ဇယားထိပ်တက်ဖို့ အရေးပါမယ့် ပွဲစဉ်မှာ ထွက်ပေါ်သွားမယ့် ရလဒ်ကို ဘာဘာတော့ဗ် ပွဲကြို ခန့်မှန်းချက်

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ်ချန်ပီယံ ဘယ်အသင်းဖြစ်မလဲ အတွက် အရေးပါတဲ့ ပွဲစဉ် ၁ ပွဲဖြစ်တဲ့ အာဆင်နယ် မန်စီးတီးပွဲအတွက် တိုက်စစ်သမားဟောင်း ဘာဘာတော့ဗ်က ပွဲကြို ရလဒ်ခန့်မှန်းမှု လုပ်လာခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ မရှိသေးတဲ့ အာဆင်နယ်ဟာ ဒီပွဲကို အနိုင်ရမယ်ဆိုရင် နိုင်ငံတကာ သီတင်းပတ်အတွင်း ဇယားထိပ်က ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။

အာဆင်နယ် v မန်စီးတီး

အခြားပွဲတွေလိုပဲ ဒီပွဲက နှစ်သင်းလုံး နိုင်ဖို့ အရေးတစ်ကြီး လိုအပ်မယ့် ပွဲစဉ် ဖြစ်ပါတယ်။ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် ကိုယ့်ရဲ့ အနီးကပ် ပြိုင်ဘက်ကို ကျော်တက်ရမှာပါ။

အာဆင်နယ်ကော မန်စီးတီးပါ အကောင်းအဆိုး ရောနေတဲ့ ခြေစွမ်းတွေနဲ့ ဒီပွဲကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ နှစ်သင်းလုံးက သူတို့ ဘယ်လောက်ထိ ကောင်းနိုင်တယ် ဆိုတာ သိထားကြပါတယ်။

နှစ်သင်းလုံးက နေရာလွတ်တွေကို အသုံးချပြီး တိုက်စစ်ကစားတယ်၊ ပြိုင်ဘက်ရဲ့ အမှားကို စောင့်ဖမ်းတတ်ကြတယ်။ အာတီတာက ဂွာဒီယိုလာထံက အကောင်းဆုံး သင်ယူထားသူပါ။ ကျနော်ကတော့ သရေပွဲလို့ပဲ ထင်မိပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 2-2 မန်စီးတီး