ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်အတွက် လူစာရင်း အပြည့်အစုံကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
ဘာစီလိုနာဟာ အုပ်စု H မှာတော့ ပေါ်တူဂီကလပ် ပေါ်တို၊ ယူကရိန်းကလပ် ရှက်တာ၊ ဘယ်ဂျီယံကလပ် အန့်ဝပ်တို့ဖြင့် ကျရောက်နေကာ အုပ်စုဗိုလ်အဖြစ် ရှုံးထွက်ကို ရောက်ရှိမယ်လို့ ရေပန်းစားနေတာ ဖြစ်ပါတယ်။
ဂိုးသမားတွေအဖြစ် တာစတီဂန်၊ ပီနာ၊ အန်ဒရီ အာစတာလာဂါ၊ ဒီယေဂို ကိုချန်တို့ ပါဝင်လာတယ်။
ခံစစ်မှာတော့ မန်စီးတီးကနေ အငှားခေါ်ယူထားတဲ့ ကန်ဆယ်လို အပါအဝင် အာရာဂျို၊ ကွန်ဒယ်၊ ခရစ္စတန်ဆန်၊ မာတီနက်စ်၊ ဘယ်လ်ဒီ၊ အလွန်ဆို၊ ကူဘာစီတို့ဖြစ်ပါတယ်။
ကွင်းလယ်မှာတော့ ရိုမီယူ၊ ဒီဂျောင်း၊ ပီဒရီ၊ ဂါဗီ၊ ဂွမ်ဒိုဂန်၊ ဆာဂျီ ရော်ဘတ်တို၊ လိုပက်စ်၊ ကာဆာဒို၊ ဂါရီဒိုတို့ ပါဝင်လာပါတယ်။
တိုက်စစ်ကတော့ လီဝန်ဒေါစကီး၊ ဖီလစ်၊ ရာဖင်ဟာ၊ ယာမယ်၊ ဖာရန်တောရက်စ်နဲ့ အာလာကွန်တို့ဖြစ်ပါတယ်။
ချန်ပီယံလိဂ် အုပ်စုအဆင့် အဖွင့်ပွဲကိုတော့ နောက်လ စက်တင်ဘာလ ၁၉ ရက်နေ့မှာ စတင် ယှဉ်ပြိုင်ပါမယ်။ အုပ်စုအဆင့် နောက်ဆုံးပွဲကိုတော့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ယှဉ်ပြိုင်ကစားဖို့ ရှိပါတယ်။
ချန်ပီယံလိဂ် ဖိုင်နယ်ကိုတော့ အင်္ဂလန်၊ လန်ဒန်မြို့က ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
