အာဆင်နယ်ဟာ မန်စီးတီးကို အနိုင်ယူပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်မယ့် အသင်းဖြစ်ကြောင်း စတင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
မနှစ်ကရာသီမှာ လူစာရင်း နည်းပါးခြင်းကြောင့် ကပ်သီးလေး လွဲခဲ့ရပေမယ့် ဒီရာသီမှာတော့ ယာယာ၊ ရိုက်စ်၊ ဟာဗက်၊ တင်ဘာတို့ကို အားဖြည့်ခြင်းနဲ့အတူ အာဆင်နယ်က ပရီးမီးယားလိဂ်ကို နောက်တစ်ကြိမ် စိန်ခေါ်လာနေတာပါ။
မြောက်လန်ဒန် ဒါဘီပြိုင်ဘက် စပါးအသင်းနဲ့အပြိုင် ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာမှာ ရှိနေပေမယ့် ဂိုးကွာခြားချက်ကြောင့် ဒုတိယနေရာမှာပဲ ရပ်တည်နိုင်နေပါတယ်။ ဒါကြောင့်ပဲ သွင်းဂိုး ရယူနိုင်ရေးဟာ အာဆင်နယ်အတွက် အရေးကြီး ကိစ္စ ဖြစ်လာနေတယ်။
အဓိက ကစားသမားတွေ ဒဏ်ရာ ပြဿနာ ရှောင်လွဲနိုင်ဖို့ ကြိုးစားနေရင်းမှာပဲ အာဆင်နယ်ဟာ တိုက်စစ်ပိုင်းအတွက် အင်အားဖြည့်မှု လုပ်ဖို့ ခြေလှမ်းပြင်နေပါပြီ။
ဘရန့်ဖိုဒ့်ကနေ ထွက်ခွာတော့မယ့် တိုက်စစ်မှူး တိုနေးကို ဇန်နဝါရီမှာတင် ခေါ်ယူဖို့ အာဆင်နယ်အသင်း ကြိုးစားမှာ ဖြစ်ပါတယ်။ အင်္ဂလန်တိုက်စစ်သမားအတွက် ဘရန့်ဖိုဒ့်ဘက်က ပေါင် သန်း ၆၀ ဝန်းကျင် တောင်းဆိုလိုနေပါတယ်။
နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလား တစ်ကျော့ပြန် အောင်မြင်ရေး ပေါင် သန်း ၆၀ လောက် သုံးဖို့ရာ အာဆင်နယ် အကြီးအကဲတွေ တွန့်တိုနေမှာ မဟုတ်တာပဲ ဖြစ်ပါတယ်။
