အဂၤလန္အသင္းေတြထဲ တစ္သင္းကလြဲလို႔ က်န္အသင္းေတြဟာ အဖြဲ႔ခ်ဳပ္ကို ေလးစားမႈမရွိဘူး UEFA စြပ္စြဲ

[Zawgyi] ဂြာဒီယိုလာ၊ ပိုခ်က္တီႏို၊ ဆိုးရွားတို႔ရဲ႕ ခ်န္ပီယံလိဂ္မွာ VAR စနစ္ က်င့္သံုးျခင္းဆိုင္ရာ စည္းေဝးပြဲကို တက္ေရာက္မႈ မျပဳလုပ္ခဲ့တဲ့ လုပ္ရပ္ဟာ ဥေရာပေဘာလံုးအဖြဲ႔ခ်ဳပ္ကို ေလးစားမႈမရွိတဲ့ အျပဳအမႈပါလို႔ ယူအီးအက္ဖ္ေအ ဥကၠဌက စြပ္စြဲလိုက္ပါတယ္။

ဂ်ာမနီႏိုင္ငံ ဖရန္႔ဖတ္မွာ ျပဳလုပ္တဲ့ ဗီဒီယိုအေထာက္အကူ ဒိုင္လူၾကီးကို အတိုေကာက္ေခၚတဲ့ VAR စနစ္ကို ဘယ္လို က်င့္သံုးမယ္ဆိုတာနဲ႔ ပက္သက္တဲ့ စည္းေဝးမႈမွာ ခ်န္ပီယံလိဂ္ 16 သင္း ရံွဴးထြက္အဆင့္ကို တက္ေရာက္လာတဲ့ အသင္း 16 သင္းအနက္ 5 သင္းမွ မန္ေနဂ်ာေတြပဲ တက္ေရာက္ခဲ့ပါတယ္။ ဒါေပမယ့္လို႔ ပရီးမီးယားလိဂ္ မန္ေနဂ်ာ တစ္ဦးကမွ တက္ေရာက္ခဲ့ျခင္း မရွိပါဘူး။

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ဟာ ပရီးမီးယားလိဂ္ပြဲ တာဝန္ ရွိေနလို႔ မတက္ေရာက္ႏိုင္ခဲ့တာျဖစ္ျပီး ယူအီအက္ဖ္ေအ ဥကၠဌ Aleksander Ceferin က မည္သည့္ အၾကီးတန္း တာဝန္ရွိသူေတြကိုမွ မေစလႊတ္ေပးခဲ့တဲ့ ယူႏုိက္တက္၊ စီးတီးနဲ႔ စပါးတို႔ရဲ႕ လုပ္ရပ္ကို စိတ္ပ်က္ေၾကာင္း ေၾကညာခဲ့တာျဖစ္တယ္။

VAR စနစ္ကရမယ့္ အက်ိဳးအျမတ္နဲ႔ ပက္သက္ျပီး ယူအီအက္ဖ္ေအ ဒိုင္လူၾကီးဆိုင္ရာ အၾကီးအကဲ Roberto Rosetti က ‘လက္ရွိအခ်ိန္ထိ မျပည့္စံုေသးဘူး’ လို႔ ဝန္ခံေပမယ့္ ‘ေမွ်ာ္လင့္ခ်က္ ျမင့္ျမင့္မားမား ထားရွိထားတယ္’ လို႔ ဆိုပါတယ္။ သူကပဲ ‘ေနာက္ကြယ္မွာေတာ့ လူသားေတြ ရွိေနပါတယ္’ လို႔ ထပ္မံ ေျပာဆိုပါတယ္။

Ceferin က VAR စနစ္နဲ႔ပက္သက္ျပီး ျငင္းခ်က္ထုတ္ၾကရင္လည္း ျပႆနာမရွိေၾကာင္းနဲ႔ ျပန္ျပင္ဖို႔ အစီအစဥ္မရွိေၾကာင္းကို တက္ေရာက္လာတဲ့ မန္ေနဂ်ာ 5 ဦးျဖစ္တဲ့ ဂ်ဴဗင္တပ္၊ လိုင္ယြန္၊ ပီအက္ဂ်ီ၊ ရိုးမားနဲ႔ ေပၚတိုအသင္း မန္ေနဂ်ာေတြကို ရွင္းျပခဲ့ပါတယ္။

ယူအီအက္ဖ္ ဥကၠဌက ” လီဗာပူးကေတာ့ ပရီးမီးယားလိဂ္ပြဲ ကစားေနရလို႔ တက္ေရာက္ႏိုင္ျခင္း မရွိပါဘူး။ အခ်ိဳ႔က လက္ေထာက္နည္းျပေတြ၊ အခ်ိဳ႔က ေစ်းကြက္ဆိုင္ရာ တာဝန္ရွိသူေတြကို ေစလႊတ္ၾကတယ္။ ကလပ္အသင္း မန္ေနဂ်ာေတြက ေလးစားမႈမရွိတာပါ။ သူတို႔ရဲ႕ လႊမ္းမိုးမႈက ၾကီးမားပါတယ္။ သူတို႔ေတြက ဒိုင္လူၾကီးေတြကို ေစာဒကတက္ၾကရင္ေတာင္ VAR ကေန ဘယ္လိုေတြ ေမွ်ာ္လင့္ႏိုင္မယ္ဆိုတာ အနည္းဆံုး လာၾကည့္သင့္တယ္။ မတက္ခဲ့ေတာ့ သူတို႔ ဘယ္လို ဆင္ေျခမွ ေပးလို႔မရေတာ့ဘူး ” လို႔ ေျပာပါတယ္။

