အဓိက ကစားသမား ၂ ဦး မပါဘဲ အာဆင်နယ်ကို ယှဉ်ပြိုင်ရမှာအတွက် ငိုကြွေးနေမှာ မဟုတ်ကြောင်း ပက် ပြောလာ

ဒီကနေ့ည အမ်းမရိတ်ကပွဲမှာ စီးတီး အဓိက ကစားသမား အချို့ ပါနိုင်မှာ မဟုတ်ခြင်းအတွက် ကြေကွဲနေမှာ မဟုတ်ဘူးလို့ ဂွာဒီယိုလာက ဆိုပါတယ်။

မန်စီးတီး ကွင်းလယ်လူ ရိုဒရီဟာ အနီကဒ်ကြောင့် ဒီပွဲကို ဆက်လက် ပွဲပယ်ခံရမှာပါ။ ဒီဘရိုင်းကတော့ ဒဏ်ရာကြောင့် အနားယူနေရတာ ဖြစ်ပါတယ်။ အဝေးကွင်းပွဲ ကစားရချိန် ဒီထိခိုက်မှုဟာ စီးတီးကို အားပျော့စေပါလိမ့်မယ်။

“ ရိုဒရီက အကောင်းဆုံးပါ။ မဟုတ်ရင်လည်း ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ ၂ ဦး၊ ၃ ဦးထဲ ပါဝင်သူဖြစ်ပါတယ်။ သူ့လို အရေးပါတဲ့ ကစားသမား တစ်ဦးကို လက်လွတ်ထားရချိန်မှာ နည်းလမ်း တစ်ခုခု အဖြေရှာဖို့ လိုအပ်ပါတယ်။

ရိုဒရီ မပါနိုင်ခြင်းက ဒီဘရိုင်း မပါနိုင်သလိုပဲ အရေးကြီးတယ်ဆိုတာကို ကျနော် မငြင်းပါဘူး။ ဒါပေမယ့် သူတို့ မပါနိုင်လို့ ကျနော်တို့တွေ ငိုကြွေးနေလို့ မရပါဘူး။

ကျနော် စိတ်ထဲမှာတော့ ဒီကစားသမား တစ်ဦး မပါနိုင်ရင် သူ့ကို လုံးဝ ဖယ်ထုတ်ထားလိုက်ပါတယ်။ သူမှ မပါနိုင်တာဗျာ ” လို့ ဂွာဒီယိုလာက ဆိုသွားပါတယ်။

မန်စီးတီး အနိုင်ရရင် ဂွာဒီယိုလာရဲ့ အသင်းက ဇယားထိပ်မှာ ပြန်ရောက်မှာဖြစ်ပြီး အာဆင်နယ်တို့ ဒီပွဲ အနိုင်ရရင် ဇယားထိပ် တက်နိုင်မှာ ဖြစ်ပါတယ်။