ဖီလစ်၊ ဂရာဗင်ဘက်ချ် အပါအဝင် ဥရောပထိပ်သီးတွေရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

အဲဗာတန်အသင်းဟာ ချန်ပီယံရှစ်ကလပ် ဆောက်သမ်တန် အသင်းမှ တိုက်စစ်သမား ချီအဒမ်အတွက် ပေါင် ၁၂ သန်းဖြင့် ကမ်းလှမ်းလိုက်ပြီ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ စတုဂတ် ကွင်းလယ်လူ အန်ဒိုကို ဆေးစစ်မှု ပြီးမြောက်ခဲ့ပြီဖြစ်ကာ တရားဝင် လက်မှတ်ထိုးဖို့နဲ့ ကစားသမားသစ်အဖြစ် ကြေညာမှု ပြုလုပ်ဖို့ပဲ လိုအပ်ပါတော့တယ်။

အက်သလက်တီကို တိုက်စစ်သမား ဖီလစ်ဟာ ယူရို ၈ သန်း ဝန်းကျင် ကျသင့်မယ့် တစ်ရာသီအငှားဖြင့် ဘာစီလိုနာထံ ရောက်ရှိဖို့ နီးစပ်နေပါပြီ။

ချယ်ဆီး၊ စပါးနဲ့ အင်္ဂလန်ကလပ်တွေ အလိုရှိနေတဲ့ Brennan Johnson ကို ဖောရက်စ်မှာပဲ ဆက်ထိန်းထားဖို့ နည်းပြကူပါက ဆန္ဒရှိပါတယ်။

ချယ်ဆီးအသင်းဟာ ညာအစွန်လူ ရိစ်ဂျိမ်းကို တံကောက်ကြော ဒဏ်ရာကြောင့် လအတန်ကြာ လက်လွတ်သွားရဖို့ ရှိနေပါတယ်။

မန်စီးတီး၊ စပါးနဲ့ ဝက်စ်ဟမ်းတို့ဟာ ပြင်သစ်ကလပ် ရီးနက်အသင်းမှ ဒိုကူကို ခေါ်ယူရေး အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ဟာ ဂရာဗင်ဘက်ချ်ကို ခေါ်ယူရေး ဘိုင်ယန်မြူးနစ်နဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြပါတယ်။

တင်ဘာ ဒဏ်ရာရသွားတာကြောင့် အာဆင်နယ်ဟာ ဒီနွေမှာ အစွန်သမား အသစ် ထပ်မံ ခေါ်ယူဖို့ စျေးကွက်ထဲ ပြန်ဝင်လာဦးမှာပါ။

မီထရိုဗစ်ကို ဆော်ဒီလိဂ်ထံ လက်လွတ်ရမယ်ဆိုရင် အာဆင်နယ် တိုက်စစ်သမား ဘာလိုဂန်ဖြင့် ပြန်လည် အစားထိုးဖို့ ဖူလ်ဟမ်အသင်းဘက်က ရည်မှန်းနေပါတယ်။

ယူနိုက်တက်နဲ့ ဖောရက်စ် ကစားသမားဟောင်း လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းမှာ လေ့ကျင့်ရေး ဆင်းနေပြီး ကာလတို စာချုပ်ဖြင့် လက်မှတ်ထိုးဖွယ် ရှိပါတယ်။