[Zawgyi] ခ်ယ္ဆီးအသင္းဟာ ဖာဘရီဂက္စ္ ေနရာ အတြက္ အစားထိုးစရာ ကစားသမား မေခၚယူနုိင္ခဲ့တာေၾကာင့္ နည္းျပဆာရီက ေဂ်ာ္ဂ်င္ဟို ရဲ႕ အရန္အျဖစ္ မာတီယို ကိုဗာဆစ္ကို ျပန္လည္ ျပင္ဆင္ေနပါတယ္။ ဖာဘရီဂက္စ္က ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလမွာ မိုနာကိုထံ ေျပာင္းေ႐ႊသြားခဲ့တာပါ။
ဖာဘရီဂတ္စ္ ထြက္ခြာသြားျပီးေနာက္ ၄င္းေနရာအတြက္ ခ်ယ္ဆီးဟာ ဇင္းနစ္ ကစားသမား လီရန္ဒ႐ို ပါရီဒက္စ္ကို ေခၚယူႏိုင္ဖို႔ ၾကိဳးစားခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ဘဲ အဆိုပါကစားသမားဟာ ပီအက္စ္ဂ်ီ အသင္းကို ေရာက္ရွိသြားခဲ့တာပါ။
‘ဆာရီေဘာ’ နည္းစနစ္မွာ အဓိက ေနရာရဲ႕ အရန္အသစ္ကို ရွာေဖြဖို႔ ဆာရီ ႀကိဳးစားခဲ့ပါတယ္။ အီသန္အမ္ပဒူနဲ႔ ကိုဗာဆစ္တို႔ ႏွစ္ေယာက္လုံးကို ရွက္ဖီးဝမ္းနက္စ္ေဒး နဲ႔ အက္ဖ္ေအဖလား ပြဲစဥ္မွာ စမ္းသပ္အသုံးျပဳခဲ့တယ္။ စေနေန႔က ဟက္ဒါဖီးနဲ႔ပြဲမွာ အေသးစား ေပါင္ၿခံဒဏ္ရာရခဲ့တဲ့ ေဂ်ာ္ဂ်င္ဟို ေနရာကို အစားဝင္ခဲ့ၿပီးေနာက္ ၅ဂိုးျပတ္ အႏိုင္ရခဲ့တာေၾကာင့္ ဒီေနရာအတြက္ ကိုဗာဆစ္က ကစားႏိူင္ေနၿပီလို႔ ဆာရီက ထင္ေနပါတယ္။
“ကြင္းလယ္လူတစ္ေယာက္ မေခၚခဲ့လို႔ က်ေနာ္တို႔ ဒဏ္ခံရမလားဆိုတာေတာ့ မသိပါဘူး။ ဒါေပမယ့္ အခုရွိေနတဲ့ ကစားသမားေတြနဲ႔ပဲ က်ေနာ္ႀကိဳးစားရမွာပါ။ ဒါေၾကာင့္ ကိုဗာဆစ္ဟာ အရမ္းေကာင္းတဲ့ ေ႐ြးခ်ယ္စရာတစ္ခု ျဖစ္ႏိုင္တယ္လို႔ က်ေနာ္ ထင္တယ္။ အဲ့ဒီ့ေနာက္ ဒဏ္ရာျပသနာၿပီးေတာ့ ေလာ့ဖ္တပ္ခ်ိခ္ကို လုံးဝျပန္ေကာင္းလာေအာင္ က်ေနာ္တို႔ လုပ္ဖို႔လိုပါတယ္။ ”
“တစ္ခါတေလ ကိုဗာဆစ္ကို ဗဟိုကြင္းလယ္အေနနဲ႔ ကစားႏိူင္ၿပီး ေဂ်ာ္ဂင္ဟိုက အနားယူလို႔ ရပါလိမ့္မယ္။ က်ေနာ္တို႔က ကစားသမား နွစ္ေယာက္နဲ႔ ေလ့က်င့္ဖို႔ ႀကိဳးစားေနတယ္။ ပထမတစ္ေယာက္က အမ္ပဒူ၊ ေနာက္တစ္ေယာက္က ကိုဗာဆစ္။ အသင္းအတြက္ ကိုဗာဆစ္က ပိုၿပီးေတာ့ သင့္ေတာ္ပါတယ္။ ”
“အားလံုး သိတဲ့အတိုင္း အမ္ပဒူက ပိုၿပီး ခံစစ္အားသာတယ္။ တစ္ခ်က္ထိၿပီး အျမန္ေပးတဲ့ ေနရာက်ေတာ့ ကိုဗာဆစ္က ေဂ်ာ္ဂ်င္ဟိုနဲ႔ အရမ္းတူတယ္။ အနာဂတ္မွာ သူဟာ ဒီေနရာကို ေကာင္းေကာင္းလုပ္ႏိုင္မယ္လို႔ က်ေနာ္ထင္တယ္” လို႔ စတန္းဖို႔ဒ္ဘရစ္ခ်္မွာ သတင္းေထာက္ေတြကို ဆာရီက ေျပာခဲ့ပါတယ္။
