ဟယ်ရီကိန်းကို ပြန်လည် စိတ်ဝင်စားနိုင်ခြင်း၊ ဖရတ်အတွက် စျေးသတ်မှတ်ပေးခြင်း၊ ဇီဒန်းအစ်ဘယ်ကို ယူရို ၁ သန်းဖြင့် ရောင်းချခြင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းများ

ဟယ်ရီကိန်း

တိုက်စစ်မှူး ဟယ်ရီကိန်းက သူ့ကို မန်ချက်စတာ ယူနိုက်တက်ဘက်က ပြန်ပြီး စိတ်ဝင်စားလာဖို့ မျှော်လင့်နေပါတယ်။ နည်းပြတန်ဟက်က အင်္ဂလန်သား တိုက်စစ်မှူးကို သဘောကျပေမယ့် စပါးဥက္ကဋ္ဌ လီဗိုင်းရဲ့ တင်းမာလွန်းတဲ့ စျေးတောင်းဆိုမှုကြောင့် နောက်ဆုတ်ထားရတာပါ။

လီဗိုင်းဟာ ကိန်းအတွက် ပေါင် သန်း ၁၀၀ တောင်းဆိုနေသလို စာချုပ်သစ် ပေးနိုင်မယ်လို့လည်း ယုံကြည်ချက် ရှိနေတယ်။ တိုက်စစ်သမားက အသင်းပြောင်းဖို့ စိတ်အားထက်သန်နေကာ သူ့ရဲ့ ပြောင်းရွှေ့ကြေးကို လျော့ချပေးမယ် မျှော်လင့်နေပါတယ်။

ဖရတ်

မန်ချက်စတာ ယူနိုက်တက်က ဖူလ်ဟမ်အသင်း အလိုရှိနေတဲ့ ကွင်းလယ်လူ ဖရတ်ကို ဒီနွေမှာ ရောင်းထုတ်ပေးသွားမှာပါ။ အိုးထရတ်ဖိုဒ့်မှာ စာချုပ် တစ်နှစ်ပဲကျန်တဲ့ ဘရာဇီး ကွင်းလယ်လူဟာ ဒီနွေ လူစာရင်း ပြန်တည်ဆောက်ရေးမှာ ရှင်းထုတ်မှုထဲ ပါဝင်သွားပါမယ်။

ယူနိုက်တက်က ကွင်းလယ်လူအတွက် ပေါင် သန်း ၂၀ ပဲ တောင်းဆိုပေမယ့် အဲ့ပမာဏဟာ ဖူလ်ဟမ်အတွက်တော့ များလွန်းနေဆဲပါ။ ဒါပေမယ့် နည်းပြ မာကိုစ်ဆေးဗားကတော့ အပြောင်းအရွှေ့ ဖြစ်မြောက်လာမယ် ယုံကြည်နေပါတယ်။

ဇီဒန်းအစ်ဘက်

နယ်သာလန်ကလပ် FC Utrecht အသင်းဟာ မန်ချက်စတာ ယူနိုက်တက် လူငယ်ကြယ်ပွင့် ဇီဒန်းအစ်ဘယ်ကို လက်မှတ်ထိုးဖို့ သဘောတူညီမှု ရခဲ့ပါပြီ။ အသက် ၂၀ အရွယ် ကစားသမားဟာ ယူရို ၁ သန်းဖြင့် ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။

အိုနာနာ

ဒီဂီယာရဲ့ အနာဂတ်ကို ပြေလည်အောင် မလုပ်နိုင်သေးတဲ့ မန်ယူနိုက်တက်ဟာ ဂိုးသမားနေရာ အစားထိုးဖို့ ဖြစ်လာခဲ့မယ်ဆိုရင် အင်တာမီလန်ကနေ အိုနာနာကို ခေါ်ယူဖို့အား ထိပ်တန်း ပစ်မှတ်အဖြစ် ရည်ရွယ်ထားပါတယ်။

အိုဆင်ဟမ်

တိုက်စစ်မှူးသစ် ရှာဖွေမယ့် မန်ချက်စတာ ယူနိုက်တက်ဟာ နာပိုလီ တိုက်စစ်သမား အိုဆင်ဟမ် ကို ခေါ်ယူရေးအတွက် မှန်ကန်တဲ့ အချိန်ကို စောင့်ဆိုင်းသွားမှာပါ။ စီးရီးအေကလပ်ရဲ့ ဥက္ကဋ္ဌဟာ အပြောင်းအရွှေ့တွေ့မှာ စကားပြောရ ခက်ခဲသူအဖြစ် နာမည်ကြီးပါတယ်။