီ။
ယာဂင်ကလော့ပ် လက်ထက်မှာတော့ မာဆေးဆိုဒ်ဒေသရဲ့ တစ်ဝက်ကို စည်းရုံးနိုင်မှုနဲ့အတူ ရိုးမား၊ ပီအက်ဂျီ၊ ဒေါ့မွန်တို့ကို အိမ်ကွင်းမှာ အမှတ်ရစရာ ညချမ်းတွေနဲ့ ယှဉ်ပြိုင်ထားနိုင်ခဲ့တယ်။ ဒီရာသီ ချန်ပီယံလိဂ် 16 သင်းအဆင့်မှာ ရင်ဆိုင်ရမယ့် ဘိုင်ယန်ဟာ 2001 ခုနှစ်မှာ ထိပ်တိုက်တွေ့ပြီး နောက်ပိုင်း ဆယ်ဆုနှစ် နှစ်ခုလောက်ကြာမှာ အဓိက ပြိုင်ပွဲကြီးမှာ ပြန်လည် တွေ့ဆုံကြတာဖြစ်ပါတယ်။
လီဗာပူးရဲ့ ချန်ပီယံလိဂ်ညတွေက ကျော်ကြားပေမယ့်လည်း ဘိုင်ယန်ဟာ အန်ဖီးကို အကောင်းဆုံး တုန့်ပြန်ပြနိုင်မယ်လို့ နူအာက ယုံကြည်ထားကြောင်း ပြောပါတယ်။
” အန်ဖီးကွင်းရဲ့ အားပေးမှု အငွေ့အသက်တွေအကြောင်း ကျနေ်ာတို့ အများကြီး ကြားထားပါတယ်။ ဘောလုံးကြည့်ကြတဲ့သူတိုင်း ဒီပွဲတွေက ဘယ်လောက် ကောင်းမယ်ဆိုတာ သိပါတယ်။ သိပ်ကောင်းတဲ့ ပွဲနှစ်ပွဲကို ကျနေ်ာတို့ ကစားရမှာပါ။ ကျနေ်ာတို့အတွက်က ချန်ပီယံလိဂ်က သိပ်ကို အရေးကြီးပါတယ်။ ဒါက ရံှူးထွက်အဆင့်ပါ။ ဖိုင်နယ်နှစ်ပွဲပါ။ အန်ဖီးမှာ ကစားရမှာကို ကျနေ်ာတို့ ပျော်ပါတယ်။
ကျနော်အတွက်ကတော့ ပထမဆုံအကြိမ် အန်ဖီးကွင်းမှာ ကစားရမှာပါ။ အဲ့သည်ကွင်းမှာ ကစားရမှာကို ကျနော် အာရုံစိုက်နေပါတယ်။ ကျနေ်ာတို့အတွက် ညကောင်းတစ်ည ဖြစ်လာဖို့ မျှော်လင့်ပါတယ်။ အဲ့သည်အတွက်တော့ ရလဒ်အပေါ်မှာပဲ မူတည်ပါတယ် ” လို့ နူအာက ပြောပါတယ်။
ဘိုင်ယန်မြူနစ် ကွင်းလယ်လူဖြစ်ပြီး နူအာရဲ့ အသင်းဖော်ဖြစ်တဲ့ ဂျိမ်းစ် ရိုဒရီဂွက်စ်က ဘိုင်ယန်ဟာ လီဗာပူးကို ရင်ဆိုင်ကျော်ဖြတ်ပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်မယ်လို့ ယုံကြည်ပါကြောင်း ပြောပါသေးတယ်။
” လီဗာပူးနဲ့ ရင်ဆိုင်ရမှာကို ကျနော် အရမ်း အာရုံစိုက်နေပါတယ်။ ဒီလိုပွဲမှာ ကျနေ်ာတို့တွေ အမှားလုပ်လို့ မရပါဘူး။ လီဗာပူးကို ပြဿနာတွေ ပေးနိုင်မယ်လို့ မျှော်လင့်ပြီး အကောင်းဆုံး ကစားနိုင်မယ်ဆိုရင် ကျနေ်ာတို့က နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်မှာပါ ” လို့ ဂျိမ်းစ်က ပြောဆိုခဲ့ပါတယ်။
Sports Home Time