ဆာရီရဲ႕ အလိုက္သင့္ ေျပာင္းလဲႏိုင္ျခင္းမရွိတဲ့ နည္းဗ်ဴဟာက ဘုန္းေမာက္ကို ေလးဂိုးျပတ္ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ အဓိက ျဖစ္ခဲ့ပါတယ္။ ၂၂ ႏွစ္ အတြင္း အဆိုးဝါးဆုံး ရႈံးပြဲမွာ ေဂ်ာ္ဂ်င္ဟိုကို လူကပ္ဖို႔ ဘုန္းေမာက္က ေဒးဗစ္ဘ႐ြတ္ကို မွန္မွန္ကန္ကန္ အသုံးခ်ႏိုင္ခဲ့တာပါ။ ဒါေပမယ့္ ပလန္ဘီ မရွိျခင္း, ေဂ်ာ္ဂ်င္ဟို ကို အဓိကအျဖစ္ သုံးတာ သိသာေနျခင္းနဲ႔ ပတ္သက္ၿပီး ေမးျမန္းရာ ဆာရီက ေျဗာင္ျငင္းခဲ့ပါတယ္။
ပရီးမီးယားလိဂ္ ရဲ႕ ေပးပို႔မႈ အေကာင္းဆုံး ကစားသမားဟာ ဒီရာသီမွာ ဖန္တီးမႈ တစ္ခု ေတာင္မရေသးတာေၾကာင့္ နားလည္မႈ လြဲေနတယ္လို႔ ဆာရီက ယုံၾကည္ေနၿပီး ေဂ်ာ္ဂ်င္ဟိုကို ကာကြယ္ေျပာဆိုခဲ့ပါတယ္။ ေဂ်ာ္ဂ်င္ဟိုက ဟက္ဒါဖီး နဲ႔ပြဲမွာ နာပိုလီ အသင္းေဖာ္ေဟာင္း ဟီဂြာအင္နဲ႔ တြဲဖက္ ပြဲထြက္ခဲ့ပါတယ္။ အမွတ္ေပးဇယား ေအာက္ေျခက အသင္းနဲ႔ေတြ႕ဆုံရာမွာ သူပထမဆုံး ေခၚယူခဲ့တဲ့ ကစားသမားရဲ႕ အေကာင္းဆုံး စြမ္းေဆာင္ရည္ ကို ျမင္ခဲ့ရတယ္လို႔ ဆိုပါတယ္။
“မဟုတ္ဘူး ေဂ်ာ္ဂ်င္ဟို ကစားတာ အရမ္းေကာင္းခဲ့ပါတယ္။ ေလးဂိုးေျမာက္အၿပီး ကန္ေတကို က်ေနာ္ ထည့္ကစားခဲ့တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေဂ်ာ္ဂ်င္ဟိုက ေပါင္ၿခံဒဏ္ရာျပသနာ အနည္းငယ္ရွိခဲ့တယ္။ ေျပာစရာက ဒါပဲရွိတာပါ။ က်ေနာ့္အျမင္အရ ဒီပြဲမွာ ေဂ်ာ္ဂ်င္ဟို အရမ္းေကာင္းခဲ့ပါတယ္။ ေဂ်ာ္ဂ်င္ဟိုက တျခားကစားသမား ေတြဆီကေန ေဘာလုံးမပါဘဲ လုွပ္ရွားရာမွာ လိုအပ္ေနေသးတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူက တစ္ခ်က္ထိ အျမန္ေပးနည္းနဲ႔ ကစားေလ့ရွိတယ္။ တျခားကစားသမားေတြရဲ႕ လႈပ္ရွားမႈမပါပဲ ဒီလိုကစားဖို႔ က အရမ္းခက္ခဲတယ္။ ”
ေဘာလုံးမပါပဲ လႈပ္ရွားမႈေတြနဲ႔ ေကာင္းေကာင္းကစားခဲ့တယ္ဆိုရင္ ေဂ်ာ္ဂ်င္ဟို အတြက္ ပိုၿပီးလြယ္ကူပါတယ္။ က်ေနာ္တို႔ဟာ ေဘာလုံးကို အရမ္းျမန္ျမန္ ေပးၿပီး ေကာင္းေကာင္းကစားခဲ့တယ္။ ေဘာလုံးမပါပဲ ေကာင္းမြန္တဲ့ လႈပ္ရွားမႈ ရွိခဲ့တယ္။ က်ေနာ္တို႔ဟာ တကယ္ပဲ အရမ္းအႏၲရာယ္ရွိတဲ့ အသင္းျဖစ္ခဲ့ပါတယ္. ”
Sports Home Time

