တဖတ်သတ်ဆန်တဲ့ ပွဲမျိုး ဖြစ်မလာနိုင်ဘူးဆိုတဲ့ ဘန်လေ vs အာဆင်နယ် ပွဲအတွက် ခရစ်ဆက်တန် ခန့်မှန်းချက်

ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်အတွက် ဘီဘီစီမှ ဘောလုံးပွဲ ခန့်မှန်းသူ ခရစ်ဆက်တန်က အခုလို သုံးသပ် ခန့်မှန်းသွားပါတယ်။

Burnley vs Arsenal

ဒီပွဲကို ကျနော် စောင့်ကြည့်မှာပါ။ အများထင်နေသလို အာဆင်နယ်အတွက် လွယ်ကူသေချာနေမယ့် ပွဲမျိုးတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။

လီဗာပူးကို ရှုံးခဲ့ပေမယ့် အဲ့ပွဲမှာ ဘန်လေအသင်း ကစားပုံကို ကျနော် အထင်ကြီးပါတယ်။ စုဖွဲ့မှု ကောင်းကောင်းရှိထားပြီး အခွင့်အရေးတွေကိုလည်း ဖန်တီးနိုင်ပါတယ်၊ သူတို့ မလုပ်နိုင်ခဲ့လို့တာပါ။

ဘန်လေတို့ တစ်ဦးချင်း အမှား ၂ ကြိမ်လောက် လုပ်ခဲ့တာကလွဲလို့ လီဗာပူးကို ယှဉ်ကစားခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ဆက်ရှိလိုတယ်ဆိုရင် အဲ့လို အမှားမျိုးတွေ သူတို့ မလုပ်မိဖို့ လိုပါတယ်။ ဘန်လေက ဒီရာသီ နိုင်ပွဲ ၃ ပွဲပဲ ရထားတာဖြစ်ပြီး သူတို့ နိုင်ပွဲတွေရဖို့ လိုနေပါတယ်။

အမှတ်ပေးဇယားမှာ ဒီပွဲက အာဆင်နယ်အတွက်လည်း အရေးကြီးပါတယ်။ ဂန်းနားတို့ ဝက်စ်ဟမ်းကို ဂိုးပြတ် အနိုင်ရပေမယ့် သူတို့ ဆက်ပြီး အာရုံစိုက်ရဦးမှာပါ။ မဟုတ်ဘူးဆိုရင် လီဗာပူးလိုပဲ သူတို့ရဲ့ ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက်ကို ထိခိုက်နိုင်ပါတယ်။

အာတီတာရဲ့ အသင်းက လီဗာပူးနဲ့ ဝက်စ်ဟမ်းကို အနိုင်ယူထားတော့ ဒီပွဲက သူတို့အတွက် လွယ်ကူမှာပဲလို့ တွေးစရာရှိပါတယ်။ ဒီပွဲကို သတိထားရမှာပါ။ အာဆင်နယ်တို့ အနိုင်ရမှာပါ။ တဖတ်သတ်ဆန်တဲ့ ပွဲမျိုးတော့ ဖြစ်မလာနိုင်ပါဘူး။

ဆက်တန် ခန့်မှန်းရလဒ်။ ။ ဘန်လေ ၁-၂ အာဆင်နယ်