ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို အာဆင်နယ်အသင်း ရရှိသွားလိမ့်မယ်လို့ ဂယ်ရီနဗီးက စကိုင်းစပေါ့ကနေ သုံးသပ်ခဲ့ပါတယ်။
ရာသီစ ၆ ပွဲမှာ ၂ ပွဲသရေ ၄ ပွဲနိုင်ရလဒ်ကို ပိုင်ဆိုင်ထားတဲ့ အာဆင်နယ်ဟာ ဇယားထိပ်က မန်စီးတီးနဲ့ ၄ မှတ်ကွာဟနေတာပါ။ ဒါပေမယ့်လို့ အာတီတာက ဒီရာသီ အာဆင်နယ်ကို ကောင်းသော အပြောင်းအလဲတွေ လုပ်ပေးနိုင်နေတယ်လို့ နဗီးက မြင်ပါတယ်။
” အာဆင်နယ်က ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်လာမယ် ကျနော် ထင်ပါတယ်။ ကျနော် အဲ့လိုပဲ ရည်မှန်းချက်ကြီးကြီးနဲ့ကို ခန့်မှန်းပါတယ်။
သူတို့အသင်းမှာ တစ်ခုခု ရှိနေတယ်လို့ ခံစားရတယ်။ သူတို့ ဂိုးပေးရတာတွေ နည်းသွားတယ်၊ ဒီရာသီ ဂိုးပေါက် ခြိမ်းခြောက်မှု ၁၀ ကြိမ်ပဲ ခွင့်ပြုထားရတယ် (စပါးပွဲ မတိုင်ခင် အချက်အလက်)။
ဒေးဗစ်ယာယာကို လူစာရင်းထဲ ထည့်လိုက်တာက အာတီတာ လုပ်လိုက်တဲ့ ဆရာအကျဆုံး အကွက်ပဲ။ အာတီတာက ရက်စက်တဲ့ ဆုံးဖြတ်ချက်တွေကိုလည်း လုပ်နိုင်တယ်ဆိုတာ ပြသနေပါတယ် ” လို့ သူက သုံးသပ်သွားတာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဒီရာသီ ခံစစ်ပိုင်း သိပ်မဆိုးပေမယ့် တိုက်စစ်က ဂိုးတွေရဖို့ လိုအပ်နေပြီး ပရီးမီးယားလိဂ် သွင်းဂိုး ၁၁ ဂိုးပဲ ရထားသေးတာ ဖြစ်ပါတယ်။
