ဂွမ်ဒို မရှိ၊ ဒီဘရိုင်း နာနေချိန် စီးတီးရဲ့ မရှိမဖြစ် ကြယ်ပွင့်ဖြစ်လာသူကို ဂွာဒီယိုလာ ဖော်ထုတ်

မန်ချက်စတာစီးတီး အသင်းဟာ မနေ့က ပရီးမီးယားလိဂ် ပွဲမှာ ဝက်စ်ဟမ်းကို အဝေးကွင်းသွားရောက် ရင်ဆိုင်ရရာ ဦးဆောင်ဂိုး အရင် ပေးထားရပေမယ့် ဒုတိယပိုင်းမှာ ၃ ဂိုး သွင်းကာ ၃-၁ နဲ့ နိုင်ပွဲကောင်း ရယူနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ စီးတီး အတွက် ဂိုးတွေကို ဒိုကူ၊ ဘာနာဒိုနဲ့ ဟာလန်းတို့က သွင်းယူခဲ့တာပါ။ စီးတီး တိုက်စစ်သမား ဂျူလီယန် အဲဗာရက်စ်က ဘာနာဒို သွင်းဂိုးအတွက် လှပစွာ ဖန်တီးပေးခဲ့ပြီး သူ ကိုယ်တိုင် ဂိုး မသွင်းသည့်တိုင် မန်ချက်စတာ ကလပ် အတွက် ကောင်းကောင်း ခြေစွမ်းပြသွားပါတယ်။

ပက် ဂွာဒီယိုလာကတော့ အဲဗာရက်စ် ဟာ ပွဲထွက်ကနေ ချန်ထားလို့ မရတဲ့ ကစားသမား ဖြစ်လာနေပြီလို့ ပွဲ အပြီးမှာ ချီးကျူးစကား ဆိုသွားခဲ့ပါတယ်။

” သူ (အဲဗာရက်စ်) က (နိုင်ငံပွဲတွေ အပြီး) ဘိုလီးဗီးယားကနေ လာတာ ဆိုတော့ ခရီးပန်းမလား ကျနေ်ာတို့ စိတ်ပူနေခဲ့တယ်။ မနေ့က မတိုင်ခင်ထိ သူ အတော် ပင်ပန်းနေခဲ့တာ။ နောက်တော့ သက်သာလာတယ် လို့ သူ ပြောခဲ့တယ်။

သူက အခုဆို ကျဉ်းထဲကြပ်ထဲမှာ ဘယ်လို ရွေ့လျားရမယ် ဆိုတာ အတော်ကြီး သိနေပြီ။ ဂိုးတွေ assists တွေနဲ့ အများကြီး ခြိမ်းခြောက်လာနိုင်တယ်။ work ethic ကလည်း ကောင်းတယ်။ မနှစ်က သူ့ကို ကျွန်တော်တို့ ခေါ်နိုင်လိုက်တာ အတွက် ဝမ်းသာရပါတယ်။

ဂွမ်ဒိုကလည်း ထွက်သွားတယ်၊ ဒီဘရိုင်းကလည်း ကံမကောင်းတော့ ဒဏ်ရာ ရနေတယ်။ ဒီလိုအချိန် အခွင့်အရေး ရလာချိန်မှာ သူကတော့ သေချာ အသုံးချနေပြီ။ အခုဆို သူ့ကို ပွဲထွက်ကနေ ချန်ထားလို့ မရသလောက်ကို ဖြစ်နေပြီ။ ” လို့ ပက် ဂွာဒီယိုလာက အသေးစိတ် ချီးကျူးသွားခဲ့ပါတယ်။