မနက်က လန့်စ်နဲ့ အာဆင်နယ်ပွဲမှာ တိုက်စစ်သမား ဆာကာဟာ ဒဏ်ရာကြောင့် ပွဲချိန် ၃၄ မိနစ်မှာတင် လူစားလဲခံခဲ့ရပါတယ်။
၁-၁ ရလဒ် ထွက်ပေါ်နေချိန်မှာ ဗီအဲရာဖြင့် လူစားလဲခဲ့ရပြီး အခြေအနေ အသေးစိတ်ကို မသိရသေးပါဘူး။ နည်းပြ အာတီတာကတော့ “သူ့ကို ကြည့်ရတာ သိပ်တော့ မကောင်းပါဘူး ” လို့ တုန့်ပြန်သွားခဲ့တယ်။
အားလုံးကတော့ မန်စီးတီးပွဲမှာ သူ ပါဝင်နိုင်မလား စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။ ဒီအပတ်ပွဲဟာ ပရီးမီးယားလိဂ်ဖလား အဓိက စိန်ခေါ်နိုင်မယ့် ကလပ် ၂ သင်းကြားက ပြင်းထန်တဲ့ ပွဲစဉ် ဖြစ်လာဖို့ ရှိပါတယ်။
မနက်က ချန်ပီယ့လိဂ် ရှုံးပွဲမှာပဲ ဂိုးသမား ဒေးဗစ် ယာယာရဲ့ အားနည်းမှုဟာ လန့်စ်အသင်း ဦးဆောင်ဂိုးရဖို့ အခွင့်အရေး ဖြစ်စေခဲ့ပါတယ်။
အာတီတာကတော့ ” ဒါက ဖြစ်တတ်ပါတယ်။ အမှားဆိုတာ ဘောလုံးရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ ချန်ပီယံလိဂ်မှာက အခွင့်အရေးကြီးတွေ အများကြီးရမှာ မဟုတ်ဘဲ ကိုယ်က ဂိုးသွင်းနိုင်ဖို့ လိုတာပါ ” လို့ ယာယာကို ကာကွယ်ပေးသွားခဲ့တယ်။
ယာယာရဲ့ မှားယွင်းတဲ့ ပေးမှုဟာ အာဆင်နယ်အတွက် နစ်နာခဲ့ပေမယ့်လို့ ကလပ်ရဲ့ အဓိက ဂိုးသမားအဖြစ် ဆက်ပြီး ပွဲထွက်ခွင့်ရဖွယ် ရှိနေပါတယ်။
