ယူနိုက်တက်က ဝုဗ်ကို ၁-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ကာဆီမီရို အပါအဝင် ယူနိုက်တက် ကွင်းလယ်ဟာ အတော်လေး လိုအပ်ချက်များခဲ့တယ်လို့ နဗီးက ဝေဖန်လိုက်ပါတယ်။
ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ အမရာဘတ်လို ဘောလုံးပေးနိုင်စွမ်း မြင့်မားတဲ့ ကစားသမားမျိုး လိုအပ်နေကြောင်းလည်း သူက ထောက်ပြခဲ့တယ်။ ယူနိုက်တက်ဟာ မနက်ကပွဲမှာ ကံကောင်းလွန်းလို့ အနိုင် ၃ မှတ် အပြည့်ရခဲ့တာ ဖြစ်ပါတယ်။
‘ ယူနိုက်တက်က ကစားသမားတစ်ဦး ခေါ်ယူဖို့ ကြိုးစားနေတယ်၊ အဲ့အတွက် အမရာဘတ်ကို ကြိုးစားနေတယ်လို့ ယုံကြည်ရပါတယ်။ ကာဆီမီရိုနဲ့ တွဲကစားဖို့ပေါ့။ ကာဆီမီရိုကို နည်းပြတန်ဟက်က နေရာက ဖယ်လိုက်မလား မသိပါဘူး။ ဒါပေမယ့် အကြောင်းရင်း တစ်ချက်အတွက် အမရာဘတ်ကို ကြိုးစားလိုနေပါတယ်။
နည်းပြတန်ဟက် ဆုံးဖြတ်ခဲ့တာ တစ်ခုကတော့ ဖရတ်နဲ့ တော်မီနေးတို့က ဘောလုံးနဲ့အတူ ကစားဖို့ရာ နည်းစနစ်ပိုင်း မလုံလောက်ဘူးလို့ သူယူဆတာပါ။ သူက အသင်းက လူတိုင်းကို ဘောလုံး လက်ခံယူစေချင်တာပါ။ အမရာဘတ် ရောက်လာခဲ့ရင် သူက ဘောလုံးပေးနိုင်ရမှာဖြစ်ပြီး ကာဆီမီရိုနဲ့အတူ ကွင်းလယ် အထိုင်မှာ ကစားရပါမယ်။
ဒီညပွဲမှာ ကာဆီမီရိုက လုံးဝ မကောင်းခဲ့ပါဘူး။ ယူနိုက်တက်ရဲ့ ကွင်းလယ်က ပျောက်ကွယ်နေခဲ့ပါတယ်။ ဝုဗ်က သိပ်ကောင်းပြီး ယူနိုက်တက် ကွင်းလယ် မကောင်းတာဟာ နည်းပြတန်ဟက်အတွက် စိတ်ပူစရာပါပဲ။
ဝုဗ်က သိပ်ကောင်းပြီး သွင်းဂိုးကလွဲရင် သူတို့ အားလုံးကို လုပ်နိုင်ခဲ့ပါတယ်။ သူတို့ ၃ မှတ်ရသွားတာ သိပ်ကို ကံကောင်းပါတယ်။ တကယ်ဆိုရင် နိုင်ဖို့ မထိုက်တန်ခဲ့ပါဘူး ’ လို့ ဂယ်ရီနဗီးက မှတ်ချက်ပေးလိုက်တာ ဖြစ်ပါတယ်။
