ယူနိုက်တက် ကစားသမားသစ်က မန်စီးတီး ပစ်မှတ်ထက် ပိုကောင်းတယ်လို့ ထောက်ခံတဲ့ သရဲနီဟောင်းကြီး

ဒီရာသီ ဘရိုက်တန်နဲ့ တောက်ပလာနေတဲ့ ဖာဂူဆန်ထက် ဟွိုင်လန်းကို ခေါ်ယူနိုင်ခဲ့တာဟာ ယူနိုက်တက်အတွက် ပိုကောင်းတယ်လို့ ထောက်ခံခြင်း ခံလာရပါတယ်။

မနှစ်ကရာသီ ၂၄ ပွဲအတွင်း ၁၀ ဂိုး သွင်းထားတဲ့ ဖာဂူဆန်ဟာ ဒီရာသီမှာ နယူးကာဆယ်ကို ဟက်ထရစ် သွင်းမှု အပါအဝင် ၄ ပွဲကစား ၄ ဂိုး သွင်းယူထားပါတယ်။ သူ့ရဲ့ အလားအလာတွေကြောင့်ပဲ မန်စီးတီးဘက် တိုက်စစ်အတွက် ဦးစားပေး ပစ်မှတ်အဖြစ် စတင် စောင့်ကြည့်နေပါပြီ။

တူညီတဲ့ သတင်းပတ်မှာပဲ ယူနိုက်တက်က အာဆင်နယ်ကို ၃-၁ နဲ့ အရေးနိမ့်တဲ့ပွဲမှာ ဟွိုင်လန်းက ပရီးမီးယားလိဂ် ပွဲဦးထွက်ကို အရန်ကစားသမားအဖြစ် ပါဝင်လာခဲ့ပါတယ်။

သရဲနီဟောင်း ဆာဟာကပဲ ‘ ဟွိုင်လန်းဟာ မန်ချက်စတာ ယူနိုက်တက်အတွက်တော့ ဖာဂူဆန်ထက် ပိုကောင်းတဲ့ ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ ကိုယ်လုပ်ခဲ့တဲ့ ရွေးချယ်မှုကို နောင်တရဖို့ မလိုပါဘူး။ ဖာဂူဆန်က ပြီးခဲ့တဲ့ အပတ်မှာ ဟက်ထရစ် သွင်းတယ်ဆိုပေမယ့် ဟွိုင်လန်းကလည်း ပွဲဦးထွက်ပွဲ ကစားခဲ့ပါတယ်။

ဘရိုက်တန်အတွက် ဖာဂူဆန် ကောင်းရင်ကောင်းမယ်၊ ယူနိုက်တက်အတွက်တော့ ကိုယ့်အသင်း ကစားသမား ကောင်းနေဖို့က အဓိကပါ။ ဟွိုင်လန်းက အထောင် တိုက်စစ်သမား စစ်စစ် မရှိတဲ့ ယူနိုက်တက်အတွက် ကစားသမားကောင်းပါ။

သူ ဘယ်လို အထိုင်ကျလာမလဲ မြင်ရဖို့က စိတ်ဝင်စားစရာပါပဲ။ ဒါပေမယ့် သူက မန်ချက်စတာ ယူနိုက်တက်အတွက် မှန်ကန်တဲ့ ပစ်မှတ်ဖြစ်မယ်လို့ ကျနော် ယုံပါတယ် ’ လို့ မှတ်ချက်ပေးသွားတာ ဖြစ်ပါတယ်။