စကော့တလန် ကစားသမားဟောင်း ဂရေမီ ဆောင်းနက်က အင်္ဂလန်အသင်းဟာ နောက်ထပ် ရွှေရောင် မျိုးဆက်တစ်ခုကို ပိုင်ဆိုင်လာခဲ့ပြီလို့ ထုတ်ပြောလိုက်ပါတယ်။
စကော့တလန် ၁-၃ အင်္ဂလန် ပွဲစဉ်အပြီးမှာ သူက ဆောက်ဂိတ်ရဲ့ အသင်းကို ၂၀၀၂ ကနေ ၂၀၀၆ ကာလအတွင်း နည်းပြအဲရစ်ဆန်နဲ့အတူ ရွှေရောင်မျိုးဆက်အဖြစ် တောက်ပခဲ့တဲ့ အသင်းနဲ့ ခိုင်းနှိုင်းလိုက်တာပါ။ အင်္ဂလန်အသင်းဟာ ဒီဘက်နှစ်တွေမှာ ဆုဖလား မရပေမယ့် စိန်ခေါ်နိုင်စွမ်းရှိတဲ့ အသင်း အဖြစ် အသွင်ပြောင်းလာခဲ့ပါတယ်။
အဲရစ်ဆန် လက်ထက်မှာ ဒေးဗစ်ဘက်ခမ်း၊ စတီဗင်ဂျရတ်၊ ဖရန့်လမ်းပတ်၊ ဝိန်းရွန်းနီတို့လို နာမည်ကြီး ကစားသမားတွေ ပါဝင်ခဲ့တယ်။ လက်ရှိ နည်းပြဆောက်ဂိတ်ရဲ့ အသင်းမှာတော့ ဟယ်ရီကိန်း၊ ဘယ်လင်ဟမ်နဲ့ ဝေါ်ကာတို့လို ထိပ်တန်း အကျော်အမော်တွေ ရှိလာနေပါတယ်။
ဆောက်ဂိတ်ရဲ့ အသင်းမှာ ဂျွန်စတုန်း၊ ထရန့်၊ ရိစ်ဂျိမ်း၊ ရိုက်စ်၊ ဆာကာ၊ ရက်ဖိုဒ့် အစရှိတဲ့ ကြယ်ပွင့်တွေလည်း ရှိနေသေးတာ ဖြစ်ပါတယ်။
‘ ဒီအသင်းကလည်း ရွှေရောင်မျိုးဆက်ပါပဲ။ ဖရန့်လမ်းပတ်တို့ စတီဗင်ဂျရတ်တို့ ပေါစခိုးတို့ကို မေ့လိုက်ပါ။ သူတို့အသင်းမှာ သန်မာမှုနဲ့ တောင့်တင်းမှုတွေ ရှိနေပါတယ်။
လက်ရှိ အင်္ဂလန်က သိပ်ကောင်းတဲ့အသင်းပါ။ ဒီကစားသမားတွေနဲ့ ဆုဖလား တစ်လုံး ကိုင်မြှောက်ဖို့ သူတို့ ရည်မှန်းနေမယ်လို့ ကျနော် ထင်မိတယ် ‘ ဆိုပြီး ဆောင်းနက်က မှတ်ချက်ပေးလိုက်တာပါ။
၁၉၆၆ ခုနှစ်နောက်ပိုင်း ဆုဖလား အောင်မြင်ခြင်း မရှိတဲ့ အင်္ဂလန်ဟာ အတောက်ပဆုံး မျိုးဆက်တစ်ခုနဲ့အတူ ၂၀၂၄ ယူရို ပြိုင်ပွဲအတွက် အတော်လေး အားခဲနေတာပဲ ဖြစ်ပါတယ်။