[Unicode] ချယ်ဆီးအသင်းဟာ ဖာဘရီဂက်စ် နေရာ အတွက် အစားထိုးစရာ ကစားသမား မခေါ်ယူနိုင်ခဲ့တာကြောင့် နည်းပြဆာရီက ဂျော်ဂျင်ဟို ရဲ့ အရန်အဖြစ် မာတီယို ကိုဗာဆစ်ကို ပြန်လည် ပြင်ဆင်နေပါတယ်။ ဖာဘရီဂက်စ်က ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ မိုနာကိုထံ ပြောင်းရွှေသွားခဲ့တာပါ။
ဖာဘရီဂတ်စ် ထွက်ခွာသွားပြီးနောက် ၎င်းနေရာအတွက် ချယ်ဆီးဟာ ဇင်းနစ် ကစားသမား လီရန်ဒရို ပါရီဒက်စ်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ အဆိုပါကစားသမားဟာ ပီအက်စ်ဂျီ အသင်းကို ရောက်ရှိသွားခဲ့တာပါ။
‘ဆာရီဘော’ နည်းစနစ်မှာ အဓိက နေရာရဲ့ အရန်အသစ်ကို ရှာဖွေဖို့ ဆာရီ ကြိုးစားခဲ့ပါတယ်။ အီသန်အမ်ပဒူနဲ့ ကိုဗာဆစ်တို့ နှစ်ယောက်လုံးကို ရှက်ဖီးဝမ်းနက်စ်ဒေး နဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ စမ်းသပ်အသုံးပြုခဲ့တယ်။ စနေနေ့က ဟက်ဒါဖီးနဲ့ပွဲမှာ အသေးစား ပေါင်ခြံဒဏ်ရာရခဲ့တဲ့ ဂျော်ဂျင်ဟို နေရာကို အစားဝင်ခဲ့ပြီးနောက် ၅ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် ဒီနေရာအတွက် ကိုဗာဆစ်က ကစားနိူင်နေပြီလို့ ဆာရီက ထင်နေပါတယ်။
“ကွင်းလယ်လူတစ်ယောက် မခေါ်ခဲ့လို့ ကျနော်တို့ ဒဏ်ခံရမလားဆိုတာတော့ မသိပါဘူး။ ဒါပေမယ့် အခုရှိနေတဲ့ ကစားသမားတွေနဲ့ပဲ ကျနော်ကြိုးစားရမှာပါ။ ဒါကြောင့် ကိုဗာဆစ်ဟာ အရမ်းကောင်းတဲ့ ရွေးချယ်စရာတစ်ခု ဖြစ်နိုင်တယ်လို့ ကျနော် ထင်တယ်။ အဲ့ဒီ့နောက် ဒဏ်ရာပြသနာပြီးတော့ လော့ဖ်တပ်ချိခ်ကို လုံးဝပြန်ကောင်းလာအောင် ကျနော်တို့ လုပ်ဖို့လိုပါတယ်။ ”
“တစ်ခါတလေ ကိုဗာဆစ်ကို ဗဟိုကွင်းလယ်အနေနဲ့ ကစားနိူင်ပြီး ဂျော်ဂင်ဟိုက အနားယူလို့ ရပါလိမ့်မယ်။ ကျနော်တို့က ကစားသမား နှစ်ယောက်နဲ့ လေ့ကျင့်ဖို့ ကြိုးစားနေတယ်။ ပထမတစ်ယောက်က အမ်ပဒူ၊ နောက်တစ်ယောက်က ကိုဗာဆစ်။ အသင်းအတွက် ကိုဗာဆစ်က ပိုပြီးတော့ သင့်တော်ပါတယ်။ ”
“အားလုံး သိတဲ့အတိုင်း အမ်ပဒူက ပိုပြီး ခံစစ်အားသာတယ်။ တစ်ချက်ထိပြီး အမြန်ပေးတဲ့ နေရာကျတော့ ကိုဗာဆစ်က ဂျော်ဂျင်ဟိုနဲ့ အရမ်းတူတယ်။ အနာဂတ်မှာ သူဟာ ဒီနေရာကို ကောင်းကောင်းလုပ်နိုင်မယ်လို့ ကျနော်ထင်တယ်” လို့ စတန်းဖို့ဒ်ဘရစ်ချ်မှာ သတင်းထောက်တွေကို ဆာရီက ပြောခဲ့ပါတယ်။