Sports Home Time

[Unicode] ဂွာဒီယိုလာ၊ ပိုချက်တီနို၊ ဆိုးရှားတို့ရဲ့ ချန်ပီယံလိဂ်မှာ VAR စနစ် ကျင့်သုံးခြင်းဆိုင်ရာ စည်းဝေးပွဲကို တက်ရောက်မှု မပြုလုပ်ခဲ့တဲ့ လုပ်ရပ်ဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ကို လေးစားမှုမရှိတဲ့ အပြုအမှုပါလို့ ယူအီးအက်ဖ်အေ ဥက္ကဌက စွပ်စွဲလိုက်ပါတယ်။

ဂျာမနီနိုင်ငံ ဖရန့်ဖတ်မှာ ပြုလုပ်တဲ့ ဗီဒီယိုအထောက်အကူ ဒိုင်လူကြီးကို အတိုကောက်ခေါ်တဲ့ VAR စနစ်ကို ဘယ်လို ကျင့်သုံးမယ်ဆိုတာနဲ့ ပက်သက်တဲ့ စည်းဝေးမှုမှာ ချန်ပီယံလိဂ် 16 သင်း ရံှူးထွက်အဆင့်ကို တက်ရောက်လာတဲ့ အသင်း 16 သင်းအနက် 5 သင်းမှ မန်နေဂျာတွေပဲ တက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ပရီးမီးယားလိဂ် မန်နေဂျာ တစ်ဦးကမှ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ ပရီးမီးယားလိဂ်ပွဲ တာဝန် ရှိနေလို့ မတက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ယူအီအက်ဖ်အေ ဥက္ကဌ Aleksander Ceferin က မည်သည့် အကြီးတန်း တာဝန်ရှိသူတွေကိုမှ မစေလွှတ်ပေးခဲ့တဲ့ ယူနိုက်တက်၊ စီးတီးနဲ့ စပါးတို့ရဲ့ လုပ်ရပ်ကို စိတ်ပျက်ကြောင်း ကြေညာခဲ့တာဖြစ်တယ်။

VAR စနစ်ကရမယ့် အကျိုးအမြတ်နဲ့ ပက်သက်ပြီး ယူအီအက်ဖ်အေ ဒိုင်လူကြီးဆိုင်ရာ အကြီးအကဲ Roberto Rosetti က ‘လက်ရှိအချိန်ထိ မပြည့်စုံသေးဘူး’ လို့ ဝန်ခံပေမယ့် ‘မျှော်လင့်ချက် မြင့်မြင့်မားမား ထားရှိထားတယ်’ လို့ ဆိုပါတယ်။ သူကပဲ ‘နောက်ကွယ်မှာတော့ လူသားတွေ ရှိနေပါတယ်’ လို့ ထပ်မံ ပြောဆိုပါတယ်။

Ceferin က VAR စနစ်နဲ့ပက်သက်ပြီး ငြင်းချက်ထုတ်ကြရင်လည်း ပြဿနာမရှိကြောင်းနဲ့ ပြန်ပြင်ဖို့ အစီအစဉ်မရှိကြောင်းကို တက်ရောက်လာတဲ့ မန်နေဂျာ 5 ဦးဖြစ်တဲ့ ဂျူဗင်တပ်၊ လိုင်ယွန်၊ ပီအက်ဂျီ၊ ရိုးမားနဲ့ ပေါ်တိုအသင်း မန်နေဂျာတွေကို ရှင်းပြခဲ့ပါတယ်။

ယူအီအက်ဖ် ဥက္ကဌက ” လီဗာပူးကတော့ ပရီးမီးယားလိဂ်ပွဲ ကစားနေရလို့ တက်ရောက်နိုင်ခြင်း မရှိပါဘူး။ အချို့က လက်ထောက်နည်းပြတွေ၊ အချို့က ဈေးကွက်ဆိုင်ရာ တာဝန်ရှိသူတွေကို စေလွှတ်ကြတယ်။ ကလပ်အသင်း မန်နေဂျာတွေက လေးစားမှုမရှိတာပါ။ သူတို့ရဲ့ လွှမ်းမိုးမှုက ကြီးမားပါတယ်။ သူတို့တွေက ဒိုင်လူကြီးတွေကို စောဒကတက်ကြရင်တောင် VAR ကနေ ဘယ်လိုတွေ မျှော်လင့်နိုင်မယ်ဆိုတာ အနည်းဆုံး လာကြည့်သင့်တယ်။ မတက်ခဲ့တော့ သူတို့ ဘယ်လို ဆင်ခြေမှ ပေးလို့မရတော့ဘူး ” လို့ ပြောပါတယ်။

Sports Home Time