မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက အိုးထရက်ဖို့ဒ်မှာ ဧည့်သည် ဘရိုက်တန် အသင်းကို လုံးဝ မထိန်းနိုင်ခဲ့ဘဲ ၃-၁ နဲ့ အပြတ် ရှုံးနိမ့်ခဲ့ရပါတယ်။
ယူနိုက်တက်ဟာ ဂိုးတွေ ၃ ဂိုးလုံး အရင် ပေးခဲ့ရတာ ဖြစ်ကာ ပွဲချိန် ၇၃ မိနစ်ကျမှ မာ့ချ်ဘရီ ရဲ့ အဝေးကန်ချက်နဲ့ တစ်ဂိုးသာ ပြန် ချေပနိုင်ခဲ့တာပါ။ အသင်းတွင်း ပြသနာတွေ အပြင် ရလဒ်တွေကျဆင်းနေတာကြောင့် ယူနိုက်တက်ဟာ ဝေဖန်မှုတွေ များစွာ ခံနေရပြီး နည်းပြ တန်ဟက်ပါ အထုတ်ခံရဖို့ ရေပန်းစားနေပြီ ဖြစ်ပါတယ်။
ဒါပေမယ့် နယ်သာလန်သား နည်းပြကြီးကတော့ မန်ချက်စတာ ယူနိက်တက် အခြေအနေဟာ ပြောသလောက်လည်း မဆိုးဝါးသေးဘူးလို့ ထင်မြင်နေပြီး ဘရိုက်တန်နဲ့ ပွဲအပြီးမှာ အခုလို ပြောဆိုလာပါတယ်။
” အခုက ကပ်ဆိုက်နေတာ မဟုတ်ပါဘူး။ ကျနော်တို့ ရောက်နေတဲ့ နေရာကို ဒါမျိုး စကားသုံးမယ်ဆို မတရားဘူးလေ။ ဒီနေ့ ကျနော်တို့ ခြေစွမ်းပြနိုင်တဲ့ နေ့ မဟုတ်တာပါ။
ဒါပေမယ့် ကျနေ်ာတို့ စိတ် အရမ်း ပျက်ရမယ်။ ကိုယ့်ဘာသာ အမျက်ထွက်နေရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ယူနိုက်တက်မှာ ဆိုရင် ပွဲတိုင်း နိုင်ဖို့က တောင်းဆိုမှုပဲ။ ဒီနေ့ဆို ကျနေ်ာတို့ ကောင်းကောင်း ကစားနိုင်ခဲ့တာပဲ။
အသင်းတွေ အကုန်လုံးက ငွေတွေ အများကြီး သုံးကြတယ်။ ဘရိုက်တန်လည်း ငွေသုံးတာပဲ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ဝယ်ပြီဆို ဈေးတွေက ပိုတင်ကြတော့တာ၊ ဒါက အမှန်တရားပဲ။ ” လို့ တန်ဟက်က ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ရာသီအဖွင့် ၅ ပွဲ ကစားထားရာမှာ ၂ ပွဲနိုင် ၃ ပွဲရှုံးရလဒ်ဖြင့် အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရှိနေပါတယ်။