ဆာရီရဲ့ အလိုက်သင့် ပြောင်းလဲနိုင်ခြင်းမရှိတဲ့ နည်းဗျူဟာက ဘုန်းမောက်ကို လေးဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အဓိက ဖြစ်ခဲ့ပါတယ်။ ၂၂ နှစ် အတွင်း အဆိုးဝါးဆုံး ရှုံးပွဲမှာ ဂျော်ဂျင်ဟိုကို လူကပ်ဖို့ ဘုန်းမောက်က ဒေးဗစ်ဘရွတ်ကို မှန်မှန်ကန်ကန် အသုံးချနိုင်ခဲ့တာပါ။ ဒါပေမယ့် ပလန်ဘီ မရှိခြင်း, ဂျော်ဂျင်ဟို ကို အဓိကအဖြစ် သုံးတာ သိသာနေခြင်းနဲ့ ပတ်သက်ပြီး မေးမြန်းရာ ဆာရီက ဗြောင်ငြင်းခဲ့ပါတယ်။
ပရီးမီးယားလိဂ် ရဲ့ ပေးပို့မှု အကောင်းဆုံး ကစားသမားဟာ ဒီရာသီမှာ ဖန်တီးမှု တစ်ခု တောင်မရသေးတာကြောင့် နားလည်မှု လွဲနေတယ်လို့ ဆာရီက ယုံကြည်နေပြီး ဂျော်ဂျင်ဟိုကို ကာကွယ်ပြောဆိုခဲ့ပါတယ်။ ဂျော်ဂျင်ဟိုက ဟက်ဒါဖီး နဲ့ပွဲမှာ နာပိုလီ အသင်းဖော်ဟောင်း ဟီဂွာအင်နဲ့ တွဲဖက် ပွဲထွက်ခဲ့ပါတယ်။ အမှတ်ပေးဇယား အောက်ခြေက အသင်းနဲ့တွေ့ဆုံရာမှာ သူပထမဆုံး ခေါ်ယူခဲ့တဲ့ ကစားသမားရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် ကို မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။
“မဟုတ်ဘူး ဂျော်ဂျင်ဟို ကစားတာ အရမ်းကောင်းခဲ့ပါတယ်။ လေးဂိုးမြောက်အပြီး ကန်တေကို ကျနော် ထည့်ကစားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဂျော်ဂျင်ဟိုက ပေါင်ခြံဒဏ်ရာပြသနာ အနည်းငယ်ရှိခဲ့တယ်။ ပြောစရာက ဒါပဲရှိတာပါ။ ကျနော့်အမြင်အရ ဒီပွဲမှာ ဂျော်ဂျင်ဟို အရမ်းကောင်းခဲ့ပါတယ်။ ဂျော်ဂျင်ဟိုက တခြားကစားသမား တွေဆီကနေ ဘောလုံးမပါဘဲ လုှပ်ရှားရာမှာ လိုအပ်နေသေးတယ်။ ဘာကြောင့်လဲဆိုတော့ သူက တစ်ချက်ထိ အမြန်ပေးနည်းနဲ့ ကစားလေ့ရှိတယ်။ တခြားကစားသမားတွေရဲ့ လှုပ်ရှားမှုမပါပဲ ဒီလိုကစားဖို့ က အရမ်းခက်ခဲတယ်။ ”
ဘောလုံးမပါပဲ လှုပ်ရှားမှုတွေနဲ့ ကောင်းကောင်းကစားခဲ့တယ်ဆိုရင် ဂျော်ဂျင်ဟို အတွက် ပိုပြီးလွယ်ကူပါတယ်။ ကျနော်တို့ဟာ ဘောလုံးကို အရမ်းမြန်မြန် ပေးပြီး ကောင်းကောင်းကစားခဲ့တယ်။ ဘောလုံးမပါပဲ ကောင်းမွန်တဲ့ လှုပ်ရှားမှု ရှိခဲ့တယ်။ ကျနော်တို့ဟာ တကယ်ပဲ အရမ်းအန္တရာယ်ရှိတဲ့ အသင်းဖြစ်ခဲ့ပါတယ်. ”
Sports Home Time
