[Zawgyi] ဖယ္လာနီရဲ႕ အိုထရတ္ဖိုဒ့္ ကစားသမားဘဝဟာ 5 ႏွစ္ခြဲ ၾကာျမင့္ခဲ့တဲ့ေနာက္ အဆံုးသတ္သြားေတာ့မွာပါ။ ယူႏိုက္တက္နဲ႔ တရုတ္စူပါလိဂ္မွာ တတိယေနရာမွာ ရွိေနတဲ့ Shandong Luneng တို႔ဟာ အေျပာင္းအေရႊ႔ကိစၥ သေဘာတူညီမႈ ရထားခဲ့ျပီျဖစ္ပါတယ္။ ဖယ္လိုင္နီ ေလဆိပ္ကို ေရာက္ရွိေနတဲ့ ပံုလည္း သူကိုယ္တိုင္ အင္စတာဂရမ္က တဆင့္တင္သြားျပီ ျဖစ္ပါတယ္။
The Times သတင္းစာက ေဖာ္ျပမႈအရ အသက္ 31 ႏွစ္အရြယ္ ကြင္းလယ္လူ ဖယ္လာနီဟာ Shandong အသင္းနဲ႔ လက္မွတ္ထိုးမႈကေန ယူႏုိက္တက္မွာ သူရေနတဲ့ တစ္ပတ္လုပ္ခ ေပါင္ 140,000 ထက္ ပိုရမွာျဖစ္ပါတယ္။ ကလပ္ႏွစ္သင္းၾကား ေျပာင္းေရႊ႔ေၾကး သေဘာတူညီမႈ ရထားေပမယ့္လည္း 2013 ခုႏွစ္က အဲဗာတန္ကေန ေပါင္ 27.5 သန္းနဲ႔ ေခၚယူခဲ့တဲ့ ဘယ္ဂ်ီယံသားရဲ႕ တရားဝင္ ေျပာင္းေရႊ႔ေၾကးကို ယူႏုိက္တက္ဘက္က မထုတ္ျပန္ပါဘူး။
မႏွစ္က ေႏြမွာေတာ့ ယူႏိုက္တက္မန္ေနဂ်ာေဟာင္း ေမာ္ရင္ညိဳဟာ ဖယ္လာနီကို ႏွစ္ႏွစ္စာခ်ဳပ္တစ္ေစာင္ ေပးခဲ့တာျဖစ္တယ္။ အရပ္အေမာင္းျမင့္မားတဲ့ ဖယ္လာနီဟာ ေမာ္ရင္ညိဳ စိတ္ၾကိဳက္ ကစားသမားတစ္ဦး ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္လို႔ ပိုမိုျမန္ဆန္ျပီး ပိုမိုဆြဲေဆာင္မႈရွိတဲ့ တိုက္စစ္ကစားဟန္ကို ဆိုးရွား က်င့္သံုးမႈမွာေတာ့ ဖယ္လာနီဟာ ေနရာေပ်ာက္ခဲ့တာျဖစ္တယ္။
ဆိုးရွား ယူႏိုက္တက္ကို ကိုင္တြယ္လာတာဟာ 9 ပြဲ ရွိခဲ့ျပီျဖစ္ျပီး ဖယ္လာနီဟာ 31 မိနစ္စာပဲ ပြဲထြက္ခြင့္ရခဲ့တာျဖစ္တယ္။ တရုတ္ကလပ္နဲ႔ သေဘာတူညီမႈရေပမယ့္ စူပါလိဂ္ရဲ႕ အေျပာင္းအေရႊ႔ ေစ်းကြက္က ေဖေဖာ္ဝါရီလ 28 ရက္မွ ကုန္ဆံုးမွာပါ။ ဒါေၾကာင့္ ေျခသလံုးဒဏ္ရာေၾကာင့္ ကုသမႈေတြ ခံယူေနရတဲ့ ဖယ္လာနီဟာ ယူႏိုက္တက္မွာပဲ ေဖေဖာ္ဝါရီ အေစာပိုင္းအထိ ဆက္ရွိေနဦးမွာျဖစ္ပါတယ္။

တရုတ္ျပည္ အေရွ႔ျခမ္းက Jinan အေျခစိုက္ကလပ္ Shandong အသင္းဟာ ပရိသတ္ 56,808 ဝင္ဆံ့တဲ့ ကြင္းၾကီးကို ပိုင္ဆိုင္ထားတာပါ။ အဆိုပါ ကလပ္ဟာ 2016 ဂ်ဴလိုင္လမွာ ေဆာက္တမ္တန္ကစားသမား ပီလီကို လက္မွတ္ထိုး ေခၚယူမႈ ျပဳလုပ္ခဲ့ဖူးပါတယ္။
ဖယ္လာနီနဲ႔ တရုတ္ကလပ္ၾကား အေျပာင္းအေရႊ႔ဟာ တရုတ္ႏွစ္သစ္ကူး မတိုင္ခင္ ျပီးျပတ္သြားဖို႔ေတာ့ ရွိေနတယ္။ တရုတ္ကလပ္ဟာ ဖယ္လာနီအတြက္ ယူႏုိက္တက္ကို ေပါင္ 7 – 10 သန္းနီးပါး ေပးေခ်ခဲ့ရတာျဖစ္ပါတယ္။
Sports Home Time

