ရိုက်စ်၊ ဆာကာ၊ မာတင်နယ်လီ၊ ဆာလီဘာတို့နဲ့ ဒဏ်ရာရ ကစားသမားတွေ အကြောင်း အာတီတာ ပြောလာ

အာဆင်နယ်အသင်းမှာ အသေးစား ဒဏ်ရာ ပြဿနာတွေ ရှိနေတာကြောင့် ဒီအပတ် ဘုန်းမောက်ပွဲ အကြိုမှာ နည်းပြအာတီတာရဲ့ လူစာရင်း ရွေးချယ်မှုက အနည်းငယ် ခက်ခဲနိုင်ပါတယ်။

ကြားရက်မှာ ချန်ပီယံလိဂ် ကစားရဖို့ ရှိသလို၊ နောက်အပတ်မှာ မန်စီးတီးနဲ့ ရင်ဆိုင်ရဖို့ ရှိနေတာမို့ ဒဏ်ရာရ ကစားသမားစာရင်း နည်းပါးလာရေးက အာဆင်နယ်အတွက် အရေးကြီးလာနေပါပြီ။

အာတီတာက အတည်ပြုရာမှာ ” ဒီကလန်ရိုက်စ် မပါနိုင်ပါဘူး၊ သူက အခုချိန်ထိ လေ့ကျင့်ရေး မဆင်းနိုင်သေးပါဘူး။ ဒီနေ့မှာ သူ့အခြေအနေအကြောင်း သတင်းထူးတွေ ပိုသိရမှာဖြစ်ပါတယ်။

မာတင်နယ်လီ လေ့ကျင့်ရေး ဆင်းနိုင်သေးပါဘူး။ ကျနော်တို့လည်း သူ့ကို ပြန်လာစေချင်နေပြီ၊ သူပြန်လာတာကို လိုနေပါပြီ။ ဒါပေမယ့် လက်တလောမှာ သူလည်း မပါနိုင်သေးပါဘူး။

ထရော့ဇက်လည်း မပါနိုင်သေးဘူး၊ ဆာကာလည်း မပါနိုင်သေးတဲ့ အခြေအနေပါပဲ။ သူတို့အားလုံး မကစားနိုင်သေးပါဘူး။ ဆာလီဘာက ထိခိုက်မှုရှိထားတယ်၊ ဘရန့်ဖိုဒ့်ကို ရင်ဆိုင်တုန်းကလိုပဲ ဗီအဲရာ မပါနိုင်သေးဘူး၊ ကျနော်တို့မှာ ဒဏ်ရာ ပြဿနာ အနည်းငယ် ရှိနေပါတယ် ” လို့ ဖြစ်ပါတယ်။