[Zawgyi] ယူႏုိက္တက္ တုိက္စစ္သမား ဆန္းခ်က္ကေတာ့ မန္ခ်က္စတာကလပ္နဲ႔အတူ သူ႔ရဲ႕အိပ္မက္ျဖစ္တဲ့ ခ်န္ပီယံလိဂ္ ဆုဖလားကို အႏုိင္ရလိုပါတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလာပါတယ္။
ၾကားရက္မွာေတာ့ ယူႏုိက္တက္ဟာ ခ်န္ပီယံလိဂ္ 16 သင္းအဆင့္အျဖစ္ ပီအက္ဂ်ီအသင္းကို အိုထရတ္ဖိုဒ့္ကြင္းမွာ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။ မန္ေနဂ်ာသစ္ ဆိုးရွားလက္ထက္ 11 ပြဲမွာ 10 ပြဲထိ အႏိုင္ရထားတဲ့ ယူႏုိက္တက္ဟာ စိတ္ဓါတ္ပိုင္း အေကာင္းဆံုး အေနအထားကို ေရာက္ရွိေနျပီး ေနာက္ဆံုး ကစားထားတဲ့ ဖူလ္ဟမ္နဲ႔ပြဲကို 3-0 နဲ႔ အႏိုင္ရထားတယ္။
ဆန္းခ်က္ဟာ ဘာစီလိုနာမွာ သံုးရာသီ က်င္လယ္ခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ဖလား တစ္ၾကိမ္မွ အႏိုင္ မရခဲ့ပါဘူး။ 2010-2011 ခုႏွစ္ ဘာစီလိုနာ ခ်န္ပီယံလိဂ္ ရျပီးေနာက္မွာ အူဒီးနီကေန ေျပာင္းေရႊ႔ေရာက္ရွိလာခဲ့ျပီး သူစပိန္ေျမကေန ထြက္ခြာျပီးတဲ့ ေနာက္ရာသီ 2015 မွာေတာ့ ဘာစီလိုနာတို႔ ခ်န္ပီယံလိဂ္ဖလားကို ေနာက္တစ္ၾကိမ္ ျပန္ရခဲ့တာျဖစ္ပါတယ္။
ဆန္းခ်က္က သူ႔ရဲ႕ ခ်န္ပီယံလိဂ္ ေမွ်ာ္လင့္ခ်က္ကို ေျပာျပရာမွာ ” ခ်န္ပီယံလိဂ္ကို အႏုိင္ရဖို႔က ကစားသမားတိုင္းရဲ႕ အိပ္မက္ပါပဲ။ ဘာစီလိုနာမွာ အဲ့သည္ အိပ္မက္နဲ႔ က်ေနာ္ ေနထိုင္ခဲ့ျပီး ဘာေတြျဖစ္ခဲ့တယ္ဆိုတာ အားလံုး သိပါတယ္။ ခ်န္ပီယံလိဂ္ဖလားကို တစ္ရက္မွာ အႏုိင္ရဖို႔ ေမွ်ာ္လင့္ထားျပီး ဘာလို႔ ယူႏုိက္တက္နဲ႔ မရႏိုင္ရမွာလဲ?
အုပ္စုအဆင့္ကို က်ေနာ္တုိ႔ ေက်ာ္ျဖတ္လာခဲ့ျပီး ထပ္မံ ယွဥ္ျပိဳင္ရမွာက ပီအက္ဂ်ီပါ။ ဒါက စိန္ေခၚမႈၾကီး ျဖစ္ေပမယ့္ မိနစ္ 180 ၾကာ ကစားရမွာျဖစ္လို႔ ဘာမဆို ျဖစ္သြားႏုိင္ပါတယ္။ ယူႏုိက္တက္ဟာ ဘယ္လို ျပိဳင္ဘက္ကိုမဆို ယွဥ္ျပိဳင္ႏုိင္တဲ့ သမိုင္းေၾကာင္းေကာင္းေတြ အမ်ားၾကီးကို ပိုင္ဆိုင္ထားတဲ့ အသင္းျဖစ္ပါတယ္။
အိုထရတ္ဖိုဒ့္မွာ ပီအက္ဂ်ီကို အႏုိင္ရျပီး ဂိုးမေပးရဘူးဆိုရင္ ဒုတိယအေက်ာ့အတြက္ ေရပန္းစားအသင္း ျဖစ္လာမယ္လို႔ က်ေနာ္ထင္တယ္။ အဲ့သည္လို က်ေနာ္တို႔ လုပ္ႏုိင္မယ္လို႔လည္း ယူဆထားတယ္။ ပဲရစ္ကလပ္ကို ဂိုးေတြသြင္းဖို႔ အခြင့္အေရးေတြ အမ်ားၾကီး ရလိမ့္မယ္လို႔ ျမင္ထားပါတယ္ ” လို႔ ဆိုပါတယ္။
ယူႏုိက္တက္နဲ႔ ပီအက္ဂ်ီတို႔ ယွဥ္ျပိဳင္ရမယ့္ ပြဲမွာ အဂၤလန္ကလပ္အတြင္း ဆိုးဆိုးရြားရြား ဒဏ္ရာရစာရင္းေတြ မရွိေပမယ့္ လင္ဒီေအာ့ ဒဏ္ရာအနည္းငယ္ ရွိတယ္လို႔ သိထားရတယ္။ ပီအက္ဂ်ီဘက္ကေတာ့ ေနမာ ပါဝင္ႏုိင္ျခင္း မရွိသလို ကာဗာနီနဲ႔ မူနီယာတို႔ရဲ႕ ၾကံ႕ခိုင္မႈကလည္း ရာႏႈန္းျပည့္ မေကာင္းဘူးလို႔ သိထားရတာ ျဖစ္ပါတယ္။
Sports Home Time