[Unicode] ဖယ်လာနီရဲ့ အိုထရတ်ဖိုဒ့် ကစားသမားဘဝဟာ 5 နှစ်ခွဲ ကြာမြင့်ခဲ့တဲ့နောက် အဆုံးသတ်သွားတော့မှာပါ။ ယူနိုက်တက်နဲ့ တရုတ်စူပါလိဂ်မှာ တတိယနေရာမှာ ရှိနေတဲ့ Shandong Luneng တို့ဟာ အပြောင်းအရွှေ့ကိစ္စ သဘောတူညီမှု ရထားခဲ့ပြီဖြစ်ပါတယ်။ ဖယ်လိုင်နီ လေဆိပ်ကို ရောက်ရှိနေတဲ့ ပုံလည်း သူကိုယ်တိုင် အင်စတာဂရမ်က တဆင့်တင်သွားပြီ ဖြစ်ပါတယ်။
The Times သတင်းစာက ဖော်ပြမှုအရ အသက် 31 နှစ်အရွယ် ကွင်းလယ်လူ ဖယ်လာနီဟာ Shandong အသင်းနဲ့ လက်မှတ်ထိုးမှုကနေ ယူနိုက်တက်မှာ သူရနေတဲ့ တစ်ပတ်လုပ်ခ ပေါင် 140,000 ထက် ပိုရမှာဖြစ်ပါတယ်။ ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု ရထားပေမယ့်လည်း 2013 ခုနှစ်က အဲဗာတန်ကနေ ပေါင် 27.5 သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဘယ်ဂျီယံသားရဲ့ တရားဝင် ပြောင်းရွှေ့ကြေးကို ယူနိုက်တက်ဘက်က မထုတ်ပြန်ပါဘူး။
မနှစ်က နွေမှာတော့ ယူနိုက်တက်မန်နေဂျာဟောင်း မော်ရင်ညိုဟာ ဖယ်လာနီကို နှစ်နှစ်စာချုပ်တစ်စောင် ပေးခဲ့တာဖြစ်တယ်။ အရပ်အမောင်းမြင့်မားတဲ့ ဖယ်လာနီဟာ မော်ရင်ညို စိတ်ကြိုက် ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ပိုမိုမြန်ဆန်ပြီး ပိုမိုဆွဲဆောင်မှုရှိတဲ့ တိုက်စစ်ကစားဟန်ကို ဆိုးရှား ကျင့်သုံးမှုမှာတော့ ဖယ်လာနီဟာ နေရာပျောက်ခဲ့တာဖြစ်တယ်။
ဆိုးရှား ယူနိုက်တက်ကို ကိုင်တွယ်လာတာဟာ 9 ပွဲ ရှိခဲ့ပြီဖြစ်ပြီး ဖယ်လာနီဟာ 31 မိနစ်စာပဲ ပွဲထွက်ခွင့်ရခဲ့တာဖြစ်တယ်။ တရုတ်ကလပ်နဲ့ သဘောတူညီမှုရပေမယ့် စူပါလိဂ်ရဲ့ အပြောင်းအရွှေ့ ဈေးကွက်က ဖေဖော်ဝါရီလ 28 ရက်မှ ကုန်ဆုံးမှာပါ။ ဒါကြောင့် ခြေသလုံးဒဏ်ရာကြောင့် ကုသမှုတွေ ခံယူနေရတဲ့ ဖယ်လာနီဟာ ယူနိုက်တက်မှာပဲ ဖေဖော်ဝါရီ အစောပိုင်းအထိ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။
တရုတ်ပြည် အရှေ့ခြမ်းက Jinan အခြေစိုက်ကလပ် Shandong အသင်းဟာ ပရိသတ် 56,808 ဝင်ဆံ့တဲ့ ကွင်းကြီးကို ပိုင်ဆိုင်ထားတာပါ။ အဆိုပါ ကလပ်ဟာ 2016 ဂျူလိုင်လမှာ ဆောက်တမ်တန်ကစားသမား ပီလီကို လက်မှတ်ထိုး ခေါ်ယူမှု ပြုလုပ်ခဲ့ဖူးပါတယ်။
ဖယ်လာနီနဲ့ တရုတ်ကလပ်ကြား အပြောင်းအရွှေ့ဟာ တရုတ်နှစ်သစ်ကူး မတိုင်ခင် ပြီးပြတ်သွားဖို့တော့ ရှိနေတယ်။ တရုတ်ကလပ်ဟာ ဖယ်လာနီအတွက် ယူနိုက်တက်ကို ပေါင် 7-10 သန်းနီးပါး ပေးချေခဲ့ရတာဖြစ်ပါတယ်။
Sports Home Time
