ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်၊ ဒေါ့မွန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်မှာ မဟုတ်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယနေရာက ရာသီသိမ်းခြင်းနဲ့အတူ ၆ နှစ်ကြာ ဝေးကွာနေတဲ့ ဥရောပ ထိပ်ဆုံးအဆင့် ပြိုင်ပွဲထံ ပြန်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိ ယူအီးအက်ဖ်အေ အဆင့်ခွဲမှုအရ အာဆင်နယ်ဟာ POT TWO နေရာမှာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် အမှတ်ပေးချန်ပီယံတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ နာပိုလီတို့နဲ့ တစ်အုပ်စုတည်း ထိပ်တိုက်တွေ့နိုင်တဲ့ အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ်၊ ဒေါ့မွန်နဲ့ ပေါ်တိုတို့ကို ပြိုင်ဘက်အဖြစ် တွေ့ဆုံမှာ မဟုတ်ပါဘူး။

UEFA coefficient ranking တွေကို အပြီးသတ် အတည်မပြုနိုင်သေးပေမယ့်လို့ စီးရီးအေကလပ် အေစီမီလန်နဲ့ လာဇီယိုတို့က Pot 3 မှာ ရပ်တည်နေတာမို့ အာဆင်နယ်ရဲ့ ပြိုင်ဘက်တွေထဲမှာ အင်အားတောင့်တင်းတဲ့ ပြိုင်ဘက်အချို့လည်း ပါဝင်လာနိုင်ပါတယ်။

နောက်ရာသီ စတင်ချိန်မှ အချို့သော ကလပ်တွေရဲ့ မဲအိုးတွေကို သိရမှာဖြစ်ပြီး လက်တလောထိ သိထားရတဲ့ မဲအိုး နံပါတ်နဲ့ ကလပ်တွေကို ဖော်ပြသွားပါမယ်။

Pot 1: မန်စီးတီး၊ ဘာစီလိုနာ၊ ရိုးမား (သို့) ဆီးဗီးလာ၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ နာပိုလီ၊ ဘင်ဖီကာ။

Pot 2: ရီးရဲလ်မက်ဒရစ်၊ မန်ယူနိုက်တက်၊ အာဆင်နယ်၊ ဒေါ့မွန်၊ အက်သလက်တီကို မက်ဒရစ်၊ လိုက်ဇစ်၊ ပေါ်တို။

Pot 3: ဆဲလ်ဘက်၊ အေစီမီလန်၊ လာဇီယို၊ ကာဗာနာ။

Pot 4: ယူနီယံ ဘာလင်၊ လန့်စ်။

မဲအိုး မသေချာသေးတဲ့ ကလပ်များ – အင်တာမီလန် (1 or 2)၊ ဖီယင်နု (1 or 3)၊ ရှက်တာဒိုးနက် (2 or 3)၊ နယူးကာဆယ် (3 or 4)၊ ဆဲလ်တစ် (3 or 4)၊ ဆိုစီဒက် (3 or 4)။