ခ်န္ပီယံလိဂ္မွာ ယူႏိုက္တက္ကို အႏုိင္ကစားဖို႔ ဘာလုပ္ရမလဲဆိုတာ ရွင္းျပလာတဲ့ ေဆးဗား

[Zawgyi] ပီအက္ဂ်ီအသင္းဟာ ဒီရာသီ ပထမဆံုးေသာ လိဂ္ရံွဴးပြဲအျဖစ္ ယူႏုိက္တက္မန္ေနဂ်ာ ဆိုးရွား တက္ေရာက္ၾကည့္ခဲ့တဲ့ လုိင္ယြန္နဲ႔ပြဲမွာပဲ ရင္ဆုိင္သြားရပါတယ္။ ဆိုးရွားဟာ လက္စတာကို 1-0 နဲ႔ အႏုိင္ရတဲ့ပြဲ အျပီးမွာပဲ ပီအက္ဂ်ီရဲ႕ ေျခစြမ္းကို ကိုယ္တိုင္ ေလ့လာဖို႔ လိုင္ယန္ကို ခရီးဆက္သြားခဲ့တာျဖစ္ပါတယ္။

ပီအက္ဂ်ီ အသင္းေခါင္းေဆာင္ ေဆးဗားကေတာ့ သူတို႔ပြဲကို လာေရာက္ၾကည့္ခဲ့တဲ့ ျပိဳင္ဘက္မန္ေနဂ်ာ ဆိုးရွား ေက်နပ္ေလာက္တဲ့ ရလဒ္ ထြက္ေပၚခဲ့မႈ ျဖစ္ခဲ့မွာပါလို႔ ပြဲအျပီး မွတ္ခ်က္ျပဳပါေသးတယ္။ ” ဆိုးရွာကေတာ့ သူျမင္ေတြ႔ရတာနဲ႔ ပက္သက္ျပီး ေပ်ာ္ေနပါလိမ့္မယ္။ ပြဲကို အေကာင္းဆံုး စတင္ႏိုင္ေပမယ့္ အာရံုစူးစိုက္မႈ ေလ်ာ့နည္းခဲ့ျပီး အေရးနိမ့္ခဲ့ပါတယ္ ” ေဆးဗားက ဝန္ခံပါတယ္။

” ပထမပိုင္းက ခက္ခဲခဲ့ျပီး က်ေနာ္အတြက္ေကာပါပဲ။ ဒုတိယပိုင္းမွာ ပိုေကာင္းလာေပမယ့္ မလံုေလာက္ခဲ့ပါဘူး။ က်ေန္ာတို႔က အခြင့္အေရးေတြ အမ်ားၾကီးကို လြဲေခ်ာ္ခဲ့တယ္။ ေဘာလံုးမရွိတဲ့ အေနအထားေတြမွာ က်ေန္ာတို႔ ပိုဂရုစိုက္ဖို႔ လိုခဲ့ပါတယ္။ က်ေနာ္တို႔ ေကာင္းေကာင္းမကစားႏုိင္လုိ႔ ဆိုးရွားကေတာ့ ျပံဳးေပ်ာ္ျပီး ျပန္သြားႏိုင္ပါတယ္။ ”

ေနမာအျပင္ ကြင္းလယ္မွာ ဗာရက္တီပါ မပါႏိုင္တာက ပီအက္ဂ်ီကြင္းလယ္ရဲ႕ မာေက်ာ့မႈကို အားေပ်ာ့ေနေစပါတယ္။ သူတို႔ႏွစ္ဦးလံုးက ယူႏိုက္တက္နဲ႔ ခ်န္ပီယံလိဂ္ပြဲေတြမွာ လြဲေခ်ာ္မယ္လို႔ သတင္းထြက္ထားၾကသူေတြလည္း ျဖစ္တယ္။ ေဖေဖာ္ဝါရီလ 12 ရက္မွာေတာ့ ျပင္သစ္ခ်န္ပီယံက မန္ခ်က္စတာေျမကို ေရာက္လာမွာျဖစ္ျပီး ေဆးဗားက အႏုိင္ကစားဖို႔ ဦးတည္ခ်က္တစ္ခုတည္းနဲ႔ လာေရာက္မွာလို႔ ေၾကြးေၾကာ္ပါတယ္။

” က်ေန္ာတို႔အတြက္ စိတ္ပူမေနပါနဲ႔။ ေနာက္အပတ္ အဂၤါေန႔က်ရင္ မန္ခ်က္စတာမွာ ေနာက္ထပ္ ျပိဳင္ပြဲတစ္ခု၊ ေနာက္ထပ္ ပါဝင္ပက္သက္ရမႈ တစ္ခုနဲ႔ အေငြ႔အသက္ တစ္ခု ထပ္ရွိပါမယ္။ အဲ့သည္အခ်ိန္မွာ က်ေန္ာတို႔ရဲ႕ ပံုစံေတြကို ျပသဖို႔ အလုပ္လုပ္ရပါမယ္။

