ဖလား အောင်မြင်မယ့် အသင်းအဖြစ် ဒီရာသီမှာ အခြေခံကောင်းတွေ ပိုမို ပိုင်ဆိုင်လာတဲ့ အာဆင်နယ်

ပြီးခဲ့တဲ့ ဘောလုံးရာသီနဲ့အတူ ဒီရာသီမှာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား အောင်မြင်မယ်လို့ ယုံကြည်လို့ရတဲ့ အဓိက အားသာချက်တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ

အာဆင်နယ်အသင်းဟာ ဟာဗက်နဲ့ ဒီကလန်ရိုက်စ်တို့ကို ခေါ်ယူခြင်းနဲ့အတူ အရပ် ၆ ပေ အထက် ကစားသမား ၂ ဦးကို လူစာရင်းထဲ ထည့်နိုင်ခဲ့ပါတယ်။ အခုဆိုရင် အာဆင်နယ်အသင်းမှာ ရုပ်ပိုင်းဆိုင်ရာ အားနည်းတဲ့ ကစားသမား မရှိသလောက် ဖြစ်လာနေပါပြီ။

အင်္ဂလန်လိဂ်မှာ များစွာသော ကလပ်တွေက ရုပ်ပိုင်းဆိုင်ရာ အားပြုကစားကြကာ အာဆင်နယ်က ပိုပြီး သန်မာလာခြင်းနဲ့အတူ ပဲလေစ့်ကို အနိုင်ရတဲ့ပွဲမှာ ပွဲချိန် ၆၇ မိနစ်မှာတင် တိုမီယာဆု အနီကဒ်ဖြင့် ထုတ်ခံရပေမယ့် အကောင်းဆုံး ယှဉ်ကစားနိုင်ခဲ့ပါတယ်။

ရိုက်စ်

ရိုက်စ်အတွက် ပေါင် ၁၀၅ သန်း အသုံးပြုခြင်းဟာ အကျိုးရှိတဲ့ ခေါ်ယူမှု ဖြစ်ခဲ့ပါတယ်။ အနာဂတ်မှာ အာဆင်နယ် အသင်းခေါင်းဆောင် ဖြစ်လာမယ့် ရိုက်စ်ဟာ မနှစ်က ဘောလုံးရာသီနဲ့ ဒီရာသီ အာဆင်နယ်ကြား အကြီးမားဆုံး ခြားနားမှုလည်း ဖြစ်ပါတယ်။ အင်္ဂလန်ကွင်းလယ်လူဟာ အာဆင်နယ်မှာ ကာလရှည် အသုံးတော်ခံနိုင်ပါလိမ့်မယ်။

ဒဏ်ရာ ပြဿနာ ရှောင်ရှားနိုင်မှု

အခုချိန်ထိ အကောင်းဆုံး မဟုတ်ဘဲ တင်ဘာကို ဒဏ်ရာကြောင့် ကာလရှည် လက်လွတ်ရတာတွေ၊ ဆာကာ၊ ပါတေး၊ မာတင်နယ်လီတို့ ဒဏ်ရာ ပြဿနာ ရင်ဆိုင်ထားရတာတွေ ရှိပါတယ်။

သို့ပေမယ့် အာဆင်နယ်ဟာ အိုဒီဂတ်၊ ရိုက်စ်၊ ဆာလီဘာ၊ ဂါဘရီရယ်တို့ရဲ့ ကြံ့ခိုင်မှုကို အကောင်းဆုံး စီမံထားနိုင်ဆဲ ဖြစ်တာနဲ့အတူ အတောင့်တင်းဆုံး ပွဲထွက်လူစာရင်းကို အပတ်တိုင်း ထုတ်နေနိုင်တာ ဖြစ်ပါတယ်။