ဒီအပတ် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ဝါရင့် သုံးသပ်သူကြီး ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်း ရလဒ်တွေကို ဖော်ပြသွားပါမယ်။
အာဆင်နယ် Vs ဆောက်သမ်တန်
ဖလားပြိုင်ပွဲမှာ အရေးပါတဲ့ပွဲဖြစ်ပြီး အာဆင်နယ်တို့ နိုင်ပွဲပြန်ရှာဖွေဖို့ လိုနေပါတယ်။ အရင်တုန်းက နောက်ဆုံးမိနစ် ဂိုးတွေနဲ့ နိုင်ခဲ့တဲ့ သူတို့ဟာ အခုတော့ ကံတရားရဲ့ မျက်နှာလွှဲခံထားရပြီး နောက်ကျဂိုးတွေ ပြန်ပေးနေရတာပါ။
သူတို့ကစားပုံက မကောင်းလို့မဟုတ်ပဲ ရာသီအစမှာ သူတို့ကောင်းခဲ့တဲ့ ကံတွေအတွက် ပြန်ပေးဆပ်နေရသလိုပါပဲ။ ဘူကာယို ဆာကာက ယူရိုမှာ ပင်နယ်တီလွဲပြီးနောက်ပိုင်း ရဲရင့်စွာနဲ့ ပင်နယ်တီတာဝန်ကို ဆက်ယူခဲ့ပါတယ်။ ပင်နယ်တီလွဲတတ်တာ မဆန်းပါဘူး။ နောက်ရလာမယ့် ပင်နယ်တီကို သူမကန်ရရင်တော့ အံ့ဩမိမှာပါ။
ဒီရာသီမှာ လမ်းကြောင်းမှန်ပေါ် ပြန်တက်လာဖို့ ပွဲတစ်ပွဲ ရွေးရမယ်ဆိုရင် ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ကစားရမယ့်ပွဲပါပဲ။ ဒီရာသီမှာ အာဆင်နယ် ဖလားရသွားမယ်လို့ ကျွန်တော်ထင်နေဆဲပါ။ ဒီပွဲကို သူတို့ နိုင်သင့်ပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၃-၀ ဆောက်သမ်တန်
လီဗာပူး Vs ဖောရက်
အဝေးကွင်း ညံ့လွန်းတဲ့ ဖောရတ်ကြောင့် ဒီပွဲက ခန့်မှန်းရ သိပ်လွယ်ပါတယ်။ ထရန့်က အင်္ဂလန်မှာ အကောင်းဆုံး ဘောလုံးပေးပို့သူပါ။ သူက ဘောလုံးကို တကွင်းလုံး ဖြန့်ပေးနိုင်တယ်။ ၆ ပဲနိ ပြားလို နေရာကျဉ်းလေးပေါ်မှာတောင် လုပ်ပြနိုင်ပါတယ်။ သူက စိတ်ချရတဲ့ ပေးပို့မှုတွေလောက်နဲ့ ကစားသူ မဟုတ်ဘဲ အသင်းလေးတွေနဲ့တွေ့ရင် ဝုန်းဒိုင်းကြဲပစ်မှာပါ။ သူ့ရဲ့ ပေးပို့မှုတွေက လီဗာပူးမှာ အကောင်းဆုံးပါပဲ။
ဂျိုတာဟာ ပြီးခဲ့တဲ့အပတ်က ၂ဂိုး သွင်းယူခဲ့တယ်။ လီဗာပူးဟာ ဒဏ်ရာတွေ အများကြီး ကြုံခဲ့ရပေမယ့် အခုတော့ ကစားသမားအးလုံး ပြန်လာနေပါပြီ။ ပြီးခဲ့တဲ့ အပတ်က ဂိုးပြတ်ရလဒ်ကြောင့် လီဗာပူးဟာ အတက်ကြွဆုံး အနေအထားမှာ ရှိနေတာပါ။ ဒီပွဲကို လီဗာပူးနိုင်ဖို့ကလွဲရင် ဘာမှမဖြစ်နိုင်ပါဘူး။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ လီဗာပူး ၄-၀ ဖောရက်
နယူးကာဆယ် Vs စပါး
ဒီပွဲကို အရေးနိမ့်မယ်ဆိုရင် နယူးကာဆယ်အတွက် အချက်ပေးသံတွေ ညံလာပါလိမ့်မယ်။ သူတို့ရဲ့ အဆင့်အတန်းကို ဒီပွဲမှာ ပြရမှာပါ။ နယူးကာဆယ်က ရလဒ်ကြီး လိုအပ်နေပြီး ဒီအပတ် တော်တင်ဟမ်တို့ကို ရင်ဆိုင်ပြီး သူတို့ လုပ်ပြပါလိမ့်မယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ နယူးကာဆယ် ၂-၁ စပါး
အခြားပွဲစဉ်များ အတွက် ပေါမာဆန် ခန့်မှန်းရလဒ်များ
- Fulham 2-1 Leeds
- Brentford 2-2 Aston Villa
- Crystal Palace 2-0 Everton
- Leicester 2-1 Wolves
- Bournemouth 2-0 West Ham
