ဒိုကူ၊ ရာမိုစ့်၊ ဒီပေါ အပါအဝင် ဥရောပကလပ်တွေနဲ့ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

မန်စီးတီးဟာ တိုက်စစ်ပိုင်း အင်အားဖြည့်ဖို့ ဘယ်ဂျီယံ လူငယ် တိုက်စစ်သမား ဒိုကူကို ယူရို သန်း ၆၀ ဝန်းကျင်ဖြင့် ခေါ်ယူသွားတော့မှာ ဖြစ်ပါတယ်။

ဘက်ဆစ်တက်အသင်းဟာ ပီအက်စ်ဂျီ ခံစစ်သမား ရာမိုစ့်ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။

မန်စီးတီး အစွန်လူ ကယ်ဆယ်လိုဟာ သိပ်မကြာတော့တဲ့ အချိန်မှာပဲ ဘာစီလိုနာထံ ပြောင်းရွှေ့သွားတော့မှာပါ။ ကနဦး အငှားဖြစ်ကာ အပြီးသတ် ခေါ်ယူခွင့် ထည့်သွင်းမှာ ဖြစ်ပါတယ်။

အက်သလက်တီကို ကွင်းလယ်လူ ဒီပေါကို ခေါ်ယူနိုင်ဖို့ Al Ahli အသင်းဘက်က ယူရို ၃၂ သန်း ဝန်းကျင်ဖြင့် ကမ်းလှမ်းတော့မှာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ နယူးအင်္ဂလန် ဂိုးသမား ပီထရိုဗစ်ကို ၇ နှစ်စာချုပ်ဖြင့် ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။

Al Ittihad အသင်းက စိတ်ဝင်စားနေပေမယ့် အာဆင်နယ်ဟာ ခံစစ်မှူး ဂါဘရီရယ်ကို ရောင်းချသွားမှာ မဟုတ်ပါဘူး။ ဂါဘရီရယ်ဟာ အာဆင်နယ်အတွက် ဒီရာသီ ပွဲအများကြီး ကစားရမှာပါလို့ အာတီတာက ပြောပါတယ်။

ပရီးမီးယားလိဂ် ကလပ်တွေနဲ့ သတင်းထွက်ခဲ့တဲ့ ဗီဂါဟာ နာပိုလီ အသင်းထံ ပြောင်းရွှေ့မှု ပျက်ပြယ်ဖွယ် ရှိနေပါတယ်။ နာပိုလီက ၎င်းကို ယူရို ၃၆ သန်းဖြင့် ခေါ်ယူဖို့ သဘောတူထားခဲ့ပေမယ့် ရှုပ်ထွေးမှုတွေ ရှိလာခဲ့ပါတယ်။

လီဗာပူးနဲ့ မန်ယူနိုက်တက်တို့ ခေါ်ယူလိုနေတဲ့ ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ကို ဒီနွေမှာ ရောင်းချဖို့ ဘိုင်ယန်မြူးနစ်ဘက်က ဆုံးဖြတ်လိုက်ပါပြီ။

မန်ချက်စတာ ယူနိုက်တက်ဟာ မက်ဂွဲရားနဲ့ တော်မီနေးတို့ကို ရောင်းချနိုင်ခြင်း မရှိပါက လူသစ် တစ်ဦး ထပ်မံ ခေါ်ယူနိုင်ဖို့ မသေချာပါဘူး။

ဘိုင်ယန်မြူးနစ်ဟာ ခံစစ်သမား ပါဗက်ကို အင်တာမီလန်ထံ ရောင်းချသွားမှာဖြစ်ကာ အစားထိုးဖို့ လူသစ် ရှာဖွေမှု စတင်နေပါပြီ။

လီဗာပူးအသင်းဟာ ဖီအိုရင်တီးနား ကွင်းလယ်လူ အမရာဘတ်ကို ခေါ်ယူခွင့်ရပေမယ့် စတုဂတ် အသင်းခေါင်းဆောင် အန်ဒိုကိုပဲ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။