ဘရန့်ဖိုဒ့်ကို အနိုင်ရခြင်း၊ ဒီကလန်ရိုက်စ် ဒါဘီပွဲ ထိပ်တိုက်တွေ့ခြင်း၊ တိုက်စစ်မှူး ရှာနေခြင်းနဲ့ အာဆင်နယ် ထူးခြား သတင်းများ

အာဆင်နယ်အသင်းဟာ ဘရန့်ဖိုဒ့်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်တဲ့ ကာရာဘောင်းပွဲစဉ်ကို နယ်ဆန်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။

ဘရန့်ဖိုဒ့်အသင်းရဲ့ အပိုင် အခွင့်အရေးကို ဂိုးလိုင်းနားမှာ ခန္ဓာကိုယ်ကို ပစ်ဝင်ပြီး ကာကွယ်နိုင်ခဲ့ခြင်းအတွက် ကီဝီအာကို ချီးကျူးနေကြပါတယ်။

ကာရာဘောင်းဖလား စတုတ္ထအဆင့်မှာတော့ အာဆင်နယ်ဟာ လန်ဒန်ဒါဘီအဖြစ် အဝေးကွင်းမှာ ဝက်စ်ဟမ်းအသင်းကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ မန်စီးတီးကတော့ တတိယအဆင့်မှာတင် နယူးကာဆယ်ကို ရှုံးနိမ့်ပြီး ထွက်သွားရပါပြီ။

ပွဲထွက်လူစာရင်းမှာ ခေါက်ထားခံရပြီးနောက် ပြန်ကစားရတဲ့ ဘရန့်ဖိုဒ့်ပွဲမှာ ရမ်စ်ဒယ် ပြသခဲ့တဲ့ ခြေစွမ်းကို ကျေနပ်မိကြောင်း နည်းပြအာတီတာက ပြောလာပါတယ်။

ဒီအပတ် စနေနေ့မှာ အာဆင်နယ်ဟာ ဘုန်းမောက်အသင်း ကွင်းထံသွားပြီး ပရီးမီးယားလိဂ် ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒီရာသီ ပြိုင်ပွဲစုံ ၈ ပွဲကစားရာမှာ ရှုံးပွဲ လုံးဝ မရှိသေးပါဘူး။

ဇန်နဝါရီမှာ တိုက်စစ်မှူး အန်ကတ်တီးရားကို အလိုက်ပေးပြီး ဘရန့်ဖိုဒ့်ကနေ တိုးနေးကို ခေါ်ယူနိုင်ဖို့ အာဆင်နယ်အသင်း ကြိုးစားမယ်လို့ သတင်းထွက်နေပါတယ်။

အာဆင်နယ်ဟာ ဖီယင်နိုအသင်းမှ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူး ဂီမီနက်စ်ကို လေ့လာမှုတွေ လုပ်နေပါတယ်။ ဒါပေမယ့် သူ့ကို ခေါ်ယူလိုတယ်ဆိုရင် FFP နဲ့ မညိအောင်လို့ ကစားသမား ရောင်းချမှု အရင် လုပ်နိုင်ရမှာ ဖြစ်ပါတယ်။