လီဗာပူးအသင်းဟာ လိုက်ဇစ်ကနေ ကွင်းလယ်တိုက်စစ်သမား ဆိုဘိုစလိုက်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ ဖြင့် ခေါ်ယူနိုင်ကြောင်း တရားဝင် ကြေညာခဲ့ပြီ ဖြစ်ပါတယ်။
ဒါဟာ မက်ကယ်လစ္စတာကို ပေါင် ၃၅ သန်းဖြင့် ခေါ်ယူပြီးတဲ့နောက် ဒီနွေမှာ ယာဂင်ကလော့ပ်တို့ ဒုတိယမြောက် လူသစ် စုဆောင်းနိုင်ခြင်း ဖြစ်ပါတယ်။ နောက်ထပ် ခေါ်ယူမှုဟာ ဘယ်လို ကစားသမားဖြစ်လာနိုင်သလဲအတွက် မာဆေးဆိုဒ် ကစားသမားဟောင်း ကာရေဂါက မှတ်ချက်ပေးပါတယ်။
ကာရေဂါက ” ကျနော်ကတော့ လီဗာပူးက အနည်းဆုံး ခံစစ်မှူး ၁ ဦးတော့ ခေါ်ယူဖို့ လိုမယ် ထင်ပါတယ်။ ခံစစ်မှူး တစ်ဦးလား ဒါမှမဟုတ် အစွန်ခံစစ်သမားလားတော့ အခြေအနေ စောင့်ကြည့်ရမှာပေါ့။
မနှစ်ကရာသီကုန်ခါနီး အသုံးပြုခဲ့တဲ့ စနစ်ကို လီဗာပူးအသင်း ဆက်ပြီး ကစားဦးမလား ဆိုတာကလည်း တကယ်ကို စိတ်ဝင်စားစရာပါပဲ။ သူတို့က ဒီနွေစျေးကွက်မှာ ကစားသမားသစ် ၃ ယောက်လောက်တော့ ခေါ်မှာပါ။ ” လို့ ထင်မြင်ချက် ပေးခဲ့တာ ဖြစ်ပါတယ်။
မနှစ်ကရာသီကုန်ခါနီးမှာ လီဗာပူးက ၄-၃-၃ ပုံစံကို ခင်းပေမယ့်လို့ ထရန့်ကို ကွင်းလယ် နံပါတ် ၆ နေရာကို ဝင်စေခဲ့တာနဲ့အတူ ၃ ယောက်တန်း ခံစစ်ပုံစံ ပြောင်းလဲသွားခဲ့တာပါ။ ကလော့ပ်ကတော့ ဘယ်ခြမ်း ဗဟိုခံစစ်မှူးသစ် တစ်ဦးကို ခေါ်ယူကာ သူ့စနစ်ကို အားဖြည့်လိုနေတာ ဖြစ်ပါတယ်။
