မြောက်လန်ဒန် ဒါဘီပွဲမှာ အာဆင်နယ်က စပါးအသင်းကို ၂ ကြိမ်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် တည်ငြိမ်မှု မရှိတာကြောင့် ခြေပဂိုးတွေ ပြန်ပေးလိုက်ရတာလို့ ဂယ်ရီနဗီးက အကဲဖြတ်မှု ပြုလုပ်သွားပါတယ်။
အာဆင်နယ်ဟာ ဒီနှစ်တွေမှာ အတော်လေး တိုးတက်လာပေမယ့် အတွေ့အကြုံပိုင်း အားနည်းမှု ရှိနေတာပါ။ စပါးကို အိမ်ကွင်းမှာ အသာရထားပြီးမှ မိနစ်ပိုင်းအတွင်း ခြေပဂိုး ပေးရမှုဟာ နည်းပြကိုယ်တိုင်ကော၊ စီနီယာတွေပါ လိုအပ်ချက်ကြောင့်လို့ မှတ်ချက်ပေးခံခဲ့ရတယ်။

” ပြင်းပြစိတ်ရှိတာကို လိုချင်တယ်၊ ဒါပေမယ့် တည်ငြိမ်ပြီး အေးဆေးတာမျိုးလည်း လိုချင်တယ်၊ အဲ့နှစ်မျိူး ရောမွေထားတာကို လိုချင်တာပါ။ မှန်ကန်တဲ့ အချိန်မှာ မှန်ကန်တဲ့ အပြုအမှုကို လုပ်ပေးနိုင်ရပါမယ်။
တကယ်ဆိုရင် ဆာကာ ပင်နယ်တီ သွင်းအပြီးမှာ အောင်ပွဲခံရမယ်၊ ပရိသတ်တွေ လိုချင်တဲ့ ပျော်ရွှင်မှုကို ပေးရမှာပဲ။ ဒါပေမယ့် စီနီယာ ကစားသမား ၂ ယောက်လောက်က ဒီအနိုင်ရလဒ်ကနေ အကောင်းမြင်တာတွေ ဆက်လုပ်ဖို့ တိုက်တွန်းရမှာ။ အန္တရာယ်ရှိနေသေးတဲ့ ပွဲအကြောင်း နားလည်ထားပြီး အာရုံစိုက်ကြဖို့ တိုက်တွန်းရမှာ။
ဦးဆောင်ဂိုးရပြီး မိနစ်ပိုင်း အကြာမှပဲ ဂိုးပေးလိုက်ရတာမျိုး မဖြစ်သင့်ပါဘူး၊ ဒါက စိတ်ဓါတ်ပိုင်းဖြစ်သွားပြီ။ သူတို့ အနိုင်ဂိုးကို အရှိန်အဖြစ် ဆက်ယူဖို့ ကြိုးစားနိုင်ခဲ့ခြင်း မရှိပါဘူး ” လို့ ဂယ်ရီနဗီးက မှတ်ချက်ပေးလိုက်တာ ဖြစ်ပါတယ်။
အာဆင်နယ်မှာ ရိုက်စ်နဲ့ မာတင်နယ်လီတို့ ဒဏ်ရာရနေပြီး သူတို့ရဲ့ အမြန်ဆုံး ကြံ့ခိုင်မှု ပြန်ကောင်းလာဖို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။