မန္ခ်က္စတာယူႏုိက္တက္နဲ႔ ရင္ဆိုင္ကစားရမွာက ပြဲေကာင္းတစ္ပြဲ ျဖစ္လာမွာပါ။ က်ေန္ာတို႔က ေကာင္းမြန္တဲ့ အသင္းေကာင္း တစ္သင္းနဲ႔ ရင္ဆိုင္ရမွာပါ။ ယူႏုိက္တက္က 10 ပြဲမွာ 9 ပြဲကို အႏိုင္ရထားပါတယ္။ သူတို႔ကို အႏိုင္ရဖို႔ က်ေန္ာတို႔က ရာႏႈန္းျပည့္ထက္ပိုျပီး အဆင့္သင့္ျဖစ္ေနဖို႔ လိုပါတယ္ ” လို႔ ေဆးဗားက သတိေပးလာခဲ့တာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] ပီအက်ဂျီအသင်းဟာ ဒီရာသီ ပထမဆုံးသော လိဂ်ရံှူးပွဲအဖြစ် ယူနိုက်တက်မန်နေဂျာ ဆိုးရှား တက်ရောက်ကြည့်ခဲ့တဲ့ လိုင်ယွန်နဲ့ပွဲမှာပဲ ရင်ဆိုင်သွားရပါတယ်။ ဆိုးရှားဟာ လက်စတာကို 1-0 နဲ့ အနိုင်ရတဲ့ပွဲ အပြီးမှာပဲ ပီအက်ဂျီရဲ့ ခြေစွမ်းကို ကိုယ်တိုင် လေ့လာဖို့ လိုင်ယန်ကို ခရီးဆက်သွားခဲ့တာဖြစ်ပါတယ်။

ပီအက်ဂျီ အသင်းခေါင်းဆောင် ဆေးဗားကတော့ သူတို့ပွဲကို လာရောက်ကြည့်ခဲ့တဲ့ ပြိုင်ဘက်မန်နေဂျာ ဆိုးရှား ကျေနပ်လောက်တဲ့ ရလဒ် ထွက်ပေါ်ခဲ့မှု ဖြစ်ခဲ့မှာပါလို့ ပွဲအပြီး မှတ်ချက်ပြုပါသေးတယ်။ ” ဆိုးရှာကတော့ သူမြင်တွေ့ရတာနဲ့ ပက်သက်ပြီး ပျော်နေပါလိမ့်မယ်။ ပွဲကို အကောင်းဆုံး စတင်နိုင်ပေမယ့် အာရုံစူးစိုက်မှု လျော့နည်းခဲ့ပြီး အရေးနိမ့်ခဲ့ပါတယ် ” ဆေးဗားက ဝန်ခံပါတယ်။

” ပထမပိုင်းက ခက်ခဲခဲ့ပြီး ကျနော်အတွက်ကောပါပဲ။ ဒုတိယပိုင်းမှာ ပိုကောင်းလာပေမယ့် မလုံလောက်ခဲ့ပါဘူး။ ကျနေ်ာတို့က အခွင့်အရေးတွေ အများကြီးကို လွဲချော်ခဲ့တယ်။ ဘောလုံးမရှိတဲ့ အနေအထားတွေမှာ ကျနေ်ာတို့ ပိုဂရုစိုက်ဖို့ လိုခဲ့ပါတယ်။ ကျနော်တို့ ကောင်းကောင်းမကစားနိုင်လို့ ဆိုးရှားကတော့ ပြုံးပျော်ပြီး ပြန်သွားနိုင်ပါတယ်။ ”

နေမာအပြင် ကွင်းလယ်မှာ ဗာရက်တီပါ မပါနိုင်တာက ပီအက်ဂျီကွင်းလယ်ရဲ့ မာကျော့မှုကို အားပျော့နေစေပါတယ်။ သူတို့နှစ်ဦးလုံးက ယူနိုက်တက်နဲ့ ချန်ပီယံလိဂ်ပွဲတွေမှာ လွဲချော်မယ်လို့ သတင်းထွက်ထားကြသူတွေလည်း ဖြစ်တယ်။ ဖေဖော်ဝါရီလ 12 ရက်မှာတော့ ပြင်သစ်ချန်ပီယံက မန်ချက်စတာမြေကို ရောက်လာမှာဖြစ်ပြီး ဆေးဗားက အနိုင်ကစားဖို့ ဦးတည်ချက်တစ်ခုတည်းနဲ့ လာရောက်မှာလို့ ကြွေးကြော်ပါတယ်။

” ကျနေ်ာတို့အတွက် စိတ်ပူမနေပါနဲ့။ နောက်အပတ် အင်္ဂါနေ့ကျရင် မန်ချက်စတာမှာ နောက်ထပ် ပြိုင်ပွဲတစ်ခု၊ နောက်ထပ် ပါဝင်ပက်သက်ရမှု တစ်ခုနဲ့ အငွေ့အသက် တစ်ခု ထပ်ရှိပါမယ်။ အဲ့သည်အချိန်မှာ ကျနေ်ာတို့ရဲ့ ပုံစံတွေကို ပြသဖို့ အလုပ်လုပ်ရပါမယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ကစားရမှာက ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ။ ကျနေ်ာတို့က ကောင်းမွန်တဲ့ အသင်းကောင်း တစ်သင်းနဲ့ ရင်ဆိုင်ရမှာပါ။ ယူနိုက်တက်က 10 ပွဲမှာ 9 ပွဲကို အနိုင်ရထားပါတယ်။ သူတို့ကို အနိုင်ရဖို့ ကျနေ်ာတို့က ရာနှုန်းပြည့်ထက်ပိုပြီး အဆင့်သင့်ဖြစ်နေဖို့ လိုပါတယ် ” လို့ ဆေးဗားက သတိပေးလာခဲ့တာ ဖြစ်ပါတယ်။

Sports Home Time