Arsenal v Man City ပွဲစဉ်မှာ ဖြစ်လာမယ့် ဂိုးရလဒ်ကို ပွဲကြို ခန့်မှန်းလိုက်တဲ့ ခရစ်ဆက်တန်

ဒီအပတ် တနင်္ဂနွေနေ့မှာတော့ စူပါဆန်းဒေး ပွဲစဉ်အဖြစ် အာဆင်နယ်ဟာ မန်စီးတီးကို အမ်းမရိတ်မှာ ဧည့်ခံ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ဇယားထိပ်နေရာ အပြောင်းအလဲ ဖြစ်သွားနိုင်တဲ့ ဒီပွဲစဉ်အတွက် ဘီဘီစီမှ ဝါရင့် သုံးသပ်သူ ဆက်တန်ရဲ့ ခန့်မှန်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Arsenal v Man City

မာတင်နယ်လီနဲ့ ဆာကာတို့ မပါနိုင်ပေမယ့်လို့ အာဆင်နယ်က အန္တရာယ် ကြီးနေဆဲ အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ဖလားစိန်ခေါ်ရေး အရေးပါမယ့် ဒီလိုပွဲမှာ သူတို့နှစ်ဦး ပွဲချိန်ပြည့် ပါဝင်နိုင်ရင်တော့ ပိုကောင်းတာပေါ့။

စီးတီးလူစာရင်းကလည်း ထိခိုက်မှု ရှိထားပါတယ်။ ဟာလန်းက အစွမ်းအစ ပျောက်ဆုံးနေပြီး နောက်ဆုံး ၄ ပွဲမှာ ၁ ဂိုးပဲ သွင်းယူထားတယ်။ ဒါပေမယ့် ဂိုးသွင်းနိုင်မယ့် စာရင်းထဲမှာ သူ့ကို ဖယ်ထုတ်လိုက်လို့ မရပါဘူး။

စီးတီးတို့ ကစားပုံ ကောင်းမနေရင်တောင်မှ သူတို့က မာကျောပြီး အာဆင်နယ်ကို အငိုက်မှာ မိမိရရ ထိုးနှက်နိုင်ဦးမယ်လို့ ထင်ပါတယ်။ အရင်အပတ်က သူတို့ နှစ်ပွဲဆက် ရှုံးနိမ့်ထားပေမယ့်လို့ ဒီရာဦ မန်စီးတီးတို့ ပွဲတွေအများကြီး အရေးနိမ့်မှာ မဟုတ်ပါဘူး။

ဆက်တန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 1-2 မန်စီးတီး