မန်စီးတီးကို အနိုင်ယူပြီးနောက် ဒါက ငါတို့ အိမ်ကွင်းကွလို့ ကြွေးကြော်လိုက်တဲ့ ဂျေးဆု

အမ်းမရိတ်ကွင်းမှာ မန်စီးတီးကို အနိုင်ယူတဲ့နောက် တိုက်စစ်မှူး ဂျေးဆုက ဒါက ငါတို့ကွင်းကွလို့ ပြတ်ပြတ်သားသား ကြွေးကြော်လိုက်ပါတယ်။

လက်ရှိ ချန်ပီယံ မန်စီးတီးဟာ အာဆင်နယ်ကို ကြီးကြီးမားမား ဒုက္ခပေးနိုင်ခဲ့ခြင်း မရှိဘဲ အိုဒီဂတ်နဲ့ ရိုက်စ်တို့ကို ပြစ်ဒဏ် ကျူးလွန်ခြင်းအတွက် ကိုဗာဆစ် အနီကဒ် မရခဲ့တာကပဲ သူတို့အတွက် ကံကောင်းခြင်း ဖြစ်ခဲ့တာပါ။

မန်စီးတီးကို အနိုင်ရခဲ့တာဟာ ကြီးကျယ်တဲ့ နိုင်ပွဲလား? မေးခံရချိန်မှာ ဂျေးဆုးကတော့ မှန်ကန်ကြောင်း ဝန်ခံဖို့ တွန့်ဆုတ်မနေခဲ့ပါဘူး။

” ဒီပွဲက နိုင်ပွဲကြီးဆိုတာ သိပ်သေချာတာပေါ့။ မန်စီးတီးကို ရင်ဆိုင်ကစားရတာ ဘယ်လောက် ခက်ခဲလဲဆိုတာ လူတိုင်း သိနေတာပဲ။ ဒါပေမယ့် သူတို့ကို အနိုင်ယူဖို့ မဖြစ်နိုင်တာမှ မဟုတ်ဘဲ။

မန်စီးတီးအသင်း ကြိုးစားခဲ့တာကို အသိအမှတ်ပြုရမယ် ဒါပေမယ့် ဒါက ကျနော်တို့ အိမ်ကွင်းလေ။ ကျနော်တို့ ပြေးလွှားခဲ့တယ်၊ တိုက်ခိုက်ခဲ့တယ်၊ ဂိုးသွင်းဖို့ ကြိုးစားခဲ့တယ်။ မာတင်နယ်လီ ဂိုးသွင်းသွားတာအတွက် ကျနော် ပျော်ပါတယ်။ ကျနော်တို့အသင်း ဘယ်လောက် တောင့်တင်းလဲဆိုတာ ပြသခဲ့တာပါ။

ဂါဘီ ပြောသလိုပါပဲ။ တစ်သင်းလုံး ကစားခဲ့တာ သိပ်ကောင်းတယ်ဗျာ၊ ဒါကြောင့်ပဲ ကျနော်တို့ နိုင်ခဲ့တာ ” လို့ ဂျေးဆုက ကျေနပ်စွာ ပြောဆိုသွားခဲ့ပါတယ်။