မနေ့ညကပွဲမှာ အာဆင်နယ်တို့ ရှုံးပွဲတွေ့သွားတာကြောင့် ပရီမီးယားလိဂ် လက်ကျန် ၃ ပွဲ ကစားဖို့ ရှိချိန်မှာပဲ မန်စီးတီးက ၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာပါတယ်။
ဘရိုက်တန် ကွင်းလယ်လူ အယ်လစ္စတာကို ခေါ်ယူဖို့ လီဗာပူးအသင်းက ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့ပြီလို့ သိရပါတယ်။
နယူးကာဆယ် အသင်းဟာ နွေရာသီမှာ အာဆင်နယ်ကနေ ထွက်ခွာတော့မယ့် နောက်ခံလူ တီယာနေးကို ခေါ်ယူဖို့ ရေပန်းစား နေပါတယ်။
တီယာနေးဟာ ဇင်ချန်ကို ရောက်လာပြီးကတည်းက အာဆင်နယ်မှာ နေရောပျောက်သွားပြီး ကစားချိန်ပိုရဖို့ အသင်း ကနေ ထွက်ခွာချင်နေတာပါ။ ဒါပေမယ့် နယူးကာဆယ်ဟာ စကော့တလန် နောက်ခံလူအတွက် အက်စ်တွန် ဗီလာနဲ့ ပြိုင်ဆိုင်ခေါ်ယူရမှာပါ။
ရီးရဲလ်မက်ဒရစ်ဟာ ဘယ်လင်ဟမ်ကို ခေါ်ယူမယ့် စာချုပ်တစိတ်တပိုင်း အနေနဲ့ ဘရာဟင်ဒီယက်ဇ်ကို အလိုက်ပေး ကမ်းလှမ်းသွားမှာ မဟုတ်ပါဘူး။ မက်ဒရစ်က ဘယ်လင်ဟမ်အတွက် ခေါ်ဈေးကို လျှော့ချဖို့အတွက် ကစားသမား အလိုက်ပေးမှု ထည့်သွင်းလိုနေတာပါ။

စပါးဟာ ချယ်ဆီးဂိုးသမား မန်ဒီကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ မြောက်လန်ဒန် ကလပ်ဟာ ဟူဂိုလိုရစ်အတွက် အစားထိုးစရာဖြစ် မန်ဒီကို မျက်စိကျနေတာပါ။
လီဗာပူးဟာ ဘိုင်ယန်ကွင်းလယ်လူ ဂျိုရှူဝါကင်မစ်ချ်အတွက် အပြောင်းအရွှေ့ ချိတ်ဆက်နေပါတယ်။ နွေရာသီမှာ ယူရို သန်း ၆၀ နဲ့ ရမယ့် ဂျာမန်ကွင်းလယ်လူအတွက် အာဆင်နယ်ကလည်း အပြိုင်ကြိုးစားဦးမှာပါ။
ဆာဘစ်ဇာရဲ့ အနာဂတ်က ဘယ်လိုပဲဖြစ်ဖြစ် ယူနိုက်တက်ဟာ အနည်းဆုံး ကွင်းလယ်လူသစ်တစ်ယောက် ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တိုက်စစ်မှူး အသစ် တစ်ယောက်က အဓိက ဦးစားပေးဖြစ်ပေမယ့်လဲ ကွင်းလယ်လူသစ်ဟာလည်း နောက်ရာသီ တန်ဟက်ရဲ့ အစီအစဉ်တွေမှာ အရေးပါနေတာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ နွေရာသီမှာ ပီအက်စ်ဗွီ ကွင်းလယ်လူ ဇာဗီဆင်မွန်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ပြသခဲ့ပါတယ်။ ဂန်းနားတွေ ဟာ အရည်အသွေးရှိ ကွင်းလယ် ရွေးချယ်စရာတွေ ရှာဖွေနေတာပါ။
လီဗာပူးအသင်းဟာ ဖာမင်နို၊ မီလ်နာ အပါအဝင် စီနီယာ ၄ ဦးကို နှုတ်ဆက်မှု ပြုလုပ်ခဲ့ပြီဖြစ်ကာ လာမယ့်ရာသီ ကလပ်ကို သွေးသစ်လောင်းဖို့ ခြေလှမ်းတစ်ခု စတင်လိုက်ပါတယ်။

ရက်ဖို့ဒ်ဟာ ယူနိုက်တက်မှာ ဆက်နေချင်ပြီး ကလပ်ကလည်း သူ့ကို အလိုရှိတာကြောင့် စာချုပ်သစ်အတွက် ဆွေးနွေးသွားမှာ ဖြစ်ကြောင်း အဲရစ်တန်ဟက်က အတည်ပြုခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းက မော်ရင်ညိုကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတာကြောင့် ရာသီကုန်မှာ မော်ရင်ညို ထွက်သွားမှာကို ရိုးမား ကစားသမားတွေက စိုးရိမ်နေကြပါတယ်။
ချယ်ဆီးဟာ ဂျူဗင်တပ်ရဲ့ ဒူဆန် ဗလာဟိုဗစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ တိုက်စစ်မှူးတစ်ယောက်ရှာဖွေနေတဲ့ ချယ်ဆီးက ဗလာဟိုဗစ်အတွက် ကမ်းလှမ်းမှုလုပ်ထားတဲ့ ကလပ်၃သင်းထဲ အပါအဝင် ဖြစ်ပါတယ်။