[Unicode] ယူနိုက်တက် တိုက်စစ်သမား ဆန်းချက်ကတော့ မန်ချက်စတာကလပ်နဲ့အတူ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ ချန်ပီယံလိဂ် ဆုဖလားကို အနိုင်ရလိုပါတယ်လို့ ထုတ်ဖော် ပြောဆိုလာပါတယ်။
ကြားရက်မှာတော့ ယူနိုက်တက်ဟာ ချန်ပီယံလိဂ် 16 သင်းအဆင့်အဖြစ် ပီအက်ဂျီအသင်းကို အိုထရတ်ဖိုဒ့်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ မန်နေဂျာသစ် ဆိုးရှားလက်ထက် 11 ပွဲမှာ 10 ပွဲထိ အနိုင်ရထားတဲ့ ယူနိုက်တက်ဟာ စိတ်ဓါတ်ပိုင်း အကောင်းဆုံး အနေအထားကို ရောက်ရှိနေပြီး နောက်ဆုံး ကစားထားတဲ့ ဖူလ်ဟမ်နဲ့ပွဲကို 3-0 နဲ့ အနိုင်ရထားတယ်။
ဆန်းချက်ဟာ ဘာစီလိုနာမှာ သုံးရာသီ ကျင်လယ်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလား တစ်ကြိမ်မှ အနိုင် မရခဲ့ပါဘူး။ 2010-2011 ခုနှစ် ဘာစီလိုနာ ချန်ပီယံလိဂ် ရပြီးနောက်မှာ အူဒီးနီကနေ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး သူစပိန်မြေကနေ ထွက်ခွာပြီးတဲ့ နောက်ရာသီ 2015 မှာတော့ ဘာစီလိုနာတို့ ချန်ပီယံလိဂ်ဖလားကို နောက်တစ်ကြိမ် ပြန်ရခဲ့တာဖြစ်ပါတယ်။
ဆန်းချက်က သူ့ရဲ့ ချန်ပီယံလိဂ် မျှော်လင့်ချက်ကို ပြောပြရာမှာ ” ချန်ပီယံလိဂ်ကို အနိုင်ရဖို့က ကစားသမားတိုင်းရဲ့ အိပ်မက်ပါပဲ။ ဘာစီလိုနာမှာ အဲ့သည် အိပ်မက်နဲ့ ကျနော် နေထိုင်ခဲ့ပြီး ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အားလုံး သိပါတယ်။ ချန်ပီယံလိဂ်ဖလားကို တစ်ရက်မှာ အနိုင်ရဖို့ မျှော်လင့်ထားပြီး ဘာလို့ ယူနိုက်တက်နဲ့ မရနိုင်ရမှာလဲ?
အုပ်စုအဆင့်ကို ကျနော်တို့ ကျော်ဖြတ်လာခဲ့ပြီး ထပ်မံ ယှဉ်ပြိုင်ရမှာက ပီအက်ဂျီပါ။ ဒါက စိန်ခေါ်မှုကြီး ဖြစ်ပေမယ့် မိနစ် 180 ကြာ ကစားရမှာဖြစ်လို့ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ယူနိုက်တက်ဟာ ဘယ်လို ပြိုင်ဘက်ကိုမဆို ယှဉ်ပြိုင်နိုင်တဲ့ သမိုင်းကြောင်းကောင်းတွေ အများကြီးကို ပိုင်ဆိုင်ထားတဲ့ အသင်းဖြစ်ပါတယ်။
အိုထရတ်ဖိုဒ့်မှာ ပီအက်ဂျီကို အနိုင်ရပြီး ဂိုးမပေးရဘူးဆိုရင် ဒုတိယအကျော့အတွက် ရေပန်းစားအသင်း ဖြစ်လာမယ်လို့ ကျနော်ထင်တယ်။ အဲ့သည်လို ကျနော်တို့ လုပ်နိုင်မယ်လို့လည်း ယူဆထားတယ်။ ပဲရစ်ကလပ်ကို ဂိုးတွေသွင်းဖို့ အခွင့်အရေးတွေ အများကြီး ရလိမ့်မယ်လို့ မြင်ထားပါတယ် ” လို့ ဆိုပါတယ်။
ယူနိုက်တက်နဲ့ ပီအက်ဂျီတို့ ယှဉ်ပြိုင်ရမယ့် ပွဲမှာ အင်္ဂလန်ကလပ်အတွင်း ဆိုးဆိုးရွားရွား ဒဏ်ရာရစာရင်းတွေ မရှိပေမယ့် လင်ဒီအော့ ဒဏ်ရာအနည်းငယ် ရှိတယ်လို့ သိထားရတယ်။ ပီအက်ဂျီဘက်ကတော့ နေမာ ပါဝင်နိုင်ခြင်း မရှိသလို ကာဗာနီနဲ့ မူနီယာတို့ရဲ့ ကြံ့ခိုင်မှုကလည်း ရာနှုန်းပြည့် မကောင်းဘူးလို့ သိထားရတာ ဖြစ်ပါတယ်။
Sports Home Time
