အာဆင်နယ် vs မန်စီးတီး ပွဲ ဘယ်လို ရလဒ် ထွက်ပေါ်သွားမလဲ ပေါမာဆန်ရဲ့ ပွဲကြို ခန့်မှန်းချက်

ဂန်းနားဟောင်းကြီး ပေါမာဆန်က ဒီအပတ် ပရီးမီးယားလိဂ် ပွဲတွေ အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

အာဆင်နယ် vs မန်စီးတီး

ဒီအပတ် အစောတုန်းက ပွဲကြို ခန့်မှန်းရမယ် ဆိုရင် ကျွန်တော် အာဆင်နယ် နိုင်မယ်လို့ ထောက်ခံမိမှာပါ။ မန်ချက်စတာ စီးတီးက ရိုဒရီ မပါဘူးလေ။ အခုကျ အာဆင်နယ်မှာလည်း ဆာကာ၊ မာတင်နယ်လီ မပါဘဲ ဒီပွဲကို ကစားရမှာ။ အာဆင်နယ် နိုင်ဖို့ ကျွန်တော် မထင်တော့ဘူး ဖြစ်သွားပြီ။

ကီဗင် ဒီဘရိုင်းက အခု စီးတီးအတွက် မပါဝင်နိုင်သေးဘူး ဆိုတာ သိထားရပါမယ်။ အာလင်း ဟာလန်းက အများကြီး ပြေးလွှား ကစားပါတယ်။ ဒါပေမယ့် စီးတီးမှာက ဒီဘရိုင်းက လွဲရင် ဘောလုံး ပေးပို့မှုတွေ သိပ်ကောင်းအောင် လုပ်ပြနိုင်တဲ့သူ မရှိလှဘူး။ ဒါကြောင်ပဲ ဟာလန်း ဂိုးသွင်းဖို့ ရုန်းကန်နေရတာလို့ ထင်ပါတယ်။

ရိုဒရီ မပါနိုင်တော့ ကီဗင် ဖိလစ် က ပွဲတိုင်း ပါဝင်ရတော့မယ် လို့ ထင်တာ။ ပက် ဂွာဒီယိုလာ ဘာလုပ်ချင်လဲ အပေါ်လည်း မူတည်လိမ့်မယ်။ အာဆင်နယ် အသင်းရဲ့ လက်ရှိ rhythm အရ ဖိလစ် ဒီပွဲ မပါရလောက်သေးဘူး။ ပက်က ကိုဗာဆစ် ကိုပဲ သုံးလောက်ပါတယ်။

အာဆင်နယ် က ပြီးခဲ့တဲ့ အပတ်ကပဲ title race ထဲ ပြန်ဝင်လာပါပြီ။ မန်စီးတီး အကြပ်တွေ့ချိန်မှာ သူတို့ အခွင့်ကောင်း ယူရမှာပါ။ မန်စီးတီးကသာ ဒီပွဲကို သရေကျတယ် ဆိုရင် နောက်ဆုံး ကစားထားတဲ့ ၂ ပွဲမှာ ၁ မှတ်ပဲ ရတယ် ဖြစ်သွားပါမယ်။ ဒါဆိုရင် လီဗာပူးနဲ့ စပါးကိုပါ ပရီးမီးယားလိဂ် ဖလား ဝင်လုဖို့ အခွင့်အရေး ပေးသလို ဖြစ်လာမှာပါ။

ကျွန်တော်ကတော့ အာဆင်နယ် ဒီပွဲကို နိုင်စရာ မလိုဘူး လို့ပဲ မြင်ပါတယ်။ ဒါပေမယ့် မရှုံးအောင်တော့ လုပ်မှ ဖြစ်မယ်။ ဒီပွဲကတော့ အတော်တော်ကြီး ပျင်းစရာ ကောင်းမယ်လို့ထင်တယ်။ ပြီး သရေကျသွားမှာပါ။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၁-၁ မန်စီးတီး။