အာဆင်နယ် ချန်ပီယံလိဂ် ဖလား အောင်မြင်မယ် ဒါမှမဟုတ် စပါး တန်းဆင်းမယ် ဘာကို ရွေးမလဲ

စပါးအသင်း တန်းဆင်းမယ် ဒါမှမဟုတ် အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဖလား အနိုင်ရမယ် နှစ်ခုထဲက တစ်ခုဆိုရင် ဘာကို ရွေးချယ်မလဲဆိုတဲ့ ထူးထူးဆန်းဆန်း မေးခွန်းကို Goal က စပါးပရိသတ်တွေအား လိုက်မေးခဲ့ပါတယ်။

နှစ်သင်းလုံးဟာ မြောက်လန်ဒန်အခြေစိုက် ကလပ်တွေဖြစ်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ သမိုင်းကြောင်း ရှိထားတာပါ။ ဒီမေးခွန်းအတွက် စပါးပရိသတ်တွေရဲ့ ရွေးချယ်မှုက စိတ်ဝင်စားစရာ ကောင်းပါတယ်။

ပထမ စပါးပရိသတ်က ” ရွေးချယ်ရခက်တယ် ဘရို၊ နှစ်ခုတည်းက တစ်ခုဆိုရင် စပါး တန်းဆင်းတာကိုပဲ ရွေးပါမယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ချန်ပီယံရှစ်မှာ ဖလားရပြီး ပရီးမီးယားလိဂ်ထံ ပြန်ပြီး တန်းတက်လာနိုင်ပါသေးတယ်။ အဲ့တာဆိုရင် အာဆင်နယ် ဘာမှ မနိုင်ဘူး ဖြစ်သွားမှာပဲလေ ” လို့ မှတ်ချက်ပေးခဲ့တယ်။

ဒုတိယ စပါးပရိသတ်က ” စပါးပဲ တန်းဆင်းပါစေတော့ကွာ။ ဒီ ​ေ-ာက် အာဆင်နယ်ကောင်တွေက sျီးထုတ်တွေကွ ” လို့ ဖြေခဲ့တယ်။

တတိယ ပရိသတ်က ” စပါး တန်းဆင်းဖို့ပဲ ရွေးမှာပေါ့ဟ။ လက်မှတ်ခတောင် သက်သာသွားဦးမယ်။ ပြီးရင် ပရီးမီးယားလိဂ်ကို ပြန်တန်းတက်လာမယ် မျှော်လင့်တာပဲ ” လို့ ပြန်ဖြေခဲ့တယ်။

နောက်ထပ် စပါးပရိသတ်ကလည်း ” စပါး တန်းဆင်းသွားတာပဲ ငါရွေးမှာပါ။ ဒီလိုပြောရတာ စိတ်မကောင်းပေမယ့် အာဆင်နယ် ဖလားရသွားတာ ငါတို့ မမြင်ချင်ဘူး ” လို့ ပြတ်ပြတ်သားသား ဖြေခဲ့တယ်။

နောက်ဆုံး ပရိသတ်ကတော့ ” စပါးအသင်း တန်းဆင်းသွားရတာကို ငါ မမြင်ချင်ပါဘူး။ ချန်ပီယံရှစ်မှာ ကစားရတာထက် အာဆင်နယ်ပဲ ချန်ပီယံလိဂ် ရသွားပါစေတော့ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

စပါးပရိသတ်တွေနေရာ သင်ဆိုရင်ကော ကိုယ်အားပေးတဲ့ အသင်း တန်းဆင်းရမှာနဲ့ သင် အမုန်းဆုံးအသင်း ချန်ပီယံလိဂ်ဖလား အောင်မြင်မှာ နှစ်ခုကြား တစ်ခုကို ရွေးချယ်ရမယ်ဆိုရင် ဘာကို ရွေးမိမလဲ?