တနင်္ဂနွေနေ့ မန်စီးတီးပွဲအတွက် သူ့ရဲ့ ဖီလင်ကို ပွဲကြိုမှာ ရင်ဖွင့်လာတဲ့ အိုဒီဂတ်

တနင်္ဂနွေနေ့ အမ်းမရိတ်မှာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲကြီးပွဲကောင်းအတွက် အိုဒီဂတ်က အတော်လေး စိတ်အားထက်သန်နေပါတယ်။

ဒီပွဲကို အနိုင်ရမယ်ဆိုရင် အာဆင်နယ်ဟာ စီးတီးကို ကျော်ဖြတ်ပြီး ဇယားထိပ် တက်နိုင်ဖို့ အခွင့်အရေး ရှိနေတာပါ။ ဒီလို အနေအထားကို အာဆင်နယ်ဘက်က လက်မလွတ်လိုပါဘူး။

အိုဒီဂတ်က “ ပွဲကြီးပွဲကောင်း တစ်ပွဲ လာပါတော့မယ်။ လူတိုင်းက ဒီပွဲအတွက် စိတ်လှုပ်ရှားနေတယ်၊ ကစားဖို့ ပွဲကောင်းလည်း ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ ဒီပွဲအတွက် ပုံစံကောင်းရနေရေး အဆင်သင့်ဖြစ်ဖို့ ပြင်ဆင်ထားရမယ်။

စီးတီးရဲ့ အထက်ကို တက်နိုင်မယ်ဆိုရင် ကြီးမားတဲ့ အင်အားဖြစ်လာပါလိမ့်မယ်။ ဒါက ပွဲကြီးတစ်ပွဲပါ ဒါပေမယ့် အခုမှ ရာသီစပဲ ရှိသေးတာမို့ ကျနော်တို့ နေ့စဉ်နဲ့အမျှ အာရုံစိုက်နေတယ်၊ တိုးတက်လာဖို့ အားထုတ်နေပါတယ် ” လို့ ထင်မြင်ချက် ပေးခဲ့တာပါ။

အာဆင်နယ်ဟာ ဒီရာသီ ရှုံးပွဲမရှိ မှတ်တမ်းကို ဥရောပမှာ ချိုးဖျက်ခံလိုက်ရပေမယ့် ပြည်တွင်းမှာတော့ အခုချိန်ထိ အရှုံးရလဒ် ရင်ဆိုင်ရခြင်း မရှိသေးဘဲ ပုံစံကောင်းတွေ ပြသနေတာ ဖြစ်ပါတယ်။